iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔တာလႈပ္ရွားမႈအတြင္း လူတိုင္းမွာပင္ပန္းစိတ္ညစ္စရာေတြကေတာ့ ရွိၾကမယ္ထင္ပါတယ္။ ဒီလိုၾကံဳေတြ႔ရတဲ့ စိတ္ညစ္စရာေတြကို ေျဖေဖ်ာက္ၾကပံုကေတာ့ တစ္ေယာက္တစ္မ်ိဳးစီ မတူၾကေလာက္ပါဘူး။ အခ်ိဳ႕က စိတ္ညစ္စရာကို တရားနဲ႔ေျဖတယ္၊ အခ်ိဳ႕ကေတာ့ စိတ္ညစ္စရာကို စားစရာနဲ႔ေျဖတယ္။ ေသာက္စရာနဲ႔ေျဖၾကသူေတြလည္းရွိရင္ရွိၾကမွာပါ။ ဒီတစ္ေခါက္ စိတ္ညစ္စရာၾကံဳတဲ့အခါ ေျဖေဖ်ာက္လို႔ရတဲ့ နည္းေလးတစ္ခုေျပာျပေပးပါရေစ။ အကုန္အက်မမ်ားသလို က်န္းမာေရးကိုလည္း ထိခိုက္မႈမရွိေစမယ့္ နည္းေလးပါ။

ကာတြန္းကားၾကည့္မယ္

လူတိုင္းက ငယ္ရာကၾကီးလာတာဆိုေတာ့ ကာတြန္းကားကိုမၾကည့္ဖူးတဲ့သူမရွိေလာက္ဘူးထင္ပါတယ္။ ကိုယ္အသည္းစြဲၾကိဳက္ခဲ့ရတဲ့ကာတြန္းဇာတ္ေကာင္ေတာင္ရွိရင္ရွိေနၾကမွာပါ။ ကာတြန္းကားၾကည့္တာက စိတ္ညစ္စရာကိုဘယ္လိုသက္သာေစလဲဆိုတာကို ေျပာျပမယ္ေနာ္။

ကာတြန္းကားေတာ္ေတ္ာမ်ားမ်ားက ေပ်ာ္စရာေလးေတြနဲ႔အဆံုးသတ္တာမ်ားေတာ႔ စိတ္ထဲၾကည္ႏူးမိေစပါတယ္။ ေပ်ာ္စရာ၊ရယ္စရာေလးေတြပါတဲ့ကာတြန္းကားေလးေတြဆိုရင္ ရယ္ေမာခ်င္လာေအာင္စြဲေဆာင္ႏိုင္တာေၾကာင့္ စိတ္ေပ်ာ္ရႊင္တာမ်ိဳးျဖစ္သြားေစပါတယ္။ စိတ္ဝင္စားစရာေကာင္းတဲ့ ကာတြန္းမ်ိဳးဆိုရင္ေတာ့ ကိုယ္တိုင္စီးေမ်ာခံစားရင္းစိတ္ညစ္စရာကိုခဏေလာက္ေတာ့ေမ့သြားေစမွာပါ။ ကာတြန္းကားၾကည့္ရင္အနည္းဆံုးေတာ့ ေပ်ာ္ရႊင္သလိုခံစားရေစတာအမွန္ပါပဲ။ ေလ့လာမႈတစ္ခုအရ စိတ္ဓာတ္က်ေနတဲ့အခါ ကာတြန္းကားၾကည့္လိုက္ရင္ အေတြးအျမင္အသစ္ေတြရရွိေစတယ္လို႔ သိရပါတယ္။

ဒါေတြတင္ပဲလားဆိုေတာ့မဟုတ္ပါဘူး။ ကတြန္းကားၾကည့္တာက အခုလိုအက်ိဳးေက်းဇူးေတြရရွိႏိုင္ပါေသးတယ္။

သင္ခန္းစာရေစႏိုင္တယ္

ကာတြန္းကားေတြကိုၾကည္႔ရင္း ေစတနာေကာင္းတဲ့သူက အစပိုင္းမွာဘယ္ေလာက္ပဲ အခက္အခဲေတြေတြ႔ေတြ႔ သူရဲ႕စိတ္ထားေကာင္းတာေၾကာင့္ ေနာက္ဆံုးမွာ ကံေကာင္းတာေတြရတယ္ဆိုတာသိျမင္ေစႏိုင္ပါတယ္။ ဥပမာေျပာျပရရင္ – Cindrella story ထဲကလိုမ်ိဳးေပါ့။ ကာတြန္းကားၾကည့္တာက မိဘေတြကိုလည္ ကေလးငယ္ေတြကို ဘယ္လိုပ်ိဳးေထာင္ေပးရမလဲဆိုတာကို သိျမင္ေစပါတယ္။ ကာတြန္းကားေတြက ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္လာေအာင္ဘယ္လိုလုပ္ရမလဲ၊ သူငယ္ခ်င္းေကာင္းေတြရရွိေအာင္ဘယ္လိုုလုပ္ရမလဲ၊ ကိုယ္႔ကိုကိုယ္ယံုၾကည္မႈ ဘယ္လိုတည္ေဆာက္ရမလဲဆိုတာေတြကို ျပသေပးပါတယ္။ က်န္းမာေအာင္ စားေသာက္ေနထိုင္တတ္ဖို႔ကိုလည္း ကာတြန္းကားေတြက သင္ယူလို႔ရပါတယ္။ ကာတြန္းကားေတြက အေကာင္းအဆိုးကိုခြဲျခားသိရွိေစႏိုင္ျပီး အျခားသူေတြကို ဘယ္လိုကူညီေဖးမရမလဲဆိုတာနဲ႔ အျခားသူေတြနဲ႔မွ်ေဝတတ္တဲ႔စိတ္သေဘာထားေတြကိုရရွိေစႏိုင္ပါတယ္။

စိတ္ခြန္အားရေစႏိုင္တယ္

ကာတြန္းကားေတြက ကေလးေရာ လူၾကီးေတြကိုပါ ႏွစ္ျခိဳက္သေဘာက်ေစႏိုင္တဲ့ စိတ္အပန္းေျဖစရာတစ္မ်ိဳးပါ။ ကာတြန္းကားၾကည့္တာက ေန႔စဥ္လူေနမႈဘဝအတြက္   ေတာ္ေတာ္ေလး အသံုးတည့္ပါတယ္။ ရယ္စရာေကာင္းတဲ့ ကာတြန္းေတြ၊ခ်စ္စရာေကာင္းတဲ့ ဇာတ္ရုပ္ေလးေတြက စိတ္ထဲမွာ ေပ်ာ္ရႊင္ၾကည္ႏူးမႈကုိခံစားရေစပါတယ္။ ကာတြန္းကား အၾကည့္မ်ားတဲ့သူေတြက အေကာင္းျမင္သေဘာထားပိုမ်ားပါတယ္၊ လို႔လည္း ေလ့လာမႈေတြအရသိရပါတယ္။

လူမႈဘဝကိုသိျမင္ေစႏုိင္တယ္

ကေလးေလးေတြကို ကာတြန္းကားျပေပးမယ္ဆိုရင္လည္း ကေလးေတြက လူမႈဘဝရဲ႕ေနထိုင္မႈပံုစံေတြကို သိရွိႏိုင္မွာျဖစ္သလို ဘယ္လိုေနထိုင္ရမလဲဆိုတာကိုပါသိရွိေစႏိုင္မွာျဖစ္ပါတယ္။ ကေလးေတြကို ဗဟုသုတေတြလည္းတိုးတက္ေစမွာ အေသအခ်ာပါပဲ။

ေဝါဟာရၾကြယ္ဝေစတယ္

ကေလးေတြအေနနဲ႔ ကာတြန္းကားၾကည့္တဲ့အခါ ဇာတ္ေကာင္ေလးေတြကေျပာေနတဲ့ စကားလံုးေတြကို နားရည္ဝလာျပီး စကားလံုးေတြကို ေျပာတတ္လာမွာပါ။ မသိေသးတာေတြကိုလည္းသိရွိျပီး ေဝါဟာရလည္း ၾကြယ္ဝလာမွာျဖစ္ပါတယ္။

အာရံုစိုက္ႏိုင္စြမ္းတိုးေစတယ္

ေလ့လာမႈအရ ကာတြန္းကားၾကည့္တဲ့ ကေလးေလးေတြက ကာတြန္းကားမၾကည့္တဲ့ ကေလးေလးေတြထက္ အာရံုစူးစိုက္ႏိုင္စြမ္းပိုမ်ားၾကတယ္၊လို႔သိရပါတယ္။ ကာတြန္းကားၾကည့္တဲ့အခါ အခ်ိတ္အဆက္ေတြကို သိရေအာင္ အာရံုစိုက္ၾကည့္ရႈတာေၾကာင့္ ကေလးရဲ႕ အာရံုစိုက္ႏိုင္စြမ္းကတိုးလာတာျဖစ္ပါတယ္။

စိတ္ခံစားမႈေကာင္းမြန္ေစႏိုင္တယ္

ဖ်ားေနတဲ့ ကေလးေလးကို ကာတြန္းကားေပးၾကည့္တဲ့အခါ နာရီအနည္းငယ္ၾကာလာရင္ ကေလးငယ္ရဲ႕ စိတ္ထဲမွာ  ေနမေကာင္းတာကို မေတြးမိေတာ့ဘဲ ကာတြန္းကားထဲက အေၾကာင္းအရာေတြကို စိတ္ေရာက္သြားပါလိမ့္မယ္။ ဒီလိုမ်ိဳးစိတ္ကဖ်ားနာခံစားေနရမႈအေပၚမွာ အာရံုမရွိေတာ့တဲ့အခါ ေနရထိုင္ရေကာင္းလာေစမွာပါ။ ကေလးကို အာရံုေျပာင္းေပးလိုက္တဲ့သေဘာပါ။

စိတ္ဖိစီးမႈကိုေလ်ာ့က်ေစႏိုင္တယ္

ကာတြန္းကားေတြက ရယ္ေမာျပီး စိတ္ေပ်ာ္ရႊင္ရေစတာေၾကာင့္ ကာတြန္းကားၾကည့္သူေတြမွာ စိတ္ဖိစီးမႈေၾကာင့္ျဖစ္တဲ့ ႏွလံုးေရာဂါလိုမ်ိဳး ေဝဒနာေတြျဖစ္ႏိုင္ေျခကိုေလ်ာ့နည္းေစပါတယ္။ ကာတြန္းကားၾကိဳက္တဲ့ လူၾကီးေတါက ကေလးငယ္ေြနဲ႔ ပိုျပီးေကာင္းေကာင္းမြန္မြန္ ဆက္ဆံႏိုင္သလို ျပႆနာေတြကိုလည္း ထိထိေရာက္ေရာက္ေျဖရွင္းႏိုင္တယ္၊လို႔ ေလ့လာမႈေတြအရသိရပါတယ္။

အခုေလာက္ဆိုရင္ေတာ့ ဘာေၾကာင့္ ကာတြန္းကားၾကည့္တာေကာင္းတယ္လို႔ေျပာရလဲဆိုတာကို သိေလာက္ျပီထင္ပါတယ္။ စိတ္ညစ္စရာကင္းတဲ့ ဘဝေနထိုင္မႈကို ပိုင္ဆိုင္ႏိုင္ၾကပါေစေၾကာင္း။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်နေ့တာလှုပ်ရှားမှုအတွင်း လူတိုင်းမှာပင်ပန်းစိတ်ညစ်စရာတွေကတော့ ရှိကြမယ်ထင်ပါတယ်။ ဒီလိုကြုံတွေ့ရတဲ့ စိတ်ညစ်စရာတွေကို ဖြေဖျောက်ကြပုံကတော့ တစ်ယောက်တစ်မျိုးစီ မတူကြလောက်ပါဘူး။ အချို့က စိတ်ညစ်စရာကို တရားနဲ့ဖြေတယ်၊ အချို့ကတော့ စိတ်ညစ်စရာကို စားစရာနဲ့ဖြေတယ်။ သောက်စရာနဲ့ဖြေကြသူတွေလည်းရှိရင်ရှိကြမှာပါ။ ဒီတစ်ခေါက် စိတ်ညစ်စရာကြုံတဲ့အခါ ဖြေဖျောက်လို့ရတဲ့ နည်းလေးတစ်ခုပြောပြပေးပါရစေ။ အကုန်အကျမများသလို ကျန်းမာရေးကိုလည်း ထိခိုက်မှုမရှိစေမယ့် နည်းလေးပါ။

ကာတွန်းကားကြည့်မယ်

လူတိုင်းက ငယ်ရာကကြီးလာတာဆိုတော့ ကာတွန်းကားကိုမကြည့်ဖူးတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ ကိုယ်အသည်းစွဲကြိုက်ခဲ့ရတဲ့ကာတွန်းဇာတ်ကောင်တောင်ရှိရင်ရှိနေကြမှာပါ။ ကာတွန်းကားကြည့်တာက စိတ်ညစ်စရာကိုဘယ်လိုသက်သာစေလဲဆိုတာကို ပြောပြမယ်နော်။

ကာတွန်းကားတော်တေ်ာများများက ပျော်စရာလေးတွေနဲ့အဆုံးသတ်တာများတော့ စိတ်ထဲကြည်နူးမိစေပါတယ်။ ပျော်စရာ၊ရယ်စရာလေးတွေပါတဲ့ကာတွန်းကားလေးတွေဆိုရင် ရယ်မောချင်လာအောင်စွဲဆောင်နိုင်တာကြောင့် စိတ်ပျော်ရွှင်တာမျိုးဖြစ်သွားစေပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ကာတွန်းမျိုးဆိုရင်တော့ ကိုယ်တိုင်စီးမျောခံစားရင်းစိတ်ညစ်စရာကိုခဏလောက်တော့မေ့သွားစေမှာပါ။ ကာတွန်းကားကြည့်ရင်အနည်းဆုံးတော့ ပျော်ရွှင်သလိုခံစားရစေတာအမှန်ပါပဲ။ လေ့လာမှုတစ်ခုအရ စိတ်ဓာတ်ကျနေတဲ့အခါ ကာတွန်းကားကြည့်လိုက်ရင် အတွေးအမြင်အသစ်တွေရရှိစေတယ်လို့ သိရပါတယ်။

ဒါတွေတင်ပဲလားဆိုတော့မဟုတ်ပါဘူး။ ကတွန်းကားကြည့်တာက အခုလိုအကျိုးကျေးဇူးတွေရရှိနိုင်ပါသေးတယ်။

သင်ခန်းစာရစေနိုင်တယ်

ကာတွန်းကားတွေကိုကြည့်ရင်း စေတနာကောင်းတဲ့သူက အစပိုင်းမှာဘယ်လောက်ပဲ အခက်အခဲတွေတွေ့တွေ့ သူရဲ့စိတ်ထားကောင်းတာကြောင့် နောက်ဆုံးမှာ ကံကောင်းတာတွေရတယ်ဆိုတာသိမြင်စေနိုင်ပါတယ်။ ဥပမာပြောပြရရင် – Cindrella story ထဲကလိုမျိုးပေါ့။ ကာတွန်းကားကြည့်တာက မိဘတွေကိုလည် ကလေးငယ်တွေကို ဘယ်လိုပျိုးထောင်ပေးရမလဲဆိုတာကို သိမြင်စေပါတယ်။ ကာတွန်းကားတွေက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲ၊ သူငယ်ချင်းကောင်းတွေရရှိအောင်ဘယ်လိုုလုပ်ရမလဲ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု ဘယ်လိုတည်ဆောက်ရမလဲဆိုတာတွေကို ပြသပေးပါတယ်။ ကျန်းမာအောင် စားသောက်နေထိုင်တတ်ဖို့ကိုလည်း ကာတွန်းကားတွေက သင်ယူလို့ရပါတယ်။ ကာတွန်းကားတွေက အကောင်းအဆိုးကိုခွဲခြားသိရှိစေနိုင်ပြီး အခြားသူတွေကို ဘယ်လိုကူညီဖေးမရမလဲဆိုတာနဲ့ အခြားသူတွေနဲ့မျှဝေတတ်တဲ့စိတ်သဘောထားတွေကိုရရှိစေနိုင်ပါတယ်။

စိတ်ခွန်အားရစေနိုင်တယ်

ကာတွန်းကားတွေက ကလေးရော လူကြီးတွေကိုပါ နှစ်ခြိုက်သဘောကျစေနိုင်တဲ့ စိတ်အပန်းဖြေစရာတစ်မျိုးပါ။ ကာတွန်းကားကြည့်တာက နေ့စဉ်လူနေမှုဘဝအတွက်   တော်တော်လေး အသုံးတည့်ပါတယ်။ ရယ်စရာကောင်းတဲ့ ကာတွန်းတွေ၊ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်လေးတွေက စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးမှုကိုခံစားရစေပါတယ်။ ကာတွန်းကား အကြည့်များတဲ့သူတွေက အကောင်းမြင်သဘောထားပိုများပါတယ်၊ လို့လည်း လေ့လာမှုတွေအရသိရပါတယ်။

လူမှုဘဝကိုသိမြင်စေနိုင်တယ်

ကလေးလေးတွေကို ကာတွန်းကားပြပေးမယ်ဆိုရင်လည်း ကလေးတွေက လူမှုဘဝရဲ့နေထိုင်မှုပုံစံတွေကို သိရှိနိုင်မှာဖြစ်သလို ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပါသိရှိစေနိုင်မှာဖြစ်ပါတယ်။ ကလေးတွေကို ဗဟုသုတတွေလည်းတိုးတက်စေမှာ အသေအချာပါပဲ။

ဝေါဟာရကြွယ်ဝစေတယ်

ကလေးတွေအနေနဲ့ ကာတွန်းကားကြည့်တဲ့အခါ ဇာတ်ကောင်လေးတွေကပြောနေတဲ့ စကားလုံးတွေကို နားရည်ဝလာပြီး စကားလုံးတွေကို ပြောတတ်လာမှာပါ။ မသိသေးတာတွေကိုလည်းသိရှိပြီး ဝေါဟာရလည်း ကြွယ်ဝလာမှာဖြစ်ပါတယ်။

အာရုံစိုက်နိုင်စွမ်းတိုးစေတယ်

လေ့လာမှုအရ ကာတွန်းကားကြည့်တဲ့ ကလေးလေးတွေက ကာတွန်းကားမကြည့်တဲ့ ကလေးလေးတွေထက် အာရုံစူးစိုက်နိုင်စွမ်းပိုများကြတယ်၊လို့သိရပါတယ်။ ကာတွန်းကားကြည့်တဲ့အခါ အချိတ်အဆက်တွေကို သိရအောင် အာရုံစိုက်ကြည့်ရှုတာကြောင့် ကလေးရဲ့ အာရုံစိုက်နိုင်စွမ်းကတိုးလာတာဖြစ်ပါတယ်။

စိတ်ခံစားမှုကောင်းမွန်စေနိုင်တယ်

ဖျားနေတဲ့ ကလေးလေးကို ကာတွန်းကားပေးကြည့်တဲ့အခါ နာရီအနည်းငယ်ကြာလာရင် ကလေးငယ်ရဲ့ စိတ်ထဲမှာ  နေမကောင်းတာကို မတွေးမိတော့ဘဲ ကာတွန်းကားထဲက အကြောင်းအရာတွေကို စိတ်ရောက်သွားပါလိမ့်မယ်။ ဒီလိုမျိုးစိတ်ကဖျားနာခံစားနေရမှုအပေါ်မှာ အာရုံမရှိတော့တဲ့အခါ နေရထိုင်ရကောင်းလာစေမှာပါ။ ကလေးကို အာရုံပြောင်းပေးလိုက်တဲ့သဘောပါ။

စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်တယ်

ကာတွန်းကားတွေက ရယ်မောပြီး စိတ်ပျော်ရွှင်ရစေတာကြောင့် ကာတွန်းကားကြည့်သူတွေမှာ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နှလုံးရောဂါလိုမျိုး ဝေဒနာတွေဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။ ကာတွန်းကားကြိုက်တဲ့ လူကြီးတေါက ကလေးငယ်ေွနဲ့ ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်သလို ပြဿနာတွေကိုလည်း ထိထိရောက်ရောက်ဖြေရှင်းနိုင်တယ်၊လို့ လေ့လာမှုတွေအရသိရပါတယ်။

အခုလောက်ဆိုရင်တော့ ဘာကြောင့် ကာတွန်းကားကြည့်တာကောင်းတယ်လို့ပြောရလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ စိတ်ညစ်စရာကင်းတဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top