iMyanmarHouse.com - Best Property Website for Myanmar
×











ဆံပင်ရှည်ထားတဲ့သူတွေကို မြင်လိုက်ရရင် အားကျတဲ့စိတ်၊ သူတို့လို ဆံပင်အရှည်ထားချင်တဲ့ စိတ်တွေ ဖြစ်တတ်ကြပါတယ်။ ဖြောင့်စင်းနေတဲ့ ဆံပင်ပဲဖြစ်ဖြစ်၊ အရှည်ကို ကောက်ထားတာပဲဖြစ်ဖြစ် ဆံပင်အရှည် မြင်လိုက်ရရင်ကို သဘောကျကြတာပါ။ ဒါပေမယ့် အဲ့ဒီလို ဆံပင်အရှည်ထားတဲ့ မိန်းကလေးတွေ နေ့စဉ်နေ့တိုင်း ကြုံနေရတဲ့ ပြသနာကိုတော့ သူတို့သိမှာ မဟုတ်ပါဘူး။

၁။ခေါင်းလျှော်တဲ့အခါ သူများတွေထက် အချိန်ပိုကြာပါတယ်။
ဓမ္မတာလာနေတဲ့အချိန် ဆံပင်တိုတဲ့ ပျိုမေတွေ အမြန်လျှော်ပြီး အခြောက်ခံနိုင်ပေမယ့် အရှည်ထားတဲ့သူတွေကတော့ စဉ်းစားစရာတွေ များပါတယ်။ ဒါ့ပြင် ခေါင်းလျှာ်တဲ့အခါ အချိန်အကြာကြီးပေးရပါတယ်။ ခေါင်းဖြီးတဲ့အခါမှာလဲ ထိုနည်းလည်းကောင်းပါပဲ။ လက်ကလေးနဲ့သပ်လိုက်ရုံ ပြီးသွားတာ မဟုတ်ပါဘူး။

၂။ပူအိုက်လို့ ခေါင်းကိုစည်းထားတော့မယ်ဆို ကြာရှည်စည်းထားလို့ မဖြစ်နိုင်ပါဘူး။
ဆံပင်ရှည်တော့ အလေးချိန်လည်း ပိုများလာပါတယ်။ ဆံပင်ကို ထုံးပြီး စည်းထားနိုင်ပေမယ့် ကြာရှည် ဒီလိုလုပ်ထားရင် ဇက်ကြောတက်တာ၊ ပခုံးညောင်းတာမျိုးတွေ ခံစားကြရပါတယ်။

၃။အဆင်တန်ဆာတွေနဲ့ငြိတာ၊ ဇစ်နဲ့ချိတ်ငြိသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။
တစ်ခုခု ၀တ်တော့မယ်ဆို ဆံပင်ကို သတိထားပြီး အရင်ဖယ်ရင်ဖယ်၊ မဖယ်လို့ကတော့ ဟိုဟာငြိ၊ ဒီဟာငြိ ဖြစ်ပြီသာမှတ်။

၎။ပန်ကာလိုမျိုး၊ hair dryer လိုအရာမျိုးတွေနဲ့ လွတ်လွတ်ကင်းကင်းနေရပါတယ်။
ငြိသွားတတ်တဲ့အရာမျိုးတွေထဲမှာ ပန်ကာလိုမျိုး၊ hair-dryer လိုမျိုးအရာတွေကတော့ ကြောက်စရာကောင်းပါတယ်။ ငြိပါသွားရင် ဦးရေပြားလန်သွားတဲ့အထိ အန္တရာယ်ကြီးတာမို့ သတိထားကြရပါတယ်။

၅။ကလေးတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။
ကလေးတွေက ဆံပင်ရှည်တဲ့ ပျိုမေတွေဆီကပ်လာပြီဆိုရင် အဲ့ဒီဆံပင်ကို သူတို့စိတ်ဝင်စားကြလို့ပါပဲ။ ဒီဆံပင်ကို သူတို့ဆော့ချင်ကြပါတယ်။

၆။ကိုယ့်ဆံပင်ကို ထိုင်မိတာမျိုး၊ အခြားသူတွေက ဆံပင်ပေါ် ဖိမိတာမျိုးတွေ ကြုံရတတ်ပါတယ်။
ဆံပင်က ရှည်လွန်းတာကြောင့် ထိုင်တော့မယ်ဆို ဆံပင်ကို အရင်ဖယ်နေရပါတယ်။ တစ်ခါတစ်လေ တစ်ခြားသူတွေက ဆံပင်ကို တက်ဖိထားလို့ ဖယ်ခိုင်းရတာမျိုးတွေလည်း ရှိတတ်ပါတယ်။

၇။ဆံပင်တွေ ငြိပြီး ရှုပ်ထွေးပြီးဆိုရင် ရှင်းရသိပ်ခက်ပါတယ်။
ဆံပင်တစ်ခါဖြီးလိုက်လို့ အချိန်ယူရတာထက် ဘီးမှာ ငြိပြီး ရှုပ်ထွေးတာမျိုးတွေ ရှင်းရတာက ပိုဆိုးပါတယ်။ အလုပ်တစ်ခုပါပဲ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top