iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္မ တို ့ျမန္မာျပည္ တြင္ ေခတ္ေရစီးေၾကာင္းအလိုက္၊ ေနထိုင္မႈစံနစ္ေျပာင္းလဲလာသည္ႏွင့္အမွ်၊ အစားအေသာက္ ပံုစံလည္း ေျပာင္းလဲ လို ့လာေနပါျပီ။ မည္သို ့ပင္ ေျပာင္းလဲေစကာမူ၊ မေျပာင္းလဲတာ တစ္ခု ကေတာ့ ပဲျပဳတ္စားသံုးေသာယဥ္ေက်းမႈေလးပါ။ ဘိုးဘြားဘီဘင္ လက္ထက္မွစ၍ ယေန ့ထက္ တိုင္ ျမန္မာႏိုင္ငံ ၏ ျမိဳ ့ရြာတိုင္းေဒသအသီးသီးမွာ “ေဟာဒီက ပဲျပဳတ္” ဆိုေသာ နံက္ခ်ိန္ခါ ေတးသံသာ ကို ၾကားရစျမဲပါ။
ပဲျပဳတ္ ကို လြယ္လြယ္ကူကူ ထမင္း ပူပူမွာ ဆီဆမ္း ဆားျဖဴး၍လည္းေကာင္း၊ ထမင္းေၾကာ္ အျဖစ္ တစ္ဖံု၊ နံျပား/အီၾကာေကြး ျဖင့္တြဲဖက္ကာ နံက္စာအဆာေျပအျဖစ္ လူၾကီး/လူငယ္မေရြး၊ လူမ်ိဳးဘာ သာမေရြး၊ ဆင္းရဲခ်မ္းသာမေရြး ခံုခံုမင္မင္စားသံုးေနၾကတာပါ။ ဒါတင္မကေသးပါဘူး။ ပဲျပဳတ္ သုပ္၊ ပဲျပဳတ္ ေၾကာ္ ဟင္းလ်ာမ်ားအျဖစ္စားသံုးႏိုင္သလို၊ ပဲျပဳတ္ကိုမွ်စ္ျဖင့္ေရာေၾကာ္ကာ၊ အရသာရွိရွိ စား သံုးေလ့ရွိၾက၏။ ထို ့ ျပင္ ျမန္မာ့ရိုးရာ မုန္ ့ပဲသြားရည္စာမ်ားျ ဖစ္ၾကေသာ၊ ေရမုန္ ့/မုန္ ့လင္မယား /ေကာက္ညွင္းေပါင္း/လမ္းသရဲမုန္ ့ တို ့မွာလည္း ပဲျပဳတ္ပါမွ ျပီးျပည့္စံုမွာပါ။
“ပဲျပဳတ္” ဆိုသည္မွာ စားေတာ္ပဲ ကိုအေညွာင့္ထြက္ေစကာ၊ ပဲပြလာေအာင္ေဆာ္ဒါေဖါက္ေပးျပီး၊ အရ သာႏွင့္ အေရာင္တို ့အတြက္ ထန္းလ်က္ခဲေလးျဖင့္ ေပါင္းခံျပဳတ္ထားျခင္းပါ။ မိမိပတ္၀န္းက်င္မွာ စားေတာ္ ပဲျပဳတ္ကို ေန ့တဓူ၀ျမင္ေတြ ့ေနၾကရေသာ္လဲ၊ က်န္းမာေရး အတြက္ မည္မွ်ထိအေရးပါေၾကာင္းကိုေတာ့ သတိထားမိၾကမည္္မထင္ပါ။ ေဆးသိပၸံနည္းအရဓာတ္ခြဲစမ္းသပ္ၾကည့္ရာ စားေတာ္ပဲျပဳုတ္ထဲ တြင္ လူသားတို ့က်န္းမာေရး ကိုအေထာက္အကူျဖစ္ေစေသာ ဗီတာမင္မင္ႏွင့္သတၱဳဓာတ္ တို ့အလံုအေလာက္ ပါရွိျပီး၊ ေဘးျဖစ္ေစတတ္ ေသာ ကိုလက္စထေရာလံုး၀မပါရွိသည့္ အတြက္ ေန ့စဥ္စားသံုးေပးသင့္ေသာ အာဟာရ ျဖစ္ေၾကာင္း USDA (ေခၚ) အမ်ိဳးသားအာဟာရျပဳ စစ္တမ္းမ်ားႏွင့္ WHFoods တို ့မွ အခိုင္ အမာေထာက္ခံထားၾကပါသည္။
1. ပဲျပဳတ္ ထဲတြင္ အဆီဓာတ္ ႏွင့္ ကယ္လိုရီပါ၀င္မႈ မရွိသေလာက္လြန္စြာနည္းပါးေသာ္လည္း၊ အာဟာရ ဓာတ္ၾကြယ္၀ေသာေၾကာင့္ ကိုယ္ခႏၶာအေလးခ်ိန္ ပံုမွန္ထိန္း သိမ္းလိုသူမ်ား မွီ၀ဲစားသံုးသင့္ပါသည္။
2. ပဲျပဳတ္ ထဲတြင္ေခ်ဖ်က္လြယ္ေသာ အမွ်င္ဓာတ္ အေျမာက္အမ်ားပါရွိ၏။ ထို အမွွ်င္ဓာတ္ မ်ားသည္ အစာေျခ လမ္းေၾကာင္းအတြင္း အစာကိုလႈပ္ရွားေရြ ့လ်ားေစသည့္ အလိုအေလ်ာက္ၾကြက္ သားလႈပ္ရွားမႈ ကို အားေပး သျဖင့္ ၀မ္းမခ်ဳပ္ေစပါဘူး။
3. စားေတာ္ ပဲျပဳတ္ ထဲတြင္ nicotinic အက္ဆစ္ ပါရွိသျဖင့္၊ ေသြးထဲရွိမေကာင္းေသာ ကိုလက္စထေရာ ကို ေလ်ာ့ခ်ေပးႏိုင္၏။
4. စားေတာ္ပဲ သည္ သံဓာတ္ အရင္းအျမစ္ျဖစ္ျခင္းေၾကာင့္ ေသြးနီဥဆဲလ္မ်ား ကို ေကာင္းစြာ တည္ေဆာက္ေစ ကာ၊ ေသြးအားနည္း ေရာဂါ ႏွင့္ အလြန္အမင္းေမာပမ္းျခင္းတို ့မွ ကာကြယ္ေပးႏိုင္ျပီး၊ ကိုယ္ခံ စြမ္းအား ကိုတိုးတက္ျမင့္မားလာေစပါသည္။ ထို ့ျပင္ အဆုတ္ထဲရွိ ေအာင္စီဂ်င္ကို ခႏၶာကိုယ္ အႏွံ ့ပို ေ့ဆာင္ေပး၏။
5. စားေတာ္ပဲ ထဲတြင္ lutein ႏွင့္ carotenoid တို ့ပါရွိသျဖင့္၊ ပဲျပဳတ္ကို ပံုမွန္စားသံုးေသာသူမ်ားသည္ အသက္အရြယ္ၾကီးရင့္ လာျခင္းေၾကာင့္ မ်က္ေစ့ ေရာဂါအ မ်ိဳးမ်ိဳးႏွင့္ မ်က္ေစ့ ေရတိမ္ ေရာဂါ ျဖစ္ႏိုင္ေခ် အလားအလာ ကို ေလ်ာ့ခ်ေပးႏိုင္ေၾကာင္း ႏိုင္ငံတကာ ေဆးသိပၸံပညာရွင္မ်ားက အၾကံျပဳထားၾကပါသည္။
6. စားေတာ္ပဲျပဳတ္ တစ္ခြက္စာပမာဏထဲတြင္ ဗီတာမင္ေက ၄၄% ပါရွိသည့္ျပင္၊ ဗီတာမင္ဘီ လည္းပါရွိသျဖင့္ အရိုးကိုက်န္းမာ သန္စြမ္းေစကာ၊ ဟိုမုန္းအေျပာင္းအလဲေၾကာင့္ အရိုးၾကြတ္ဆတ္ျခင္း မွလည္း ကာကြယ္ေပးႏိုင္၏။ ထို ့ေၾကာင့္ ကေလး/လူၾကီး မ်ားသာမက၊ ကိုယ္၀န္ေဆာင္မိခင္ေလာင္းမ်ားပါ ပဲျပဳတ္ကို စားေပးသင့္ပါသည္။
7. ေသြးထဲရွိသၾကားပမာဏကိုပံုမွန္ျဖစ္ေစျခင္း၊ ခႏၶာကိုယ္အတြက္ လိုအပ္ေသာ ခြန္အား မ်ားကို ထုတ္ လုပ္ေပးျခင္း၊ ကိုယ္တြင္းရွိ ဇီ၀ကမၼျဖစ္စဥ္ကို တိုးတက္ေကာင္းမြန္ေစျခင္း စသည္ျဖင့္ ေကာင္း က်ိဳးျပဳ ပါသည္။
8. Free radicals မ်ားသည္ ခႏၶာကိုယ္ ထဲရွိ ေသြးေၾကာ နံရံ မ်ားကို အနည္က်ပိတ္ဆို ့ေစ ကာ၊ ေသြးေၾကာမမ်ားကို ပ်က္စီးေစျပီး၊ အဆီပိတ္ေရာဂါ၊ ေလျဖတ္ျခင္း၊ အဆစ္ေရာင္ေလးဘက္နာ ေရာဂါ မ်ားကို ျဖစ္ေစ၏။ စားေတာ္ပဲထဲတြင္ ပါရွိေသာ Flavonoids ႏွင့္ phytonutrients မ်ားသည္ ဓာတ္တိုးဆန္ ့က်င္ပစၥည္းအျဖစ္စြမ္းေဆာင္ေပးကာ၊ ထို Free radicals မ်ားကို တိုက္ထုတ္ ေပးသျဖင့္ အဆိုပါေရာဂါမ်ားကို မျဖစ္ေစႏိုင္ပါ။ ဒါ့ျပင္ သစ္ပင္ ထဲတြင္ ရွားရွားပါးပါးေတြ ့ရသည့္ lectins ဓာတ္ပါရွိသျဖင့္၊ ေသြးနီဥဆဲလ္ မ်ားေပ်ာ္၀င္ေစကာ၊ ေသြးခဲျခင္းမွ ကာကြယ္ေပးပါသည္။

9. ဗီတာမင္ဘီဓာတ္ေပါင္းစုပါရွိကာ homocysteine ပမာဏ ကို ေလ်ာ့က်ေစ သျဖင့္ ႏွလံုးေရာဂါ အမ်ိဳးမ်ိဳးကိုထိထိေရာက္ေရာက္ ကာကြယ္ေပးသည့္အျပင္ ႏွလံုးေရာဂါႏွင့္ပတ္သက္ဆက္စပ္လ်က္ ရွိေသာေလျဖတ္ျခင္း တို ့ကိုလဲမျဖစ္ေစပါ။ ထို ့ေၾကာင့့္ တစ္ပတ္လွွ်င္ အနဲဆံုးတစ္ၾကိမ္ စားေပး သင့္ေၾကာင္း ေဆးသိပၸံပညာရွင္မ်ားက အၾကံျပဳထားၾကပါသည္။
10. စားေတာ္ပဲ ထဲတြင္ ဗီတာမင္ ေအ-ဘီ-စီ-အီး၊ omega-3 တို ့ပါရွိသည့္ျပင္၊ ဇင့္သတၱဳဓာတ္ အလံုအေလာက္ပါရွိ၏။ ထိုဓာတ္ေပါင္း စုမ်ားသည္ ေလျပြန္ေဖာင္းပြသည့္ ေရာဂါ ၊ မွက္ခရု ေရာဂါ ၊ အယ္လ္ ဇိုင္မား (ေခၚ) ဦးေႏွာက္အၾကိဳဇရာေရာဂါ တို ့ကို ကာကြယ္ေပး ႏိုင္ပါသည္။
11. စားေတာ္ ပဲျပဳတ္ ထဲတြင္ glycemic ဓာတ္ပါ၀င္မႈနဲပါးျပီး၊ ေသြးထဲရွိ သၾကား ပမာဏကို ထိန္းေပးႏိုင္ျ ခင္းေၾကာင့္ ဆီးခ်ိဳေရာဂါ သည္မ်ားအတြက္ ပဲျပဳတ္ ဟာ အေကာင္းဆံုးအေဖာ္မြန္ျဖစ္ပါသည္။
12. မကၠစီကိုႏိုင္ငံတြင္ မၾကာေသးခင္က ေလ့လာစမ္းစစ္ခ်က္အရ၊ စားေတာ္ပဲထဲတြင္ polyphenol ဓာတ္ပါရွိသျဖင့္၊ ေန ့စဥ္ စားေတာ္ပဲျပဳတ္ ၂-မီလီဂရမ္မွ် စားေပးရံုျဖင့္ အဆာအိမ္ကင္ဆာကို ၾကိဳတင္ကာကြယ္ေပးႏိုင္ဟည္ဟု ဆိုရပါသည္။
13. မဂၢနီစီယမ္ သတၱဴဓာတ္ ၾကြယ္၀စြာပါရွိ၍၊ ေသြးတိုး ေရာဂါ ကိုမျဖစ္ေစပါ။
14. ေဖာလိပ္ဓာတ္အရင္းအျမစ္စုေ၀းရာ စားေတာ္ပဲျပဳတ္ကို ကိုယ္၀န္ေဆာင္မိခင္မ်ား စားေပးျ ခင္းျဖင့္ ေမြး ဖြား လာေသာ ကေလးငယ္ မ်ားတြင္ ေမြးရာပါ ဦးေႏွာက္ႏွင့္အာရံုေၾကာေ၀ ဒနာမ်ား ျဖစ္ႏိုင္ေခ် အလားအလာ နဲပါးေစပါသည္။
15. အမ်ိဳးသမီးမ်ား ေသြးဆံုးကိုင္မျဖစ္ေစပါ။
သတိျပဳရန္။ စားေတာ္ပဲ ထဲတြင္ သဘာ၀အေလ်ာက္ပါရွိေသာ purines ဓာတ္က ေဂါက္ေရာဂါ သမားမ်ားႏွင့္ ေက်ာက္ကပ္ေ၀ဒနာသည္ မ်ားကို ေဘးထြက္ဆိုးက်ိဳးျဖစ္ေစႏိုင္၍၊ အထူးေရွာင္ ရွားသင့္ပါသည္။
အာဟာရဓာတ္ ၾကြယ္၀ေသာ ပဲျပဳတ္ ကို ေစ်းေစ်းေပါေပါ ႏွင့္ အလြယ္တကူရရွိႏိုင္သျဖင့္၊ ႏိုင္ငံတိုင္းတြင္ “a poor man’s meat (၀ါ) ဆင္းရဲခ်ိဳ ့တဲ့သူမ်ားအတြက္ အသားဟင္းလ်ာ” ဟု တင္စားေခၚေ၀ ၚေလ့ရွိၾက ပါသည္။ ေဆးသိပၸံပညာရွင္မ်ားကေတာ့ “powerfood” ဟု ေခၚၾက၏။ ထို ့ေၾကာင့္ မိမိတို ့ လက္တကမ္းတြင္ အလြယ္တကူ ေစ်းၽႏႈန္းခ်ိဳသာစြာ ရရွိႏိုင္ေသာ “စားေတာ္ပဲျပဳတ္” ေလးမ်ားကို ေန ့စဥ္ သံုးအစားအစာအျဖစ္ စားသံုးသင့္ပါေၾကာင္း။

Credit : lwinpyin
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျွန်မ တို့မြန်မာပြည် တွင် ခေတ်ရေစီးကြောင်းအလိုက်၊ နေထိုင်မှုစံနစ်ပြောင်းလဲလာသည်နှင့်အမျှ၊ အစားအသောက် ပုံစံလည်း ပြောင်းလဲ လို့လာနေပါပြီ။ မည်သို့ပင် ပြောင်းလဲစေကာမူ၊ မပြောင်းလဲတာ တစ်ခု ကတော့ ပဲပြုတ်စားသုံးသောယဉ်ကျေးမှုလေးပါ။ ဘိုးဘွားဘီဘင် လက်ထက်မှစ၍ ယနေ့ထက် တိုင် မြန်မာနိုင်ငံ ၏ မြို့ရွာတိုင်းဒေသအသီးသီးမှာ “ဟောဒီက ပဲပြုတ်” ဆိုသော နံက်ချိန်ခါ တေးသံသာ ကို ကြားရစမြဲပါ။

ပဲပြုတ် ကို လွယ်လွယ်ကူကူ ထမင်း ပူပူမှာ ဆီဆမ်း ဆားဖြူး၍လည်းကောင်း၊ ထမင်းကြော် အဖြစ် တစ်ဖုံ၊ နံပြား/အီကြာကွေး ဖြင့်တွဲဖက်ကာ နံက်စာအဆာပြေအဖြစ် လူကြီး/လူငယ်မရွေး၊ လူမျိုးဘာ သာမရွေး၊ ဆင်းရဲချမ်းသာမရွေး ခုံခုံမင်မင်စားသုံးနေကြတာပါ။ ဒါတင်မကသေးပါဘူး။ ပဲပြုတ် သုပ်၊ ပဲပြုတ် ကြော် ဟင်းလျာများအဖြစ်စားသုံးနိုင်သလို၊ ပဲပြုတ်ကိုမျှစ်ဖြင့်ရောကြော်ကာ၊ အရသာရှိရှိ စား သုံးလေ့ရှိကြ၏။ ထို့ ပြင် မြန်မာ့ရိုးရာ မုန့်ပဲသွားရည်စာများြ ဖစ်ကြသော၊ ရေမုန့်/မုန့်လင်မယား /ကောက်ညှင်းပေါင်း/လမ်းသရဲမုန့် တို့မှာလည်း ပဲပြုတ်ပါမှ ပြီးပြည့်စုံမှာပါ။

“ပဲပြုတ်” ဆိုသည်မှာ စားတော်ပဲ ကိုအညှောင့်ထွက်စေကာ၊ ပဲပွလာအောင်ဆော်ဒါဖေါက်ပေးပြီး၊ အရ သာနှင့် အရောင်တို့အတွက် ထန်းလျက်ခဲလေးဖြင့် ပေါင်းခံပြုတ်ထားခြင်းပါ။ မိမိပတ်ဝန်းကျင်မှာ စားတော် ပဲပြုတ်ကို နေ့တဓူဝမြင်တွေ့နေကြရသော်လဲ၊ ကျန်းမာရေး အတွက် မည်မျှထိအရေးပါကြောင်းကိုတော့ သတိထားမိကြမည်မထင်ပါ။ ဆေးသိပ္ပံနည်းအရဓာတ်ခွဲစမ်းသပ်ကြည့်ရာ စားတော်ပဲပြုုတ်ထဲ တွင် လူသားတို့ကျန်းမာရေး ကိုအထောက်အကူဖြစ်စေသော ဗီတာမင်မင်နှင့်သတ္တုဓာတ် တို့အလုံအလောက် ပါရှိပြီး၊ ဘေးဖြစ်စေတတ် သော ကိုလက်စထရောလုံးဝမပါရှိသည့် အတွက် နေ့စဉ်စားသုံးပေးသင့်သော အာဟာရ ဖြစ်ကြောင်း USDA (ခေါ်) အမျိုးသားအာဟာရပြု စစ်တမ်းများနှင့် WHFoods တို့မှ အခိုင် အမာထောက်ခံထားကြပါသည်။
1. ပဲပြုတ် ထဲတွင် အဆီဓာတ် နှင့် ကယ်လိုရီပါဝင်မှု မရှိသလောက်လွန်စွာနည်းပါးသော်လည်း၊ အာဟာရ ဓာတ်ကြွယ်ဝသောကြောင့် ကိုယ်ခန္ဓာအလေးချိန် ပုံမှန်ထိန်း သိမ်းလိုသူများ မှီဝဲစားသုံးသင့်ပါသည်။
2. ပဲပြုတ် ထဲတွင်ချေဖျက်လွယ်သော အမျှင်ဓာတ် အမြောက်အများပါရှိ၏။ ထို အမှျှင်ဓာတ် များသည် အစာခြေ လမ်းကြောင်းအတွင်း အစာကိုလှုပ်ရှားရွေ့လျားစေသည့် အလိုအလျောက်ကြွက် သားလှုပ်ရှားမှု ကို အားပေး သဖြင့် ဝမ်းမချုပ်စေပါဘူး။
3. စားတော် ပဲပြုတ် ထဲတွင် nicotinic အက်ဆစ် ပါရှိသဖြင့်၊ သွေးထဲရှိမကောင်းသော ကိုလက်စထရော ကို လျော့ချပေးနိုင်၏။
4. စားတော်ပဲ သည် သံဓာတ် အရင်းအမြစ်ဖြစ်ခြင်းကြောင့် သွေးနီဥဆဲလ်များ ကို ကောင်းစွာ တည်ဆောက်စေ ကာ၊ သွေးအားနည်း ရောဂါ နှင့် အလွန်အမင်းမောပမ်းခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး၊ ကိုယ်ခံ စွမ်းအား ကိုတိုးတက်မြင့်မားလာစေပါသည်။ ထို့ပြင် အဆုတ်ထဲရှိ အောင်စီဂျင်ကို ခန္ဓာကိုယ် အနှံ့ပို ေ့ဆာင်ပေး၏။
5. စားတော်ပဲ ထဲတွင် lutein နှင့် carotenoid တို့ပါရှိသဖြင့်၊ ပဲပြုတ်ကို ပုံမှန်စားသုံးသောသူများသည် အသက်အရွယ်ကြီးရင့် လာခြင်းကြောင့် မျက်စေ့ ရောဂါအ မျိုးမျိုးနှင့် မျက်စေ့ ရေတိမ် ရောဂါ ဖြစ်နိုင်ချေ အလားအလာ ကို လျော့ချပေးနိုင်ကြောင်း နိုင်ငံတကာ ဆေးသိပ္ပံပညာရှင်များက အကြံပြုထားကြပါသည်။
6. စားတော်ပဲပြုတ် တစ်ခွက်စာပမာဏထဲတွင် ဗီတာမင်ကေ ၄၄% ပါရှိသည့်ပြင်၊ ဗီတာမင်ဘီ လည်းပါရှိသဖြင့် အရိုးကိုကျန်းမာ သန်စွမ်းစေကာ၊ ဟိုမုန်းအပြောင်းအလဲကြောင့် အရိုးကြွတ်ဆတ်ခြင်း မှလည်း ကာကွယ်ပေးနိုင်၏။ ထို့ကြောင့် ကလေး/လူကြီး များသာမက၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများပါ ပဲပြုတ်ကို စားပေးသင့်ပါသည်။
7. သွေးထဲရှိသကြားပမာဏကိုပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သော ခွန်အား များကို ထုတ် လုပ်ပေးခြင်း၊ ကိုယ်တွင်းရှိ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း စသည်ဖြင့် ကောင်း ကျိုးပြု ပါသည်။

8. Free radicals များသည် ခန္ဓာကိုယ် ထဲရှိ သွေးကြော နံရံ များကို အနည်ကျပိတ်ဆို့စေ ကာ၊ သွေးကြောမများကို ပျက်စီးစေပြီး၊ အဆီပိတ်ရောဂါ၊ လေဖြတ်ခြင်း၊ အဆစ်ရောင်လေးဘက်နာ ရောဂါ များကို ဖြစ်စေ၏။ စားတော်ပဲထဲတွင် ပါရှိသော Flavonoids နှင့် phytonutrients များသည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်စွမ်းဆောင်ပေးကာ၊ ထို Free radicals များကို တိုက်ထုတ် ပေးသဖြင့် အဆိုပါရောဂါများကို မဖြစ်စေနိုင်ပါ။ ဒါ့ပြင် သစ်ပင် ထဲတွင် ရှားရှားပါးပါးတွေ့ရသည့် lectins ဓာတ်ပါရှိသဖြင့်၊ သွေးနီဥဆဲလ် များပျော်ဝင်စေကာ၊ သွေးခဲခြင်းမှ ကာကွယ်ပေးပါသည်။



9. ဗီတာမင်ဘီဓာတ်ပေါင်းစုပါရှိကာ homocysteine ပမာဏ ကို လျော့ကျစေ သဖြင့် နှလုံးရောဂါ အမျိုးမျိုးကိုထိထိရောက်ရောက် ကာကွယ်ပေးသည့်အပြင် နှလုံးရောဂါနှင့်ပတ်သက်ဆက်စပ်လျက် ရှိသောလေဖြတ်ခြင်း တို့ကိုလဲမဖြစ်စေပါ။ ထို့ကြောင့့် တစ်ပတ်လှျှင် အနဲဆုံးတစ်ကြိမ် စားပေး သင့်ကြောင်း ဆေးသိပ္ပံပညာရှင်များက အကြံပြုထားကြပါသည်။
10. စားတော်ပဲ ထဲတွင် ဗီတာမင် အေ-ဘီ-စီ-အီး၊ omega-3 တို့ပါရှိသည့်ပြင်၊ ဇင့်သတ္တုဓာတ် အလုံအလောက်ပါရှိ၏။ ထိုဓာတ်ပေါင်း စုများသည် လေပြွန်ဖောင်းပွသည့် ရောဂါ ၊ မှက်ခရု ရောဂါ ၊ အယ်လ် ဇိုင်မား (ခေါ်) ဦးနှောက်အကြိုဇရာရောဂါ တို့ကို ကာကွယ်ပေး နိုင်ပါသည်။

11. စားတော် ပဲပြုတ် ထဲတွင် glycemic ဓာတ်ပါဝင်မှုနဲပါးပြီး၊ သွေးထဲရှိ သကြား ပမာဏကို ထိန်းပေးနိုင်ြ ခင်းကြောင့် ဆီးချိုရောဂါ သည်များအတွက် ပဲပြုတ် ဟာ အကောင်းဆုံးအဖော်မွန်ဖြစ်ပါသည်။
12. မက္ကစီကိုနိုင်ငံတွင် မကြာသေးခင်က လေ့လာစမ်းစစ်ချက်အရ၊ စားတော်ပဲထဲတွင် polyphenol ဓာတ်ပါရှိသဖြင့်၊ နေ့စဉ် စားတော်ပဲပြုတ် ၂-မီလီဂရမ်မျှ စားပေးရုံဖြင့် အဆာအိမ်ကင်ဆာကို ကြိုတင်ကာကွယ်ပေးနိုင်ဟည်ဟု ဆိုရပါသည်။
13. မဂ္ဂနီစီယမ် သတ္တူဓာတ် ကြွယ်ဝစွာပါရှိ၍၊ သွေးတိုး ရောဂါ ကိုမဖြစ်စေပါ။
14. ဖောလိပ်ဓာတ်အရင်းအမြစ်စုဝေးရာ စားတော်ပဲပြုတ်ကို ကိုယ်ဝန်ဆောင်မိခင်များ စားပေးြ ခင်းဖြင့် မွေး ဖွား လာသော ကလေးငယ် များတွင် မွေးရာပါ ဦးနှောက်နှင့်အာရုံကြောေ၀ ဒနာများ ဖြစ်နိုင်ချေ အလားအလာ နဲပါးစေပါသည်။
15. အမျိုးသမီးများ သွေးဆုံးကိုင်မဖြစ်စေပါ။
သတိပြုရန်။ စားတော်ပဲ ထဲတွင် သဘာဝအလျောက်ပါရှိသော purines ဓာတ်က ဂေါက်ရောဂါ သမားများနှင့် ကျောက်ကပ်ဝေဒနာသည် များကို ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်၍၊ အထူးရှောင် ရှားသင့်ပါသည်။
အာဟာရဓာတ် ကြွယ်ဝသော ပဲပြုတ် ကို ဈေးဈေးပေါပေါ နှင့် အလွယ်တကူရရှိနိုင်သဖြင့်၊ နိုင်ငံတိုင်းတွင် “a poor man’s meat (ဝါ) ဆင်းရဲချို့တဲ့သူများအတွက် အသားဟင်းလျာ” ဟု တင်စားခေါ်ေ၀ ါ်လေ့ရှိကြ ပါသည်။ ဆေးသိပ္ပံပညာရှင်များကတော့ “powerfood” ဟု ခေါ်ကြ၏။ ထို့ကြောင့် မိမိတို့ လက်တကမ်းတွင် အလွယ်တကူ ဈေးျနှုန်းချိုသာစွာ ရရှိနိုင်သော “စားတော်ပဲပြုတ်” လေးများကို နေ့စဉ် သုံးအစားအစာအဖြစ် စားသုံးသင့်ပါကြောင်း။

Credit : lwinpyin

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top