iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ျပဳျခင္းဟာ ေကာင္းက်ိဳးေတြ႐ွိတယ္ဆုိဦးေတာ့ စိတ္ပိုင္းဆုိင္ရာမွာလည္း ပင္ပန္းရတာေတြ ရွိေနစၿမဲပါ။ ေလ့လာမႈအသစ္တစ္ရပ္မွာ ေဖာ္ျပခ်က္အရ ခင္ပြန္းေသဆံုးသြားၿပီးတဲ့ ဇနီးသည္ (မုဆိုးမ)ေတြဟာ ခင္ပြန္းသည္႐ွိေနေသးတဲ့အိမ္ေထာင္သည္အမ်ိဳးသမီးေတြနဲ႔ယွဥ္ရင္ စိတ္ဖိစီးမႈေတြ ပိုၿပီးေလ်ာ့နည္းတယ္လို႔ ဆုိတယ္။

ယခုေလ့လာမႈဟာ ယခင္တုန္းက ျပဳလုပ္ခဲ့ဖူးတဲ့ အိမ္ေထာင္ျပဳျခင္းေၾကာင့္ရရွိႏိုင္မယ့္ က်န္းမာေရးေကာင္းက်ိဳးေတြနဲ႔ ဆန္႔က်င္ဘက္ျဖစ္တဲ့ အရာေတြကို ေလ့လာခဲ့ၾကတာပါ။ အရင္တုန္းက ေလ့လာမႈအရဆုိရင္ အိမ္ေထာင္ျပဳျခင္းဟာ ရုတ္တရက္ႏွလံုးရပ္တန္႔မႈ (heart attack) ၊ စိတ္က်ေရာဂါတုိ႔ကို ျဖစ္ႏိုင္ေျခေလ်ာ့သြားေစၿပီး ကင္ဆာေရာဂါသည္ေတြမွာလည္း အသက္႐ွင္ႏိုင္မယ့္အခြင့္အေရး ပိုတိုးလာတာ ေတြ႔ခဲ့ရဖူးပါတယ္။

University of Padova က ျပဳလုပ္တဲ့ ေလ့လာမႈအရဆုိရင္ အိမ္ေထာင္သည္အမ်ိဳးသားေတြဟာ သူတို႔ရဲ႕အိမ္ေထာင္ဖက္အေပၚ အလြန္အကၽြံမွီခိုလြန္းတာေၾကာင့္ ဇနီးသည္ေသဆံုးသြားၿပီးေနာက္ပိုင္းမွာ မေကာင္းတဲ့ အက်ိဳးဆက္ေတြ ျဖစ္ေပၚခံစားရေၾကာင္း ေတြ႔ရပါတယ္။ ဒါေပမဲ့ ခင္ပြန္းသည္ေသဆံုးသြားတ့ဲ ဇနီးသည္ (မုဆိုးမ)ေတြမွာေတာ့ စိတ္ဖိစီးမႈေတြ ေလ်ာ့နည္းသြားကာ ပိုလို႔ေတာင္ က်န္းမာလာပါသတဲ့။

အမ်ိဳးသမီးေတြဟာ အိမ္ ေထာင္က်ၿပီးေနာက္မွာ အိမ္သားေတြအေပၚကို ဂ႐ုစိုက္ေပးရတာ၊ ပူပန္ေပးရတာေတြလည္း မ်ားျပားလာတာေၾကာင့္ စိတ္ဖိစီးမႈေတြလည္း ပိုမိုၾကံဳေတြ႔ေနရပါတယ္။ အသက္ႀကီးလာခ်ိန္မွာဆုိရင္ ခင္ပြန္းသည္ကို ဂ႐ုစိုက္ဖုိ႔အတြက္ အခ်ိန္ေတြအားလံုးကို လံုးလံုးလ်ားလ်ားပံုအပ္ထားၾကပါတယ္။ ယခုေလ့လာမႈမွာ အသက္ ၆၅ ႏွစ္ေက်ာ္ လူပုဂၢိဳလ္ေပါင္း ၂၀၀၀ နီးပါး ပါဝင္ခဲ့တယ္လုိ႔ သိရပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အိမ်ထောင်ပြုခြင်းဟာ ကောင်းကျိုးတွေရှိတယ်ဆိုဦးတော့ စိတ်ပိုင်းဆိုင်ရာမှာလည်း ပင်ပန်းရတာတွေ ရှိနေစမြဲပါ။ လေ့လာမှုအသစ်တစ်ရပ်မှာ ဖော်ပြချက်အရ ခင်ပွန်းသေဆုံးသွားပြီးတဲ့ ဇနီးသည် (မုဆိုးမ)တွေဟာ ခင်ပွန်းသည်ရှိနေသေးတဲ့အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ယှဉ်ရင် စိတ်ဖိစီးမှုတွေ ပိုပြီးလျော့နည်းတယ်လို့ ဆိုတယ်။

ယခုလေ့လာမှုဟာ ယခင်တုန်းက ပြုလုပ်ခဲ့ဖူးတဲ့ အိမ်ထောင်ပြုခြင်းကြောင့်ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရာတွေကို လေ့လာခဲ့ကြတာပါ။ အရင်တုန်းက လေ့လာမှုအရဆိုရင် အိမ်ထောင်ပြုခြင်းဟာ ရုတ်တရက်နှလုံးရပ်တန့်မှု (heart attack) ၊ စိတ်ကျရောဂါတို့ကို ဖြစ်နိုင်ခြေလျော့သွားစေပြီး ကင်ဆာရောဂါသည်တွေမှာလည်း အသက်ရှင်နိုင်မယ့်အခွင့်အရေး ပိုတိုးလာတာ တွေ့ခဲ့ရဖူးပါတယ်။

University of Padova က ပြုလုပ်တဲ့ လေ့လာမှုအရဆိုရင် အိမ်ထောင်သည်အမျိုးသားတွေဟာ သူတို့ရဲ့အိမ်ထောင်ဖက်အပေါ် အလွန်အကျွံမှီခိုလွန်းတာကြောင့် ဇနီးသည်သေဆုံးသွားပြီးနောက်ပိုင်းမှာ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်ခံစားရကြောင်း တွေ့ရပါတယ်။ ဒါပေမဲ့ ခင်ပွန်းသည်သေဆုံးသွားတဲ့ ဇနီးသည် (မုဆိုးမ)တွေမှာတော့ စိတ်ဖိစီးမှုတွေ လျော့နည်းသွားကာ ပိုလို့တောင် ကျန်းမာလာပါသတဲ့။

အမျိုးသမီးတွေဟာ အိမ် ထောင်ကျပြီးနောက်မှာ အိမ်သားတွေအပေါ်ကို ဂရုစိုက်ပေးရတာ၊ ပူပန်ပေးရတာတွေလည်း များပြားလာတာကြောင့် စိတ်ဖိစီးမှုတွေလည်း ပိုမိုကြုံတွေ့နေရပါတယ်။ အသက်ကြီးလာချိန်မှာဆိုရင် ခင်ပွန်းသည်ကို ဂရုစိုက်ဖို့အတွက် အချိန်တွေအားလုံးကို လုံးလုံးလျားလျားပုံအပ်ထားကြပါတယ်။ ယခုလေ့လာမှုမှာ အသက် ၆၅ နှစ်ကျော် လူပုဂ္ဂိုလ်ပေါင်း ၂၀၀၀ နီးပါး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top