iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ့ယဥ္ေက်းမႈ မ်ား တစုတေဝး တည္ရွိရာ ပုဂံ ေညာင္ဦးေဒသ ကို အေျခခံ ႐ိုက္ကူးထားသည့္ “ကၽြန္” ဇာတ္ကား ဒါ႐ိုက္တာ ကို တရားမေၾကာင္းအရ တရား စြဲမည္ျဖစ္ေၾကာင္း ပုဂံေညာင္ဦးေဒသရွိ မဂၤလာသာစည္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစန္းေမာင္ က ေျပာၾကားသည္။

႐ံုတင္ျပေနေသာ ကၽြန္ ဇာတ္ကား တြင္ မဂၤလာသာစည္ ဘုရားကၽြန္ အနာႀကီးေရာဂါ စြဲကပ္ေနသူတို႔ျဖင့္ ဇာတ္လမ္းဆင္ ႐ိုက္ကူးျခင္းမွာ မဂၤလာသာစည္ ရပ္ကြက္တစ္ခုလံုး အပါအဝင္ ပုဂံေညာင္ဦး၏ပံုရိပ္ကို ထိခိုက္ေစျခင္း၊ အနာႀကီးေရာဂါသည္မ်ား ျမန္မာႏိုင္ငံ တြင္ ေပ်ာက္ကင္းေအာင္ မကုသႏိုင္ဟု ကမၻာက ထင္ျမင္ယူဆသြားႏိုင္ျခင္းတို႔ေၾကာင့္ ႏိုင္ငံပံုရိပ္ကို ထိခိုက္လာမႈမ်ား ျဖစ္ေပၚလာႏိုင္သျဖင့္ မဂၤလာသာစည္ ရပ္ကြက္ေဒသခံမ်ား ကိုယ္စား အုပ္ခ်ဳပ္ေရးမွဴး တစ္ဦးအေနႏွင့္ တရားစြဲဆိုျခင္းျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

ဇြန္လ ၅ ရက္ေန႔က တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ (၁) ႏွင့္ ေညာင္ဦး ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴးတို႔ ပါဝင္သည့္ အစည္းအေဝးတြင္ တရားစြဲဆိုမည့္ကိစၥကို အသိေပးခဲ့ေၾကာင္း ၎က ေျပာၾကားသည္။

“ကၽြန္ေတာ့္ နယ္မွာ ဒီလိုဟာမ်ိဳးေတြ မရွိခဲ့ဘူး၊ ဒါေၾကာင့္ တရားစြဲတာ၊ ေလာေလာဆယ္ေတာ့ ေရွ႕ေနေတြနဲ႔ တိုင္ပင္ေနတယ္”ဟု မဂၤလာသာစည္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးစန္းေမာင္က ေျပာဆိုသည္။

ယင္း ႐ုပ္ရွင္ဇာတ္ကား၏ ဇာတ္ညႊန္း အရ မွဴးႀကီးမတ္ရာ မ်ိဳး႐ိုးမွဆင္းသက္လာသည့္ သူေဌးသားတစ္ဦးႏွင့္ ဘုရားကၽြန္မ်ိဳး႐ိုးမွ ဆင္းသက္လာသည့္ မိန္းကေလးတစ္ဦး၏ ခ်စ္ႀကိဳက္မႈအေၾကာင္း ႐ိုက္ကူးထားသည့္ ဇာတ္လမ္းတစ္ခု ျဖစ္သည္။

“နင္တို႔က ဘုရားကၽြန္ သူေတာင္းစားမ်ိဳးေတြ၊ ငါ့ အသား မထိနဲ႔ဆိုၿပီး ဇာတ္ကားထဲမွာ ေျပာထားတယ္ေပါ့။ အဲဒီမွာ ဘုရားကၽြန္နဲ႔ သူေတာင္းစားက အတူတူလို ျဖစ္သြားတယ္။ ဒါကို လက္မခံဘူး။ ဟိုတုန္းက ဘုရားကၽြန္ဆိုတာရွိခဲ့တာကို လက္ခံတယ္။ သို႔ေသာ္ ဘုရားကၽြန္နဲ႔ သူေတာင္းစား တြဲသံုးတာကို လက္မခံဘူး။ ဘုရားကၽြန္ဆိုတာ သူေတာင္စား မဟုတ္ဘူး။ ဘုရားကၽြန္ဆိုတာက မင္းေကာင္း မင္းျမတ္ေတြက ျမင့္ျမတ္တဲ့ မ်ိဳး႐ိုး ထဲက လူေတြ၊ ဘုရားေဝယ်ာဝစၥေတြ လုပ္ဖို႔ တာဝန္ေပးခဲ့တာလို႔ သိထားတယ္”ဟု ပုဂံေဒသခံ ဦးမ်ိဳးဆက္စံက ေျပာၾကားသည္။

ကၽြန္ ႐ုပ္ရွင္ဇာတ္ကားကို ဒါ႐ိုက္တာ ညြန္႔ျမန္မာ ညီညီေအာင္က ႐ိုက္ကူးထားၿပီး သ႐ုပ္ေဆာင္မ်ားအျဖစ္ ေနတိုး၊ ျမင့္ျမတ္၊ ရဲေအာင္၊ ဝတ္မံႈေရႊရည္၊ စိုးျမတ္သူဇာႏွင္ ထူးမြန္တို႔ အဓိက သ႐ုပ္ေဆာင္ထားသည္။

ကြ်န္႐ုပ္ရွင္ဇာတ္ကားႏွင့္ ပတ္ သက္၍ ေဝဖန္မႈမ်ားကိုအသိအမွတ္ျပဳ ေၾကာင္း၊ ဘုရားကြ်န္ဆိုသည့္ စကားလံုး သည္ လတ္တေလာ တီထြင္ဖန္တီးထား ေသာ စကားလံုးမဟုတ္ေၾကာင္း၊ သမိုင္းတြင္ ရွိခဲ့သည့္ စကာလံုးတစ္ခုျဖစ္ေၾကာင္း ကြ်န္႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးခဲ့သည့္ ဒါ႐ိုက္တာ ညြန္႔ျမန္မာညီညီေအာင္က ေျပာဆိုသည္။

“အခုလို ေဝဖန္သံေတြၾကားတယ္။ ကၽြန္ေတာ့္ အေနနဲ႔ ပုဂံပံုရိပ္ကို က်ဆင္းေစတဲ့စိတ္ လံုးဝ မရွိဘူးဆိုတာ ပုဂံသူ၊ ပုဂံသားေတြကို ေျပာခ်င္ပါတယ္။ တကယ္လို႔ သူတို႔ဘက္က ကၽြန္ေတာ္ မွားေနတယ္လို႔ ယူဆရင္ ကၽြန္ေတာ္ရဲ႕အမွားက နစ္နာေစလိုတဲ့ အမွား မဟုတ္ဘူး။ ေစတနာနဲ႔ မွားတာလို႔ပဲ ေျပာခ်င္တယ္။ ဒီဇာတ္ကားမွာ ေျပာခ်င္တာက ကၽြန္ေတာ္ တို႔ ေလာဘ၊ ေဒါသေတြ ေနာက္လိုက္ေနတဲ့စိတ္ေတြနဲ႔ ဘာမေစၧရစိတ္မွမရွိတဲ့ ဘုရားကၽြန္ရဲ႕စိတ္ ဘယ္သူက ပိုျမတ္သလဲ။ ကၽြန္ေတာ္ ေျပာခ်င္တာက ဒါပါပဲ”ဟု ၎က ရွင္းျပသည္။

“ရာဇဝင္ တြင္ ေရွးေရွးေသာအခါမွစ၍ ေရွးမင္းမ်ား အာဏာစက္ေၾကာင့္ ဒြန္းစ႑ား၊ သူေတာင္းစား၊ ဘုရားကၽြန္၊ ေက်ာင္းကၽြန္၊ ကယ္ပါ၊ သဂ်ႌ စသည့္ လူတန္းစား၊ အႏွိမ္ခံရသူတို႔လည္း ရွိေနၾကသည္။

ဤကဲ့သို႔ အႏွိမ္ခံရေသာ လူတန္းစား မ်ားကို ယေန႔မွစ၍ ေရွးမင္းအာဏာစက္မ်ားကို ကၽြနု္ပ္ပယ္ဖ်က္၍ ထိုလူတို႔၏ သေဘာအတိုင္း လုပ္လိုေသာ အလုပ္မ်ိဳးစံုတို႔ကို လြတ္လပ္စြာ လုပ္ကိုင္ၾကေစဟု ကၽြႏု္ပ္အမိန္႔ခ်မွတ္သည္”ဟု ၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီ ၄ ရက္တြင္ ျမန္မာႏိုင္ငံ ၏ ပထမဆံုး သမၼတ စပ္ေရႊသိုက္က အမိန္႔ခ်ခဲ့ေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာနမွ ထုတ္ေဝသည့္ ျမန္မာႏိုင္ငံ လူမႈဝန္ထမ္းသမိုင္း စာအုပ္တြင္ ေဖာ္ျပထားသည္။

Credit : the voice

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မြန်မာ့ယဉ်ကျေးမှု များ တစုတဝေး တည်ရှိရာ ပုဂံ ညောင်ဦးဒေသ ကို အခြေခံ ရိုက်ကူးထားသည့် “ကျွန်” ဇာတ်ကား ဒါရိုက်တာ ကို တရားမကြောင်းအရ တရား စွဲမည်ဖြစ်ကြောင်း ပုဂံညောင်ဦးဒေသရှိ မင်္ဂလာသာစည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းမောင် က ပြောကြားသည်။

ရုံတင်ပြနေသော ကျွန် ဇာတ်ကား တွင် မင်္ဂလာသာစည် ဘုရားကျွန် အနာကြီးရောဂါ စွဲကပ်နေသူတို့ဖြင့် ဇာတ်လမ်းဆင် ရိုက်ကူးခြင်းမှာ မင်္ဂလာသာစည် ရပ်ကွက်တစ်ခုလုံး အပါအဝင် ပုဂံညောင်ဦး၏ပုံရိပ်ကို ထိခိုက်စေခြင်း၊ အနာကြီးရောဂါသည်များ မြန်မာနိုင်ငံ တွင် ပျောက်ကင်းအောင် မကုသနိုင်ဟု ကမ္ဘာက ထင်မြင်ယူဆသွားနိုင်ခြင်းတို့ကြောင့် နိုင်ငံပုံရိပ်ကို ထိခိုက်လာမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မင်္ဂလာသာစည် ရပ်ကွက်ဒေသခံများ ကိုယ်စား အုပ်ချုပ်ရေးမှူး တစ်ဦးအနေနှင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဇွန်လ ၅ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁) နှင့် ညောင်ဦး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ ပါဝင်သည့် အစည်းအဝေးတွင် တရားစွဲဆိုမည့်ကိစ္စကို အသိပေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော့် နယ်မှာ ဒီလိုဟာမျိုးတွေ မရှိခဲ့ဘူး၊ ဒါကြောင့် တရားစွဲတာ၊ လောလောဆယ်တော့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်”ဟု မင်္ဂလာသာစည်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောဆိုသည်။

ယင်း ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ညွှန်း အရ မှူးကြီးမတ်ရာ မျိုးရိုးမှဆင်းသက်လာသည့် သူဌေးသားတစ်ဦးနှင့် ဘုရားကျွန်မျိုးရိုးမှ ဆင်းသက်လာသည့် မိန်းကလေးတစ်ဦး၏ ချစ်ကြိုက်မှုအကြောင်း ရိုက်ကူးထားသည့် ဇာတ်လမ်းတစ်ခု ဖြစ်သည်။

“နင်တို့က ဘုရားကျွန် သူတောင်းစားမျိုးတွေ၊ ငါ့ အသား မထိနဲ့ဆိုပြီး ဇာတ်ကားထဲမှာ ပြောထားတယ်ပေါ့။ အဲဒီမှာ ဘုရားကျွန်နဲ့ သူတောင်းစားက အတူတူလို ဖြစ်သွားတယ်။ ဒါကို လက်မခံဘူး။ ဟိုတုန်းက ဘုရားကျွန်ဆိုတာရှိခဲ့တာကို လက်ခံတယ်။ သို့သော် ဘုရားကျွန်နဲ့ သူတောင်းစား တွဲသုံးတာကို လက်မခံဘူး။ ဘုရားကျွန်ဆိုတာ သူတောင်စား မဟုတ်ဘူး။ ဘုရားကျွန်ဆိုတာက မင်းကောင်း မင်းမြတ်တွေက မြင့်မြတ်တဲ့ မျိုးရိုး ထဲက လူတွေ၊ ဘုရားဝေယျာဝစ္စတွေ လုပ်ဖို့ တာဝန်ပေးခဲ့တာလို့ သိထားတယ်”ဟု ပုဂံဒေသခံ ဦးမျိုးဆက်စံက ပြောကြားသည်။

ကျွန် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ မြင့်မြတ်၊ ရဲအောင်၊ ဝတ်မှုံရွှေရည်၊ စိုးမြတ်သူဇာနှင် ထူးမွန်တို့ အဓိက သရုပ်ဆောင်ထားသည်။

ကျွန်ရုပ်ရှင်ဇာတ်ကားနှင့် ပတ် သက်၍ ဝေဖန်မှုများကိုအသိအမှတ်ပြု ကြောင်း၊ ဘုရားကျွန်ဆိုသည့် စကားလုံး သည် လတ်တလော တီထွင်ဖန်တီးထား သော စကားလုံးမဟုတ်ကြောင်း၊ သမိုင်းတွင် ရှိခဲ့သည့် စကာလုံးတစ်ခုဖြစ်ကြောင်း ကျွန်ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ပြောဆိုသည်။

“အခုလို ဝေဖန်သံတွေကြားတယ်။ ကျွန်တော့် အနေနဲ့ ပုဂံပုံရိပ်ကို ကျဆင်းစေတဲ့စိတ် လုံးဝ မရှိဘူးဆိုတာ ပုဂံသူ၊ ပုဂံသားတွေကို ပြောချင်ပါတယ်။ တကယ်လို့ သူတို့ဘက်က ကျွန်တော် မှားနေတယ်လို့ ယူဆရင် ကျွန်တော်ရဲ့အမှားက နစ်နာစေလိုတဲ့ အမှား မဟုတ်ဘူး။ စေတနာနဲ့ မှားတာလို့ပဲ ပြောချင်တယ်။ ဒီဇာတ်ကားမှာ ပြောချင်တာက ကျွန်တော် တို့ လောဘ၊ ဒေါသတွေ နောက်လိုက်နေတဲ့စိတ်တွေနဲ့ ဘာမစ္ဆေရစိတ်မှမရှိတဲ့ ဘုရားကျွန်ရဲ့စိတ် ဘယ်သူက ပိုမြတ်သလဲ။ ကျွန်တော် ပြောချင်တာက ဒါပါပဲ”ဟု ၎င်းက ရှင်းပြသည်။

“ရာဇဝင် တွင် ရှေးရှေးသောအခါမှစ၍ ရှေးမင်းများ အာဏာစက်ကြောင့် ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ ကယ်ပါ၊ သဂျႌ စသည့် လူတန်းစား၊ အနှိမ်ခံရသူတို့လည်း ရှိနေကြသည်။

ဤကဲ့သို့ အနှိမ်ခံရသော လူတန်းစား များကို ယနေ့မှစ၍ ရှေးမင်းအာဏာစက်များကို ကျွနု်ပ်ပယ်ဖျက်၍ ထိုလူတို့၏ သဘောအတိုင်း လုပ်လိုသော အလုပ်မျိုးစုံတို့ကို လွတ်လပ်စွာ လုပ်ကိုင်ကြစေဟု ကျွနု်ပ်အမိန့်ချမှတ်သည်”ဟု ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံ ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက်က အမိန့်ချခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ဝေသည့် မြန်မာနိုင်ငံ လူမှုဝန်ထမ်းသမိုင်း စာအုပ်တွင် ဖော်ပြထားသည်။

Credit : the voice
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top