iMyanmarHouse.com - Best Property Website for Myanmar
×

အသီးအႏွံေတြက အရမ္းေကာင္းပါတယ္။ သူတို႔မွာ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အာဟာရေတြအမ်ားႀကီးပါ၀င္ေနေပမယ့္ တခ်ိဳ႕ အသီးေတြကေတာ့ တြဲၿပီးစားမိရင္ က်န္းမာေရးကို ထိခို္က္ေစပါတယ္။

ငွက္ေပ်ာသီးနဲ႔ ပူတင္း

ငွက္ေပ်ာသီးနဲ႔ ပူတင္းက တြဲလ်က္စားဖို႔ မေကာင္းပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အစာေခ်ရ ခက္ခဲလို႔ပါ။ ဒီလို တြဲလ်က္ စားသံုးတာက ဦးေႏွာက္ကိုလည္းေလးလံေစပါတယ္။ ေမြးကင္းစ ကေလးေတြမွာဆိုရင္ အရမ္း အႏၱရာယ္ရွိပါတယ္။ ဒါေၾကာင့္ ဒီအသီး ၂ မ်ိဳးကို တတ္ႏိုင္သမွ် မစားသံုးပါနဲ႔။

မုန္လာဥနီနဲ႔ လိေမၼာ္သီး

မုန္လာဥနီ နဲ႔ လိေမၼာ္သီး ေဖ်ာ္ရည္က က်န္းမာေရးအတြက္ ေကာင္းမြန္တယ္လို႔ နာမည္ႀကီးတာေၾကာင့္ လူတိုင္း ေန႔စဥ္ ေသာက္သံုးၾကပါတယ္။ မုန္လာဥနီတစ္မ်ိဳးတည္း ေန႔စဥ္ေသာက္သံုးတာက အဆင္ေျပေပမယ့္ လိေမၼာ္သီးနဲ႔ တြဲလ်က္ စားသံုးမယ္ဆိုရင္ေတာ့ အစာမေခ် ဗိုက္ေအာင့္တာေတြ ျဖစ္ႏိုင္ပါတယ္။

တခ်ိဳ႕ျပင္းထန္တဲ့ အခ်ိန္ေတြမွာဆိုရင္ ေက်ာက္ကပ္ ပ်က္စီးေစတတ္တာေၾကာင့္ ေန႔တိုင္းနီးပါးေတာ့ တြဲလ်က္ မေသာက္သံုးသင့္ပါဘူး။

ႏြားႏို႔နဲ႔ နာနတ္သီး

နာနတ္သီးမွာ Bromelain အင္ဇိုင္း (နာနတ္သီးစားရင္ လွ်ာမွာ ရွတတျဖစ္ေန) ပါ၀င္တာေၾကာင့္ ဒီ အင္ဇိုင္းက ႏြားႏို႔နဲ႔ မတည့္ပါဘူး။

အကယ္၍ ေရာေႏွာၿပီး စားေသာက္မိရင္ ေခါင္းကိုက္၊ အစာအိမ္နာ၊ ပ်ိဳ႕အန္၊ ၀မ္းေလွ်ာစတာေတြ ျဖစ္တတ္ၿပီး ကေလးေတြမွာဆိုရင္ ပိုဆိုးတတ္ပါတယ္။

သံပုယိုသီးနဲ႔ သေဘၤာသီး

သံပုယိုသီးနဲ႔ သေဘၤာသီး ေရာေႏွာ စားေသာက္တာမ်ားလာရင္ ေသြးနီဥ နည္းပါးတဲ့ ေရာဂါမ်ိဳး ေတြျဖစ္လာတတ္ပါတယ္။ ေန႔တိုင္းနီးပါးေတာ့ မေသာက္သံုးသင့္ပါဘူး။

ငွက္ေပ်ာသီးနဲ႔ မာလကာသီး

ငွက္ေပ်ာသီးနဲ႔ မာလကာ သီးတို႔ကိုေတာ့ တြဲစားေလ့ရွိမွာ မဟုတ္ပါဘူး။ တြဲစားရင္လည္း အစာအိမ္ထဲမွာ အက္ဆစ္ဓာတ္ေတြ ထြက္တာမ်ားလို႔ ပ်ိဳ႕အန္တာ ၊ ေခါင္းမူးတာေတြ ျဖစ္တတ္ပါတယ္။

ႏြားႏို႔နဲ႔ လိေမၼာ္သီး

တခါတေလ တခ်ိဳ႕သူေတြက cereal ကို လိေမၼာ္သီး ေဖ်ာ္ရည္နဲ႔ ေရာေဖ်ာ္ၿပီး ေသာက္ေလ့ရွိတာကို ေတြ႔ရပါတယ္။ ဒါက က်န္းမာေရးအတြက္ မေကာင္းပါဘူး။ လိေမၼာ္သီး ေဖ်ာ္ရည္က cereal ကေန အစာအိမ္စုပ္ယူရမယ့္ ဓာတ္ေတြကို ေလ်ာ့က်ေစပါတယ္။ ဒါ့အျပင္ ႏြားႏို႔နဲ႔ပါ ေရာေနပါက အစာေျခႏိုင္စြမ္းကိုလည္း ေလ်ာ့က်ေစပါတယ္။

Credit:MyFoodMyanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အသီးအနှံတွေက အရမ်းကောင်းပါတယ်။ သူတို့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေအများကြီးပါဝင်နေပေမယ့် တချို့ အသီးတွေကတော့ တွဲပြီးစားမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ငှက်ပျောသီးနဲ့ ပူတင်း

ငှက်ပျောသီးနဲ့ ပူတင်းက တွဲလျက်စားဖို့ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစာချေရ ခက်ခဲလို့ပါ။ ဒီလို တွဲလျက် စားသုံးတာက ဦးနှောက်ကိုလည်းလေးလံစေပါတယ်။ မွေးကင်းစ ကလေးတွေမှာဆိုရင် အရမ်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဒီအသီး ၂ မျိုးကို တတ်နိုင်သမျှ မစားသုံးပါနဲ့။

မုန်လာဥနီနဲ့ လိမ္မော်သီး

မုန်လာဥနီ နဲ့ လိမ္မော်သီး ဖျော်ရည်က ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ နာမည်ကြီးတာကြောင့် လူတိုင်း နေ့စဉ် သောက်သုံးကြပါတယ်။ မုန်လာဥနီတစ်မျိုးတည်း နေ့စဉ်သောက်သုံးတာက အဆင်ပြေပေမယ့် လိမ္မော်သီးနဲ့ တွဲလျက် စားသုံးမယ်ဆိုရင်တော့ အစာမချေ ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။

တချို့ပြင်းထန်တဲ့ အချိန်တွေမှာဆိုရင် ကျောက်ကပ် ပျက်စီးစေတတ်တာကြောင့် နေ့တိုင်းနီးပါးတော့ တွဲလျက် မသောက်သုံးသင့်ပါဘူး။

နွားနို့နဲ့ နာနတ်သီး

နာနတ်သီးမှာ Bromelain အင်ဇိုင်း (နာနတ်သီးစားရင် လျှာမှာ ရှတတဖြစ်နေ) ပါဝင်တာကြောင့် ဒီ အင်ဇိုင်းက နွားနို့နဲ့ မတည့်ပါဘူး။

အကယ်၍ ရောနှောပြီး စားသောက်မိရင် ခေါင်းကိုက်၊ အစာအိမ်နာ၊ ပျို့အန်၊ ဝမ်းလျှောစတာတွေ ဖြစ်တတ်ပြီး ကလေးတွေမှာဆိုရင် ပိုဆိုးတတ်ပါတယ်။

သံပုယိုသီးနဲ့ သင်္ဘောသီး

သံပုယိုသီးနဲ့ သင်္ဘောသီး ရောနှော စားသောက်တာများလာရင် သွေးနီဥ နည်းပါးတဲ့ ရောဂါမျိုး တွေဖြစ်လာတတ်ပါတယ်။ နေ့တိုင်းနီးပါးတော့ မသောက်သုံးသင့်ပါဘူး။

ငှက်ပျောသီးနဲ့ မာလကာသီး

ငှက်ပျောသီးနဲ့ မာလကာ သီးတို့ကိုတော့ တွဲစားလေ့ရှိမှာ မဟုတ်ပါဘူး။ တွဲစားရင်လည်း အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေ ထွက်တာများလို့ ပျို့အန်တာ ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။

နွားနို့နဲ့ လိမ္မော်သီး

တခါတလေ တချို့သူတွေက cereal ကို လိမ္မော်သီး ဖျော်ရည်နဲ့ ရောဖျော်ပြီး သောက်လေ့ရှိတာကို တွေ့ရပါတယ်။ ဒါက ကျန်းမာရေးအတွက် မကောင်းပါဘူး။ လိမ္မော်သီး ဖျော်ရည်က cereal ကနေ အစာအိမ်စုပ်ယူရမယ့် ဓာတ်တွေကို လျော့ကျစေပါတယ်။ ဒါ့အပြင် နွားနို့နဲ့ပါ ရောနေပါက အစာခြေနိုင်စွမ်းကိုလည်း လျော့ကျစေပါတယ်။

Credit:MyFoodMyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top