iMyanmarHouse.com - Best Property Website for Myanmar
×














အစားအစာကို နည်းနည်းချင်းစားခြင်းမှာ ကိုယ်အလေးချိန် လျှော့ချနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သော်လည်း စားချိန်တွင် မစားဘဲနေခြင်း မှာ ခန္ဓာကိုယ်၏ဇီဝစနစ်ကို ရှုပ်ထွေးစေသောကြောင့် ဝမ်းဗိုက်ပိုင်းတွင် အဆီဖြစ်ပေါ်မှုပိုများလာစေပြီး ဆီးချိုရောဂါဖြစ်လာနိုင်သည့် အန္တရာယ်ရှိကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရသည်။

အစာကို ထိန်းချုပ်ကျွေးထားသော ကြွက်များနှင့် တစ်နေ့လုံး လွတ်လွတ်လပ်လပ် စားခွင့်ပေးထားသော ကြွက်များမှာ ကိုယ်အ လေးချိန်လျော့ကျကြသော်လည်း အစာကို တစ်ချိန်တည်း အပြီးစားပြီး တစ်နေ့လုံး မစားတော့ဘဲနေသော ကြွက်များ၏ ဝမ်းဗိုက်ပိုင်း နေရာတစ်ဝိုက်တွင် အဆီပိုများ ဖြစ်ပေါ်လာကြောင်း လေ့လာတွေ့ရှိခဲ့သည်။

အစာစားပြီးနောက် အစာချေဖျက်ရန် အရည်ထုတ်ပေးသော ပန်ကရိယ ဂလင်းက အစားအစာမှ ဂလူးကို့စ်ထုတ်ယူရန် အင်ဆူလင်ကို ထုတ်လုပ်ပေးသည်။ သွေးထဲတွင် အင်ဆူလင်အလွန်များပြား နေပါက အသည်းက ဇီဝဖြစ်ပျက်မှုစနစ်ဟန်ချက်ညီစေရန် ဂလူးကို့စ်ထုတ်လုပ်ပေးသည်။

ဗိုက်ကားအောင် တစ်ကြိမ်တည်း စားထားသောကြောင့် ကြွက်များ၏ ပန်ကရိယဂလင်းက အစားအစာမှ ဂလူးကို့စ်ထုတ်ယူရန် အင်ဆူလင်ထုတ်လုပ်မှု မလုံမလောက်ဖြစ်လာသည်။ ထို့ကြောင့်အဆီများအဖြစ် နောက်ဆုံးတွင် သိုလှောင်လိုက်မည့် အစာချေဖျက်မှုစနစ်တွင်းရှိ ဂလူးကို့စ်များ ပိုမိုဖြစ်ပေါ်လာသည်။

ယင်းအခြေအနေများတွင် အသည်းက အင်ဆူလင် လုံလုံ လောက်လောက် မထုတ်တော့ဘဲ ဂလူးကို့စ် ပိုများလာခြင်းကြောင့် ဂလူးကို့စ်ထုတ်လုပ်ပေးနေမှုကို ပိတ်ပစ်ရန် အသည်းသို့ အချက်ပြ မှုများကို အသည်းက မတုံ့ပြန်တော့ကြောင်း သုတေသီများက ပြော သည်။
အင်ဆူလင် လုံးဝထုတ်လွှတ်မှုမရှိပါက ဆီးချိုရောဂါဖြစ်လာနိုင်ကြောင်း သုတေသီများက ပြောကြားသည်။
ယခုလေ့လာမှုကို Natritional Biology ဂျာနယ်တွင် ဖော်ပြထားသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top