iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Cantwait2say

သုသု ရဲ့ အချစ်ရေး အကြောင်းတွေကို အမြဲ ပွင့်ပွင့်လင်းလင်း ပြောပြလေ့ရှိပြီး လက်ရှိမှာတော့ သူတို့နှစ်ဦးရန်ဖြစ်ထားကာ ကိုယ့်အိမ်ကိုယ် ပြန်နေနေကြတယ်လို့သုသုက Myanmar Cele 7 နဲ့ အင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်တွေထဲ သုသုနဲ့ ကိုကြီး တို့ရဲ့ စုံတွဲလေးကို ချစ်ကြတဲ့ သူတွေရှိလား။ လက်ရှိမှာတော့ သုသု ဟာသ ဗီဒီယိုလေးတွေ တင်တဲ့ ကိစ္စကို မကြိုက်လို့ သူတို့နှစ်ဦးရန်ဖြစ်ထားကြပြီး သူတို့ရန်ဖြစ်ရင် ကြာတယ် တခါတလေ လနဲ့ ချီကြာတတ်ပါတယ်တဲ့။ ဖုန်းတော့ ပြောကြပါတယ်လို့ သုသုက ပြောပါတယ်။

ရည်းစားစကားလာပြောသူတွေလည်း ရှိပေမယ့် သုသုအနေနဲ့ ပြန်စဉ်းစားမှာ မဟုတ်ဘဲ အခု လက်ရှိ ချစ်သူကိုသာ တစ်သက်လုံး သစ္စာရှိရှိချစ်သွားမယ်လို့ ဆိုပါတယ်။ မကြာသေးခင်ကပဲ အွန်လိုင်းပေါ် ရောက်ရှိခဲ့တဲ့ သူ့ရဲ့ အဝတ်လဲတဲ့ ဗီဒီယိုကြောင့် ပြောဆို ဝေဖန်မှုတွေရှိခဲ့တာမို့ နောက်ထပ် အဲ့လို ပြောစရာ ဖြစ်မယ့် ဖြစ်ရပ်တွေ မဖြစ်စေချင်ဘဲ သူ့ကို ချစ်နေကြတဲ့ သူတွေ မုန်းသွားမှာကို မလိုချင်ဘူးလို့လည်း သုသုက ဆိုပါတယ်။

ပျော်စရာ ဗီဒီယိုလေးတွေ တင်ရင်း၊ သူများတွေကို အလှဆုံး ဖြစ်အောင်ပြင်ပေးရင်း၊ ကုသိုလ်ကောင်းမှုတွေလုပ်ရင်း လူချစ်လူခင် များကာ ချစ်သူ ခင်သူတွေ များလာတဲ့ သုသု တစ်ယောက် အချစ်ရေးမှာ လက်ရှိ အဆင်မပြေနေပေမယ့်လည်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပုံပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး ကိုယ် ချစ်ခင်ရတဲ့ သူတွေနဲ့ အတူ ဘဝကို အေးအေးချမ်းချမ်း တည်ဆောက်နေသူပါ။
ရှေ့ဆက်ပြီး ပြန်လည် အဆင်ပြေ ပျော်ရွှင်ရတဲ့ အချစ်ရေးလေး ပိုင်ဆိုင်ရဖို့ ပြောချင်လွန်းလို့ကနေ ဆုတောင်းပေးလိုက်ရပါတယ်။

Credit : Cantwait2say

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top