iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ကၽြတ္တာက အသက္အရြယ္မေရြး၊ က်ားမမေရြး ႀကံဳေတြ႔ရတဲ့ ျပႆနာတစ္ရပ္ပါပဲ။ ေခါင္းေလွ်ာ္ၿပီးတဲ့ အခါတိုင္း ပါလာတဲ့ ဆံပင္အေထြးလိုက္ႀကီးကို ျမင္ရတာ စိတ္မခ်မ္းေျမ႕စရာပါပဲ။ ဆံပင္ကၽြတ္လြန္းလို႔ ကတံုးတံုးခ်င္စိတ္ေပါက္ၿပီး စိတ္ညစ္ေနသူေတြအတြက္ အစားအေသာက္နဲ႔ ကုသတဲ့ နည္းလမ္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္။ အခုေဖာ္ျပေပးမယ့္ အစားအေသာက္မ်ားက ဆံပင္ကၽြတ္ျခင္းကို သက္သာေစႏုိင္တာမို႔လို႔ ဘာေတြစားသံုးရမလဲဆိုတာကို ေဝမွ်ေပးလိုက္ ပါတယ္ေနာ္။

(၁) ဥအမ်ိဳးမ်ိဳး

ဆံသားအားျဖည့္ဖုိ႔အတြက္ ဥအမ်ိဳးမ်ိဳးမွာ ပါဝင္တဲ့ အသားဓာတ္ကို ျဖည့္တင္းေပးဖို႔လည္း လိုပါတယ္ေနာ္။ ၾကက္ဥအကာနဲ႔ ဆံပင္ေပါင္းတင္တာေတြကိုလည္း ၾကားဖူးမွာပါ။ ဆံပင္ မေပါင္းတင္ခ်င္ဘူး ဆိုရင္ေတာ့ စားလိုက္လို႔ရပါတယ္ေနာ္။ ဥအမ်ိဳးမ်ိဳးကို စားသံုးေပးတာက ဦးေရျပားက်န္းမာေရးကို တစ္ဖက္တစ္လမ္းကေန အေထာက္အကူျပဳေပးႏုိင္ပါတယ္။

(၂) ဆယ္လ္မြန္ငါး

ဆယ္လ္မြန္ငါးက က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳတယ္ဆိုတာကိုေတာ့ အားလံုးသိၿပီးသား ျဖစ္မွာပါ။ ဆယ္လ္မြန္ငါးမွာ ပါဝင္တဲ့ သဘာဝအဆီဓာတ္က ဦးေႏွာက္နဲ႔ ေသြးေၾကာမ်ား က်န္းမာဖို႔အတြက္ မ်ားစြာအေထာက္အကူျပဳသလို၊ Omega 3 Fatty acid ကလည္း ဆံသားမ်ားကို က်န္းမာသန္စြမ္းေစပါတယ္။ ဒါအျပင္ ဆံပင္ႏွစ္ခြျဖစ္ျခင္း၊ ဆံသားမြဲ ေျခာက္ေျခာက္ျဖစ္ျခင္းနဲ႔ ဆံပင္ကၽြတ္ျခင္းမွလည္း ကာကြယ္ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ ဆယ္လ္မြန္ငါးကို တစ္ပတ္ႏွစ္ႀကိမ္ေလာက္ စားသံုးေပးသင့္ပါတယ္။

(၃) အမဲသား

အမဲသားမစားတဲ့သူေတြအတြက္ေတာ့ အမဲသားမွာပါဝင္တဲ့ အာဟာရဓာတ္နဲ႔ ညီမွ်တဲ့ အသားကို စားသံုးႏုိင္ပါတယ္။ အမဲသားရဲ႕ ျပည့္ဝတဲ့ အသားဓာတ္က ဆံေကသာက်န္းမာသန္စြမ္းဖို႔အတြက္ မ်ားစြာအေထာက္အကူ ျပဳပါတယ္။ ဆံပင္အရမ္းကၽြတ္သူေတြအေနနဲ႔ တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ စားသံုးရံုနဲ႔ သိသာတဲ့အက်ိဳးရလဒ္ကို ခံစားရမွာပါ။

(၄) ပဲအမ်ိဳးမ်ိဳး

အသားဟင္းမစားခ်င္ေတာ့ဘူး၊ သက္သက္လြတ္သမားဆိုရင္ေတာ့ ပဲအမ်ိဳးမ်ိဳးကို စားသံုးေပးႏုိင္ပါတယ္။ ပဲနီေလး၊ ပဲကုလား၊ ဗိုလ္စားပဲ၊ ပဲေတာင့္ရွည္၊ စားေတာ္ပဲ စတဲ့ ပဲအမ်ိဳးမ်ိဳးမွာ ပါဝင္တဲ့ အာဟာရဓာတ္မ်ားက အသားဓာတ္နဲ႔ ညီမွ်တဲ့အတြက္ အသားမစားခ်င္တဲ့သူေတြအတြက္ ေရြးခ်ယ္စရာတစ္ခုပါပဲ။

 (၅) အေစ့အဆန္မ်ား

ဆံပင္ကၽြတ္ရတဲ့ အေၾကာင္းအရင္းေတြထဲမွာ သံဓာတ္ခ်ိဳ႕တဲ့မႈေၾကာင့္လည္း ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ သံဓာတ္ျပည့္ဝစြာ ပါဝင္တဲ့ အေစ့အဆန္မ်ားကိုလည္း စားသံုးေပးမယ္ဆိုရင္ ဆံသားက်ိဳးေၾကပ်က္စီး ျခင္းနဲ႔ အျခားဆံသား ျပႆနာမ်ားကို ေျဖရွင္းေပးႏုိင္ပါတယ္။

Credit : myanmaplatform
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆံပင်ကျွတ်တာက အသက်အရွယ်မရွေး၊ ကျားမမရွေး ကြုံတွေ့ရတဲ့ ပြဿနာတစ်ရပ်ပါပဲ။ ခေါင်းလျှော်ပြီးတဲ့ အခါတိုင်း ပါလာတဲ့ ဆံပင်အထွေးလိုက်ကြီးကို မြင်ရတာ စိတ်မချမ်းမြေ့စရာပါပဲ။ ဆံပင်ကျွတ်လွန်းလို့ ကတုံးတုံးချင်စိတ်ပေါက်ပြီး စိတ်ညစ်နေသူတွေအတွက် အစားအသောက်နဲ့ ကုသတဲ့ နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။ အခုဖော်ပြပေးမယ့် အစားအသောက်များက ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်တာမို့လို့ ဘာတွေစားသုံးရမလဲဆိုတာကို ဝေမျှပေးလိုက် ပါတယ်နော်။

(၁) ဥအမျိုးမျိုး

ဆံသားအားဖြည့်ဖို့အတွက် ဥအမျိုးမျိုးမှာ ပါဝင်တဲ့ အသားဓာတ်ကို ဖြည့်တင်းပေးဖို့လည်း လိုပါတယ်နော်။ ကြက်ဥအကာနဲ့ ဆံပင်ပေါင်းတင်တာတွေကိုလည်း ကြားဖူးမှာပါ။ ဆံပင် မပေါင်းတင်ချင်ဘူး ဆိုရင်တော့ စားလိုက်လို့ရပါတယ်နော်။ ဥအမျိုးမျိုးကို စားသုံးပေးတာက ဦးရေပြားကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပေးနိုင်ပါတယ်။

(၂) ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတယ်ဆိုတာကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဆယ်လ်မွန်ငါးမှာ ပါဝင်တဲ့ သဘာဝအဆီဓာတ်က ဦးနှောက်နဲ့ သွေးကြောများ ကျန်းမာဖို့အတွက် များစွာအထောက်အကူပြုသလို၊ Omega 3 Fatty acid ကလည်း ဆံသားများကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒါအပြင် ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံသားမွဲ ခြောက်ခြောက်ဖြစ်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆယ်လ်မွန်ငါးကို တစ်ပတ်နှစ်ကြိမ်လောက် စားသုံးပေးသင့်ပါတယ်။

(၃) အမဲသား

အမဲသားမစားတဲ့သူတွေအတွက်တော့ အမဲသားမှာပါဝင်တဲ့ အာဟာရဓာတ်နဲ့ ညီမျှတဲ့ အသားကို စားသုံးနိုင်ပါတယ်။ အမဲသားရဲ့ ပြည့်ဝတဲ့ အသားဓာတ်က ဆံကေသာကျန်းမာသန်စွမ်းဖို့အတွက် များစွာအထောက်အကူ ပြုပါတယ်။ ဆံပင်အရမ်းကျွတ်သူတွေအနေနဲ့ တစ်ပတ်ကို နှစ်ကြိမ်လောက် စားသုံးရုံနဲ့ သိသာတဲ့အကျိုးရလဒ်ကို ခံစားရမှာပါ။

(၄) ပဲအမျိုးမျိုး

အသားဟင်းမစားချင်တော့ဘူး၊ သက်သက်လွတ်သမားဆိုရင်တော့ ပဲအမျိုးမျိုးကို စားသုံးပေးနိုင်ပါတယ်။ ပဲနီလေး၊ ပဲကုလား၊ ဗိုလ်စားပဲ၊ ပဲတောင့်ရှည်၊ စားတော်ပဲ စတဲ့ ပဲအမျိုးမျိုးမှာ ပါဝင်တဲ့ အာဟာရဓာတ်များက အသားဓာတ်နဲ့ ညီမျှတဲ့အတွက် အသားမစားချင်တဲ့သူတွေအတွက် ရွေးချယ်စရာတစ်ခုပါပဲ။

 (၅) အစေ့အဆန်များ

ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ သံဓာတ်ချို့တဲ့မှုကြောင့်လည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် သံဓာတ်ပြည့်ဝစွာ ပါဝင်တဲ့ အစေ့အဆန်များကိုလည်း စားသုံးပေးမယ်ဆိုရင် ဆံသားကျိုးကြေပျက်စီး ခြင်းနဲ့ အခြားဆံသား ပြဿနာများကို ဖြေရှင်းပေးနိုင်ပါတယ်။

Credit : myanmaplatform

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top