iMyanmarHouse.com - Best Property Website for Myanmar
×
Source : Daily Mail
Credit:Duwun
#Unicode Version#
ပြီးခဲ့တဲ့အပတ်က အန်ဂျယ်လီနာဂျိုလီနဲ့ ဘရတ်ပစ်တို့ဟာ ပြန်ပေါင်းထုပ်ဖို့ စဉ်းစားနေကြပြီလို့ သတင်းတွေမှာ ဖော်ပြခဲ့ကာ
သူတို့နှစ်ယောက်ရဲ့ပရိသတ်တွေကလည်း ဝမ်းသာခဲ့ရပါတယ်။
ဒါပေမဲ့ ဒီသတင်းတွေဟာ မှားယွင်းနေပြီး ဂျိုလီက ဘယ်တော့မှ နောက်ကြောင်း ပြန်လှည့်မှာမဟုတ်ဘူးလို့ TMZ သတင်းမှာ ဖော်ပြထားပါတယ်။
သူတို့နှစ်ဦးဟာ ကွာရှင်းဖို့အတွက် အလေးအနက်ဆွေးနွေးနေကြတုန်းပဲလို့ သြဂုတ်လ ၁၅ ရက်နေ့က TMZ မှာ ရေးသာထားတာကို တွေ့ရပါတယ်။
"နှစ်ဖက်စလုံးက ကလေးတွေနဲ့ အတူနေခွင့်ရရေးအတွက် လုံးပန်းနေတုန်းပါပဲ။ ကွာရှင်းပြတ်ဆက်ဖို့အတွက် အရှိန်အဟုန်နဲ့ ရှေ့ဆက်နေတုန်းပဲ" လို့ သတင်းပေးတစ်ဦးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဘရတ်ပစ်ဟာ ကလေးတွေအပေါ် ရိုင်းစိုင်းခဲ့တယ်လို့ အန်ဂျလီနာက စွပ်စွဲပြောဆိုထားတာဖြစ်တဲ့အတွက် ပြန်လည် ပေါင်းစည်းဖို့က
လုံးဝမဖြစ်နိုင်ပါဘူးလို့ သိရပါတယ်။
၂၀၁၆ ခုနှစ် စက်တင်ဘာလတုန်းက သူတို့မိသားစု ပြင်သစ်နိုင်ငံ၊ နိစ်မြို့ကနေ လော့ဆန်းဂျလိစ်ကို အပြန် သီးသန့်လေယာဉ်ပေါ်မှာ ဘရတ်နဲ့ သားအကြီးဆုံး
မက်ဒေါ့စ်တို့ အော်ဟစ်စကားများခဲ့ကြတယ်လို့ သိရပြီးတဲ့နောက် အန်ဂျလီနာဂျိုလီက ဘရတ်ပစ်နဲ့ ကွာရှင်းခွင့်တင်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဘရတ်ပစ်ဟာ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားသစ် Ad Astra ကို ရိုက်ကူးနေတာ မြင်တွေ့ရပါတယ်။ အသက် ၅၃ နှစ်အရွယ်
မင်းသားဟာ သူ့ရဲ့နောက်တွဲယာဉ်ထဲကနေ အစိမ်းရောင် စစ်အင်္ကျီနဲ့ ထွက်လာတာကို ဓာတ်ပုံထဲမှာ မြင်တွေ့ရပါတယ်
Source : Daily Mail
Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top