iMyanmarHouse.com - Best Property Website for Myanmar
×

ရင္သားလွပဖို႔နဲ႔ ပံုစံက်ဖို႔အတြက္ မိမိနဲ႔သင့္ေတာ္တဲ့ ဘရာဇီယာကို မွန္မွန္ကန္ကန္ေရြးခ်ယ္တတ္ဖုိ႔ လိုပါတယ္။ မိမိရဲ႕ရင္သားဆိုဒ္ထက္ႀကီးေနတဲ့ဘရာ ဒါမွမဟုတ္ ဆိုဒ္ေသးေနရင္ ရင္သားကပံုမက်ပန္းမက်ျဖစ္သြားတတ္တာကိုလည္း ဂရုစိုက္သင့္ပါတယ္။ ဒါ့ေၾကာင့္             ဘရာဇီယာေရြးခ်ယ္ၾကတဲ့အခါမွာ နာမည္ႀကီး ဘရန္းမ်ားနဲ႔ အေရာင္၊ ဒီဇိုင္း လွပဖို႔အတြက္သာ အဓိကထား ေရြးခ်ယ္မယ္္ဆိုရင္ေတာ့ မွားသြားပါ လိမ့္မယ္။ က်န္းမာေရးနဲ႔လည္း ကိုက္ညီမႈရွိၿပီး သက္ေတာင့္သက္သာ ရွိေစမယ့္ ဘရာဇီယာကိုသာ ေရြးခ်ယ္ဖို႔ အႀကံျပဳ လိုက္ရပါတယ္။

(၁) ဘရာတင္းၾကပ္လြန္းတာက ရင္သားႀကီးထြားမႈေႏွာင့္ေႏွးႏိုင္

ဘရာဇီယာ ဝတ္တဲ့အခါမွာ ေနာက္ေက်ာဘက္က ခ်ိတ္ကေလးေတြ တပ္ရတာကို ေခၽြးထြက္တဲ့အထိကို ၾကိဳးစားပန္းစား တပ္ေနရတာလား။ ဒါဆိုရင္ေတာ့ မေတာ္တဲ့ ဘရာကို ဝတ္ေနတာရပ္လိုက္ပါေတာ့။ တင္းၾကပ္လြန္းတဲ့ ဘရာဝတ္တာဟာ ေသြးလည္ပတ္မႈကို ေကာင္း မြန္စြာ လည္ပတ္ေစျခင္း မရွိတာေၾကာင့္ ရင္သားေသးျခင္း၊ ရင္သားပံုစံမက်ျခင္း၊ နာက်င္ျခင္း စတာေတြ ျဖစ္တတ္တာေၾကာင့္ က်န္းမာေရး နဲ႔လည္း ကိုက္ညီမႈ မရွိလွပါဘူး။

(၂) ဘရာႀကိဳးေလ်ာ့တြဲတာေတြမဝတ္သင့္

ဘရာႀကိဳးက ပခံုးအထက္မွာ ၿငိမ္ၿငိမ္မေနဘဲ ဟိုေျပးဒီေျပးျဖစ္ေနလို႔ ႀကိဳးကို မၾကာခဏ ဆြဲတင္ ေနရၿပီလား။ ဒါဆိုရင္ေတာ့ အေဟာင္းကို လႊင့္ပစ္ၿပီး အသစ္္္ဝယ္လိုက္ပါေတာ့။ သက္ေတာင့္သက္သာျဖစ္ေစမယ့္ ဘရာကို ေရြးခ်ယ္ဖို႔ အခ်ိန္တန္ပါၿပီေနာ္။

(၃) အားကစားလုပ္ခ်ိန္ရင္သားတြဲက်ျခင္းမ်ိဳးမျဖစ္ရေလေအာင္..

လႈပ္လႈပ္ရွားရွားအားကစားမ်ား ျပဳလုပ္တဲ့အခါမွာ ဘရာဇီယာက ေအာက္ေလွ်ာက် လြန္းၿပီး ရင္သားအျပည့္ကို မထိန္းေပးႏုိင္ဘူး ဆိုရင္ေတာ့ ရင္သားဆိုဒ္နဲ႔ သင့္ေတာ္မယ့္ဘရာကို ေရြးခ်ယ္ဖို႔ လိုေနပါၿပီ။ သင္က သတိမမူဘဲ ဝတ္ဆင္မိေနမယ္ ဆိုရင္ေတာ့ အခ်ိန္ၾကာလာတာနဲ႔ အမွ် ရင္သား တြဲက်ျခင္းမ်ိဳး ျဖစ္ႏုိင္တာေၾကာင့္ သတိထားသင့္တဲ့အခ်က္ပါပဲ။

(၄) ပခံုးနာက်င္ျခင္းနဲ႔ ဇာတ္ေၾကာတက္ျခင္းက ဘရာဇီယာေၾကာင့္လား?

မၾကာခဏ ဇာတ္ေၾကာတက္ျခင္း၊ ပခံုးနာက်င္ျခင္း စတာေတြက က်န္းမာေရးခ်ိဳ႕ယြင္းမႈေၾကာင့္ ျဖစ္ႏုိင္သလို သင္ဝတ္ဆင္ထားတဲ့ ဘရာဇီယာေၾကာင့္ ဆိုတာကိုလည္း သတိျပဳသင့္ပါတယ္။ ေကာင္းမြန္တဲ့ ဘရာမ်ားက သင့္ရင္သားဝိတ္ကို ထိန္းေပးဖုိ႔အတြက္ ပံုစံခြက္ရဲ႕ အနားသတ္မ်ားကို အရည္အေသြး ျမင့္မားစြာနဲ႔ ျပဳလုပ္ထားတာပါတယ္။ ဒါေပမယ့္ သင္ဝတ္ထားတဲ့ ဘရာဇီယာက ႀကိဳးတစ္ခု တည္းကသာ ထိန္းေပးထားရတယ္ ဆိုရင္ေတာ့ ဆက္ၿပီးမဝတ္သင့္ေတာ့ပါဘူးေနာ္။ မိိမိနဲ႔သင့္ေတာ္ မယ့္ ဘရာကိုုသာ ထပ္မံ ေရြးခ်ယ္လိုက္ပါ။

Credit : နန္း
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရင်သားလှပဖို့နဲ့ ပုံစံကျဖို့အတွက် မိမိနဲ့သင့်တော်တဲ့ ဘရာဇီယာကို မှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့ လိုပါတယ်။ မိမိရဲ့ရင်သားဆိုဒ်ထက်ကြီးနေတဲ့ဘရာ ဒါမှမဟုတ် ဆိုဒ်သေးနေရင် ရင်သားကပုံမကျပန်းမကျဖြစ်သွားတတ်တာကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဒါ့ကြောင့်             ဘရာဇီယာရွေးချယ်ကြတဲ့အခါမှာ နာမည်ကြီး ဘရန်းများနဲ့ အရောင်၊ ဒီဇိုင်း လှပဖို့အတွက်သာ အဓိကထား ရွေးချယ်မယ်ဆိုရင်တော့ မှားသွားပါ လိမ့်မယ်။ ကျန်းမာရေးနဲ့လည်း ကိုက်ညီမှုရှိပြီး သက်တောင့်သက်သာ ရှိစေမယ့် ဘရာဇီယာကိုသာ ရွေးချယ်ဖို့ အကြံပြု လိုက်ရပါတယ်။

(၁) ဘရာတင်းကြပ်လွန်းတာက ရင်သားကြီးထွားမှုနှောင့်နှေးနိုင်

ဘရာဇီယာ ဝတ်တဲ့အခါမှာ နောက်ကျောဘက်က ချိတ်ကလေးတွေ တပ်ရတာကို ချွေးထွက်တဲ့အထိကို ကြိုးစားပန်းစား တပ်နေရတာလား။ ဒါဆိုရင်တော့ မတော်တဲ့ ဘရာကို ဝတ်နေတာရပ်လိုက်ပါတော့။ တင်းကြပ်လွန်းတဲ့ ဘရာဝတ်တာဟာ သွေးလည်ပတ်မှုကို ကောင်း မွန်စွာ လည်ပတ်စေခြင်း မရှိတာကြောင့် ရင်သားသေးခြင်း၊ ရင်သားပုံစံမကျခြင်း၊ နာကျင်ခြင်း စတာတွေ ဖြစ်တတ်တာကြောင့် ကျန်းမာရေး နဲ့လည်း ကိုက်ညီမှု မရှိလှပါဘူး။

(၂) ဘရာကြိုးလျော့တွဲတာတွေမဝတ်သင့်

ဘရာကြိုးက ပခုံးအထက်မှာ ငြိမ်ငြိမ်မနေဘဲ ဟိုပြေးဒီပြေးဖြစ်နေလို့ ကြိုးကို မကြာခဏ ဆွဲတင် နေရပြီလား။ ဒါဆိုရင်တော့ အဟောင်းကို လွှင့်ပစ်ပြီး အသစ်ဝယ်လိုက်ပါတော့။ သက်တောင့်သက်သာဖြစ်စေမယ့် ဘရာကို ရွေးချယ်ဖို့ အချိန်တန်ပါပြီနော်။

(၃) အားကစားလုပ်ချိန်ရင်သားတွဲကျခြင်းမျိုးမဖြစ်ရလေအောင်..

လှုပ်လှုပ်ရှားရှားအားကစားများ ပြုလုပ်တဲ့အခါမှာ ဘရာဇီယာက အောက်လျှောကျ လွန်းပြီး ရင်သားအပြည့်ကို မထိန်းပေးနိုင်ဘူး ဆိုရင်တော့ ရင်သားဆိုဒ်နဲ့ သင့်တော်မယ့်ဘရာကို ရွေးချယ်ဖို့ လိုနေပါပြီ။ သင်က သတိမမူဘဲ ဝတ်ဆင်မိနေမယ် ဆိုရင်တော့ အချိန်ကြာလာတာနဲ့ အမျှ ရင်သား တွဲကျခြင်းမျိုး ဖြစ်နိုင်တာကြောင့် သတိထားသင့်တဲ့အချက်ပါပဲ။

(၄) ပခုံးနာကျင်ခြင်းနဲ့ ဇာတ်ကြောတက်ခြင်းက ဘရာဇီယာကြောင့်လား?

မကြာခဏ ဇာတ်ကြောတက်ခြင်း၊ ပခုံးနာကျင်ခြင်း စတာတွေက ကျန်းမာရေးချို့ယွင်းမှုကြောင့် ဖြစ်နိုင်သလို သင်ဝတ်ဆင်ထားတဲ့ ဘရာဇီယာကြောင့် ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ ကောင်းမွန်တဲ့ ဘရာများက သင့်ရင်သားဝိတ်ကို ထိန်းပေးဖို့အတွက် ပုံစံခွက်ရဲ့ အနားသတ်များကို အရည်အသွေး မြင့်မားစွာနဲ့ ပြုလုပ်ထားတာပါတယ်။ ဒါပေမယ့် သင်ဝတ်ထားတဲ့ ဘရာဇီယာက ကြိုးတစ်ခု တည်းကသာ ထိန်းပေးထားရတယ် ဆိုရင်တော့ ဆက်ပြီးမဝတ်သင့်တော့ပါဘူးနော်။ မိမိနဲ့သင့်တော် မယ့် ဘရာကိုုသာ ထပ်မံ ရွေးချယ်လိုက်ပါ။

Credit : နန်း

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top