iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ဂျောင်ဆိုမင်း သည် JTBC ရုပ်သံလိုင်း၏ D-Day အမည်ရ ဒရာမာဇာတ် လမ်းသစ်၌ ပါဝင်သရုပ်ဆောင် မည်ဟု အတည်ပြုသည်။

မော်ဒယ်သရုပ်ဆောင် ကင် ယောင်ကွမ်ကလည်း ယင်းဒရာ မာဇာတ်လမ်းတွဲသစ်၌ ခေါင်း ဆောင်မင်းသားအဖြစ် သရုပ် ဆောင်မည်ဟု ယခင်က အတည် ပြုထားသည်။

D-Day ဇာတ်လမ်းတွဲသည် JTBC ရုပ်သံလိုင်းအတွက် သဘာဝဘေးအန္တရာယ်ကယ် ဆယ်ရေးလုပ်ငန်းကို အခြေခံရိုက် ကူးသော ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်သည်။ ယင်းဇာတ်လမ်းတွဲတွင် ဂျောင်ဆိုမင်းက တက်ကြွသော ဆရာဝန်မလေး ဂျောင်ဒိုမီအဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။ ဂျောင်ဆိုမင်းမှာ ဆရာဝန်ဇာတ် ရုပ်ကို ပထမဆုံးအကြိမ်သရုပ် ဆောင်ခြင်းဖြစ်သည်။

D-Day ဇာတ်လမ်းတွဲထုတ် လုပ်ရေးအဖွဲ့က ယင်းဇာတ်လမ်း တွဲ၌ ထူးခြားသော ကွန်ပျူတာ ဂရပ်ဖစ်ဒီဇိုင်းများ အသုံးပြုသွား မည်ဟု ပြောကြားထား၍ D-Day ဒရာမာဇာတ်လမ်းတွဲမှာ လူ အများအာရုံစိုက်မှုကို ပိုမိုရရှိနေ သည်။ ယင်းဒရာမာဇာတ်လမ်းတွဲ စတင်ထုတ်လွှင့်မည့် နေ့ရက်ကို မကြေညာသေးသော်လည်း ယခု နှစ်ဝက်တွင် ထုတ်လွှင့်ပြသမည် ဟု မျှော်မှန်းထားသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top