iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ စုိးျပည့္သဇင္ကေတာ့ မ်က္ႏွာဖုံးမ်ားဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ သဒၵါဆုိတဲ့ ေကာင္မေလးတစ္ေယာက္၊ အလွျပင္ဆုိင္မွာ အလုပ္လုပ္ေနရတဲ့ မိန္းကေလးေတြထဲကမွ ဘဝတစ္ခုရဲ႕ သင္ခန္းစာကုိေပးႏုိင္မယ့္ သူ႔ရဲ႕ ကာရုိက္တာအေၾကာင္းကုိ Duwun Media ကေနမိတ္ဆက္ေပးခဲ့ပါတယ္။

'' ဦးမင္းဦးကေတာ့ ဒီဇာတ္ကားထဲမွာ မိန္းကေလးတစ္ေယာက္ခ်င္းစီရဲ႕ ဘဝပုံစံေလးေတြကုိ ခ်ျပမွာေပါ့ေနာ္။ စုိးျပည့္ကက်ေတာ့ အခုေခတ္မွာျဖစ္ေပၚေနၾကေလ ေဖ့စ္ဘုတ္မွာခ်စ္သူေတြျဖစ္ၾကတယ္ သင္ခန္းစာေတြရလာခဲ့ၾကတယ္။ အျပင္မွာလည္း ရွိၾကတဲ့အတြက္ ေပးခ်င္တဲ့ မက္ေဆ့ခ်္ ပုံစံမ်ဳိးေလးေပါ့စိုးျပည့္ကေတာ့ အဲ့ဒီလုိကာရုိက္တာန႔ဲ သရုပ္ေဆာင္ေနပါတယ္'' လုိ႔ဆုိပါတယ္။

ဒါရုိက္တာမင္းဦး အျဖစ္ ပထမဆုံးေတြ႔ဆုံခြင့္ရတဲ့ ဇာတ္ကားပါလုိ႔ ဆုိပါတယ္။

'' လုပ္ကြက္ေလးလည္းရပါတယ္။ ဦးမင္းဦးနဲ႔ကလည္း ဒါရုိက္တာအျဖစ္ပထမဆုံး ဆုံဖူးတာပဲ။ အေရွ႕မွာတုန္းကေတာ့ ဦးေလးျဖစ္လုိက္၊ ခ်စ္သူျဖစ္လုိက္၊ အစ္ကုိျဖစ္လုိက္၊ အေဖျဖစ္လိုက္နဲ႔ေပါ့ အျမဲတမ္းသရုပ္ေဆာင္ေနရတာ။ ဒါရိုက္တာအေနနဲ႕ကေတာ့ သူ႔ရဲ႕ ညႊန္ၾကားမႈ ေအာက္မွာ သရုပ္ေဆာင္ရမွာ ပထမဆုံးပါပဲ'' လုိ႔ သူကဆိုပါတယ္။

သရုပ္ေဆာင္စုိးျပည့္သဇင္ကေတာ့ ၂၀၁၇ခုႏွစ္ရုပ္ရွင္အကယ္ဒမီဆု စာရင္းဝင္ရုပ္ရွင္ဇာတ္ကားႀကီးေတြထဲကမွ သူပါဝင္ရုိက္ကူးထားတဲ့ ေခါက္ထီးေလး မလုံ႔တလုံ ရုပ္ရွင္ဇာတ္ကားႀကီးအတြက္လည္း သူ႕ရဲ႕ ပရိသတ္ေတြက ဆုရရွိေစဖုိ႔ ရင္ခုန္စိတ္လႈပ္ရွားေနၾကပါတယ္။

Photo: စုိးျပည့္သဇင္ေဖ့စ္ဘုတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ မျက်နှာဖုံးများဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သဒ္ဒါဆိုတဲ့ ကောင်မလေးတစ်ယောက်၊ အလှပြင်ဆိုင်မှာ အလုပ်လုပ်နေရတဲ့ မိန်းကလေးတွေထဲကမှ ဘဝတစ်ခုရဲ့ သင်ခန်းစာကိုပေးနိုင်မယ့် သူ့ရဲ့ ကာရိုက်တာအကြောင်းကို Duwun Media ကနေမိတ်ဆက်ပေးခဲ့ပါတယ်။

'' ဦးမင်းဦးကတော့ ဒီဇာတ်ကားထဲမှာ မိန်းကလေးတစ်ယောက်ချင်းစီရဲ့ ဘဝပုံစံလေးတွေကို ချပြမှာပေါ့နော်။ စိုးပြည့်ကကျတော့ အခုခေတ်မှာဖြစ်ပေါ်နေကြလေ ဖေ့စ်ဘုတ်မှာချစ်သူတွေဖြစ်ကြတယ် သင်ခန်းစာတွေရလာခဲ့ကြတယ်။ အပြင်မှာလည်း ရှိကြတဲ့အတွက် ပေးချင်တဲ့ မက်ဆေ့ချ် ပုံစံမျိုးလေးပေါ့စိုးပြည့်ကတော့ အဲ့ဒီလိုကာရိုက်တာနဲ့ သရုပ်ဆောင်နေပါတယ်'' လို့ဆိုပါတယ်။

ဒါရိုက်တာမင်းဦး အဖြစ် ပထမဆုံးတွေ့ဆုံခွင့်ရတဲ့ ဇာတ်ကားပါလို့ ဆိုပါတယ်။

'' လုပ်ကွက်လေးလည်းရပါတယ်။ ဦးမင်းဦးနဲ့ကလည်း ဒါရိုက်တာအဖြစ်ပထမဆုံး ဆုံဖူးတာပဲ။ အရှေ့မှာတုန်းကတော့ ဦးလေးဖြစ်လိုက်၊ ချစ်သူဖြစ်လိုက်၊ အစ်ကိုဖြစ်လိုက်၊ အဖေဖြစ်လိုက်နဲ့ပေါ့ အမြဲတမ်းသရုပ်ဆောင်နေရတာ။ ဒါရိုက်တာအနေနဲ့ကတော့ သူ့ရဲ့ ညွှန်ကြားမှု အောက်မှာ သရုပ်ဆောင်ရမှာ ပထမဆုံးပါပဲ'' လို့ သူကဆိုပါတယ်။

သရုပ်ဆောင်စိုးပြည့်သဇင်ကတော့ ၂၀၁၇ခုနှစ်ရုပ်ရှင်အကယ်ဒမီဆု စာရင်းဝင်ရုပ်ရှင်ဇာတ်ကားကြီးတွေထဲကမှ သူပါဝင်ရိုက်ကူးထားတဲ့ ခေါက်ထီးလေး မလုံ့တလုံ ရုပ်ရှင်ဇာတ်ကားကြီးအတွက်လည်း သူ့ရဲ့ ပရိသတ်တွေက ဆုရရှိစေဖို့ ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။

Photo: စိုးပြည့်သဇင်ဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top