iMyanmarHouse.com - Best Property Website for Myanmar
×

အဆုိေတာ္ ႏိုင္းဝမ္းကေတာ့ ခ်စ္သူမ်ားေန႕ေလးမွာ ခ်စ္တဲ့ေကာင္မေလးနဲ႕အတူ ခရီးအတူထြက္ျဖစ္ေနပါတယ္။ ခ်စ္သူရဲ႕ အလိုက် စိမ္းလဲ့တင္ကို လုိက္ပို႕ေပးျဖစ္ၿပီး ခ်စ္သူကို အခ်ိန္ေပးျဖစ္ေနတယ္တဲ့။

ခ်စ္သူမ်ားေန႕မွာ ခ်စ္တဲ့ခ်စ္သူေကာင္မေလးနဲ႕အတူ အဆုိေတာ္ ႏိုင္းဝမ္း ဘယ္လိုျဖတ္သန္းျဖစ္လဲဆိုတာကိုလည္း သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ လြန္ခဲ့တဲ့ မိနစ္ပိုင္းက ေျပာျပထားတာ ေတြ႕ရပါတယ္။

“Happy Valentines Day ပါ အသဲတံုးေလးMay Myo Thu Kyawေရ V Day ေလးဆိုေတာ့ကာဘယ္သြားမယ္၊ ဘာလုပ္မယ္ မင္းရဲ႕သေဘာပါ မင္းေျပာ ဆိုေတာ့

စိမ္းလဲ့တင္သြားၿပီး ဇစ္ပ္လိုင္းစီးမယ္၊ အျမင့္ခုန္မယ္၊ ေသနတ္ပစ္တမ္းကစားမယ္၊ အမ်ိဳးစံုကျမင္းေၾကာထၿပီးရင္၊ Mountain View က Infinity Pool မွာ ေရကူးရင္းအနားယူခ်င္တယ္ဆိုလို႔ေရာက္လာၾကၿပီေလ။

တေန႔တျခားပိုပိုသိလာရတာက ကၽြန္ေတာ္အလြန္ခ်စ္ျမတ္ႏိုးရပါေသာ ပဲမမ်ား၊ အလွအပမလိုက္စား၊ မာနေထာင္လႊားခ်င္းမရွိပဲ၊ ႐ိုးသားျဖဴစင္ ေအးခ်မ္းလွၿပီး၊ သက္စြန္႔ဆံဖ်ားအလြန္ဝါသနာပါေသာ “သူမသည္ ေမ်ာက္တစ္ေကာင္ ျဖစ္သည္” ဆိုၿပီး ေရးသားထားတာ ေတြ႕ရပါတယ္။

ေကာင္မေလးနဲ႕အတူ ေဆာ့ေနတဲ့ ပံုေလးေတြကိုလည္း သူရဲ႕ အေကာင့္မွာ တင္ထားပါတယ္။ ႏိုင္းဝမ္းကေတာ့ ပရိသတ္ေတြသိခဲ့ၾကတဲ့ အရင္ေကာင္မေလးနဲ႕ လမ္းခြဲၿပီးေနာက္မွာ တစ္ေယာက္တည္း ျဖစ္ေနခဲ့တဲ့ ႏိုင္းဝမ္းတစ္ေယာက္ သူ႕ရဲ႕ ငယ္ခ်စ္ေဟာင္းနဲ႕ ျပန္လည္လက္တြဲေနတာျဖစ္ပါတယ္။

ယခုလက္ရွိေကာင္မေလးနဲ႕ တကၠသိုလ္ေက်ာင္းသားဘဝကတည္းက ခ်စ္သူေတြျဖစ္ခဲ့ၾကတာျဖစ္တယ္လို႕လည္း သိရပါတယ္။

အရာရာကို နားလည္းေပးခဲ့ၿပီး မိုက္ရူးရဲဆန္ခဲ့တာေတြကို ခြင့္လႊတ္ေပးခဲ့တဲ့ ေကာင္းမေလးေၾကာင့္ ႏိုင္းဝမ္းတစ္ေယာက္ ေပ်ာ္ေနပါတယ္။ ႏိုင္းဝမ္းကေတာ့ လက္ရွိမွာ “တစ္ကိုယ္ေတာ္”လို႕ နာမည္ေပးထားတဲ့ စီးရီသစ္ကို ျပင္ဆင္ေနၿပီး မၾကာခင္မွာ ထြက္ႏိုင္ဖုိ႕ ျပင္ဆင္ေန တယ္လို႕လည္း သိရပါတယ္။

ႏိုင္းဝမ္း(Nine One)ဟာ ဂီတေလာကထဲသုိ႕ ၂၀၀၂ ခုႏွစ္ေလာက္က စတင္ဝင္ေရာက္လာၿပီး ပရိသတ္အားေပးမႈ ရရွိထားတဲ့ အဆုိေတာ္ တစ္ဦးျဖစ္ၿပီး တစ္ခ်ိန္က ယြန္းမီွမွီေက်ာ္နဲ႕ ခ်စ္သူျဖစ္ခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။

ႏိုင္းဝမ္းဟာ နင္သာရွိရင္ သီခ်င္းနဲ႕လည္း ေရႊ FM ရဲ႕ အေကာင္းဆုံး ကုိယ္ပုိင္ သံစဥ္ေတးျပဳ စာဆုိဆုကုိလည္း ရရွိထားသူ တစ္ဦး ျဖစ္ပါတယ္။

Photo : ႏုိင္းဝမ္း FB

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆိုတော် နိုင်းဝမ်းကတော့ ချစ်သူများနေ့လေးမှာ ချစ်တဲ့ကောင်မလေးနဲ့အတူ ခရီးအတူထွက်ဖြစ်နေပါတယ်။ ချစ်သူရဲ့ အလိုကျ စိမ်းလဲ့တင်ကို လိုက်ပို့ပေးဖြစ်ပြီး ချစ်သူကို အချိန်ပေးဖြစ်နေတယ်တဲ့။

ချစ်သူများနေ့မှာ ချစ်တဲ့ချစ်သူကောင်မလေးနဲ့အတူ အဆိုတော် နိုင်းဝမ်း ဘယ်လိုဖြတ်သန်းဖြစ်လဲဆိုတာကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ပြောပြထားတာ တွေ့ရပါတယ်။

“Happy Valentines Day ပါ အသဲတုံးလေးMay Myo Thu Kyawရေ V Day လေးဆိုတော့ကာဘယ်သွားမယ်၊ ဘာလုပ်မယ် မင်းရဲ့သဘောပါ မင်းပြော ဆိုတော့

စိမ်းလဲ့တင်သွားပြီး ဇစ်ပ်လိုင်းစီးမယ်၊ အမြင့်ခုန်မယ်၊ သေနတ်ပစ်တမ်းကစားမယ်၊ အမျိုးစုံကမြင်းကြောထပြီးရင်၊ Mountain View က Infinity Pool မှာ ရေကူးရင်းအနားယူချင်တယ်ဆိုလို့ရောက်လာကြပြီလေ။

တနေ့တခြားပိုပိုသိလာရတာက ကျွန်တော်အလွန်ချစ်မြတ်နိုးရပါသော ပဲမများ၊ အလှအပမလိုက်စား၊ မာနထောင်လွှားချင်းမရှိပဲ၊ ရိုးသားဖြူစင် အေးချမ်းလှပြီး၊ သက်စွန့်ဆံဖျားအလွန်ဝါသနာပါသော “သူမသည် မျောက်တစ်ကောင် ဖြစ်သည်” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

ကောင်မလေးနဲ့အတူ ဆော့နေတဲ့ ပုံလေးတွေကိုလည်း သူရဲ့ အကောင့်မှာ တင်ထားပါတယ်။ နိုင်းဝမ်းကတော့ ပရိသတ်တွေသိခဲ့ကြတဲ့ အရင်ကောင်မလေးနဲ့ လမ်းခွဲပြီးနောက်မှာ တစ်ယောက်တည်း ဖြစ်နေခဲ့တဲ့ နိုင်းဝမ်းတစ်ယောက် သူ့ရဲ့ ငယ်ချစ်ဟောင်းနဲ့ ပြန်လည်လက်တွဲနေတာဖြစ်ပါတယ်။

ယခုလက်ရှိကောင်မလေးနဲ့ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

အရာရာကို နားလည်းပေးခဲ့ပြီး မိုက်ရူးရဲဆန်ခဲ့တာတွေကို ခွင့်လွှတ်ပေးခဲ့တဲ့ ကောင်းမလေးကြောင့် နိုင်းဝမ်းတစ်ယောက် ပျော်နေပါတယ်။ နိုင်းဝမ်းကတော့ လက်ရှိမှာ “တစ်ကိုယ်တော်”လို့ နာမည်ပေးထားတဲ့ စီးရီသစ်ကို ပြင်ဆင်နေပြီး မကြာခင်မှာ ထွက်နိုင်ဖို့ ပြင်ဆင်နေ တယ်လို့လည်း သိရပါတယ်။

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး တစ်ချိန်က ယွန်းမှီမှီကျော်နဲ့ ချစ်သူဖြစ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo : နိုင်းဝမ်း FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top