iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္နဲ႕ ပတ္သက္လာရင္ အခ်ိဳ႕ေသာ သူေတြရဲ႕ ရင္ထဲမွာ အမာ႐ြတ္ေတြက အၿမဲရွိေနတတ္ပါတယ္။
စိတ္ပိုင္းဆိုင္ရာ နာက်င္ထိခိုက္ေစခဲ့တဲ့ ဆက္ဆံေရးတစ္ခုရွိလာတဲ့အခါ  ႐ုပ္ပိုင္းဆိုင္ရာ ႏွိပ္စက္ခံရတာ မဟုတ္ေပမဲ့လည္း ပုံစံမ်ိဳးစုံနဲ႕ ဒဏ္ရာရေနနိုင္ပါတယ္။ အဲဒီဒဏ္ရာမ်ိဳးဟာ အနာဂတ္ ဆက္ဆံေရးေတြကိုလည္း သက္ေရာက္မႈ ရွိေနပါေတာ့တယ္။


ကိုယ့္အေပၚ ခ်စ္ၾကင္နာ ဂ႐ုစိုက္မယ္လို႔ ထင္ထားတဲ့ လူတစ္ေယာက္ရဲ႕ လွည့္စားခံရ၊ ထိန္းခ်ဳပ္ခံရ၊ သိမ္ငယ္ေအာင္ လုပ္ခံရ၊  ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးမရွိသလို ခံစားရေအာင္ လုပ္ခံရၿပီးတဲ့ေနာက္မွာ ေနာက္တစ္ေခါက္ျပန္ခ်စ္ဖို႔ဆိုတာ အလြန္ခက္ခဲတဲ့အရာပါ။

အဲဒါအျပင္ ဆက္ဆံေရးေတြအေပၚ သူ႕ရဲ႕အျမင္ေတြ ေျပာင္းလဲသြားတတ္ပါတယ္။ အခုေဖာ္ျပမွာေတြကေတာ့ အခ်စ္ေရးမွာ စိတ္ဒဏ္ရာရခဲ့သူေတြ ျဖစ္တတ္တဲ့အရာေတြပါ။

၁။ တတ္နိုင္သေလာက္ ေဝးေဝးေနတတ္ၾကတယ္
ကိုယ္တကယ္သေဘာက်ေနရင္ေတာင္ ခပ္ေဝးေဝးမွာပဲေနတတ္ပါတယ္။ စာလာရင္ ခ်က္ခ်င္းျပန္မေျပာတာမ်ိဳး၊ သူနဲ႕ အခ်ိန္အမ်ားႀကီး မကုန္ဆုံးေတာ့တာမ်ိဳးေပါ့။ အရမ္းနီးစပ္သြားမွာကို မလိုခ်င္လို႔ပါ။

၂။ ဟန္ေဆာင္တတ္ၾကတယ္
စိတ္ပိုင္းဆိုင္ရာ ထိခိုက္ေအာင္လုပ္ခံလိုက္ရၿပီးတဲ့ေနာက္ ပြင့္ပြင့္လင္းလင္းေျပာရတာ နာက်င္ေစတဲ့အရာပါ။ ေနာက္တစ္ခါ အထိခိုက္မခံနိုင္ေတာ့ပါဘူး။ ကိုယ့္အေၾကာင္းကို အကုန္ေျပာလိုက္ရင္ ကိုယ့္ရဲ႕အားနည္းခ်က္ကို သူမ်ား သိသြားၿပီး ပစ္မွတ္ျဖစ္မွာ သိပ္ကို စိုးရိမ္ပါတယ္။ တခ်ိဳ႕အရာေတြက ကိုယ့္ဖာသာ ႀကိတ္မွိတ္ေနလိုက္ရတာကို ပိုၿပီး လုံၿခဳံတယ္လို႔ ခံစားမိတတ္ၾကပါတယ္။

၃။ ဘာပဲျဖစ္ျဖစ္ ျဖည္းျဖည္းပဲလုပ္တယ္
အျပဳအမူ ေႏွးေကြးတာမ်ိဳးကို ေျပာတာမဟုတ္ပါဘူး။ စိတ္ခံစားခ်က္မွာ ေႏွးေကြးသြားတာပါ။  ဒဏ္ရာရထားတဲ့ ေခြးေလးတစ္ေကာင္လိုေပါ့။  ဘယ္အရာမဆို သတိေလးအၿမဲရွိေနတတ္ေတာ့တာပါပဲ။ ေနာက္ထပ္ နာက်င္မႈမျဖစ္ေအာင္ ကိုယ့္ကိုယ္ကိုယ္ အလိုလိုကာကြယ္ထားတဲ့ စိတ္ေလးျဖစ္သြားတယ္။

၄။ အရမ္းသံသယစိတ္မ်ားတယ္
လူတစ္ေယာက္က ကိုယ့္ကို မေကာင္းဘူးဆိုၿပီး ႏွစ္ျပားမတန္ေအာင္ ခဏခဏေျပာၿပီး ကိုယ့္ကို ဟိုးေအာက္ဆုံးအထိ ခ်ိဳးႏွိမ္တာကို ခံစားခဲ့ရၿပီးတဲ့ေနာက္  ေနာက္လူတစ္ေယာက္ ေရာက္လာတဲ့အခါ သူက ကိုယ့္ဘဝထဲကို ဘာလို႔ ဝင္ခ်င္တာလဲလို႔ သံသယစိတ္ဝင္မိ ပါေတာ့တယ္။ ကိုယ့္ကိုခ်စ္တယ္လို႔ေျပာလာရင္ေတာင္ ထူးဆန္းသလို ၾကည့္မိတတ္ပါတယ္။ ကိုယ့္မွာ တျခားသူကို ဆြဲေဆာင္နိုင္တဲ့အရာရွိေကာရွိရဲ႕လားလို႔  ခံစားေနရၿပီေလ။

၅။ ကိုယ္တြဲေနသူနဲ႕ ပတ္သက္သူေတြကို သိကြၽမ္းရမွာ ခ်ီတုံခ်တဳံျဖစ္ေနတယ္
ကိုယ္နဲ႕တြဲေနသူရဲ႕ မိသားစု၊ သူငယ္ခ်င္းေတြနဲ႕ ခင္မင္လာတဲ့အခါ အရာရာက အေလးအနက္ျဖစ္လာၿပီဆိုတဲ့ အဓိပၸာယ္၊ သူနဲ႕ကိုယ္ရဲ႕ ဘဝေတြက ပိုၿပီးခ်ည္ေႏွာင္မိသြားၿပီဆိုတဲ့ အဓိပၸာယ္လည္း ျဖစ္ေနတယ္။ အဲဒီလိုျဖစ္မွာကို လန႔္မိတဲ့အတြက္ အၿမဲတမ္း သတိနဲ႕ ေနတယ္။

၆။ အေကာင္းဆုံးကို ေမွ်ာ္လင့္ၾကေပမဲ့ အဆိုးဆုံးကိုလည္း ေတြးထားၾကတယ္
ကိုယ္ခ်စ္ရသူရဲ႕  ဆိုးဆိုး႐ြား႐ြားဆက္ဆံမႈကို ခံလိုက္ရၿပီးတဲ့ေနာက္ ကိုယ့္ရဲ႕ႏွလုံးသားပတ္ပတ္လည္မွာ နံရံတစ္ခု အလိုလို တည္ေဆာက္မိပါေတာ့တယ္။ အရာရာအတြက္ အသင့္ျပင္ဆင္ထားတယ္။ ဘယ္အရာမဆို မၿမဲဘူး၊ ကိုယ္ဘယ္ေတာ့မွ ထပ္ၿပီး နာက်င္မွာမဟုတ္ေတာ့ဘူးဟု မွတ္ယူထားၾကပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Source : yourtango

#MadiRelationship #Em


Credit:  Madi

#Unicode Version#
အချစ်နဲ့ ပတ်သက်လာရင် အချို့သော သူတွေရဲ့ ရင်ထဲမှာ အမာရွတ်တွေက အမြဲရှိနေတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်စေခဲ့တဲ့ ဆက်ဆံရေးတစ်ခုရှိလာတဲ့အခါ  ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတာ မဟုတ်ပေမဲ့လည်း ပုံစံမျိုးစုံနဲ့ ဒဏ်ရာရနေနိုင်ပါတယ်။ အဲဒီဒဏ်ရာမျိုးဟာ အနာဂတ် ဆက်ဆံရေးတွေကိုလည်း သက်ရောက်မှု ရှိနေပါတော့တယ်။

ကိုယ့်အပေါ် ချစ်ကြင်နာ ဂရုစိုက်မယ်လို့ ထင်ထားတဲ့ လူတစ်ယောက်ရဲ့ လှည့်စားခံရ၊ ထိန်းချုပ်ခံရ၊ သိမ်ငယ်အောင် လုပ်ခံရ၊  ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိသလို ခံစားရအောင် လုပ်ခံရပြီးတဲ့နောက်မှာ နောက်တစ်ခေါက်ပြန်ချစ်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့အရာပါ။

အဲဒါအပြင် ဆက်ဆံရေးတွေအပေါ် သူ့ရဲ့အမြင်တွေ ပြောင်းလဲသွားတတ်ပါတယ်။ အခုဖော်ပြမှာတွေကတော့ အချစ်ရေးမှာ စိတ်ဒဏ်ရာရခဲ့သူတွေ ဖြစ်တတ်တဲ့အရာတွေပါ။

၁။ တတ်နိုင်သလောက် ဝေးဝေးနေတတ်ကြတယ်
ကိုယ်တကယ်သဘောကျနေရင်တောင် ခပ်ဝေးဝေးမှာပဲနေတတ်ပါတယ်။ စာလာရင် ချက်ချင်းပြန်မပြောတာမျိုး၊ သူနဲ့ အချိန်အများကြီး မကုန်ဆုံးတော့တာမျိုးပေါ့။ အရမ်းနီးစပ်သွားမှာကို မလိုချင်လို့ပါ။

၂။ ဟန်ဆောင်တတ်ကြတယ်
စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်ခံလိုက်ရပြီးတဲ့နောက် ပွင့်ပွင့်လင်းလင်းပြောရတာ နာကျင်စေတဲ့အရာပါ။ နောက်တစ်ခါ အထိခိုက်မခံနိုင်တော့ပါဘူး။ ကိုယ့်အကြောင်းကို အကုန်ပြောလိုက်ရင် ကိုယ့်ရဲ့အားနည်းချက်ကို သူများ သိသွားပြီး ပစ်မှတ်ဖြစ်မှာ သိပ်ကို စိုးရိမ်ပါတယ်။ တချို့အရာတွေက ကိုယ့်ဖာသာ ကြိတ်မှိတ်နေလိုက်ရတာကို ပိုပြီး လုံခြုံတယ်လို့ ခံစားမိတတ်ကြပါတယ်။

၃။ ဘာပဲဖြစ်ဖြစ် ဖြည်းဖြည်းပဲလုပ်တယ်
အပြုအမူ နှေးကွေးတာမျိုးကို ပြောတာမဟုတ်ပါဘူး။ စိတ်ခံစားချက်မှာ နှေးကွေးသွားတာပါ။  ဒဏ်ရာရထားတဲ့ ခွေးလေးတစ်ကောင်လိုပေါ့။  ဘယ်အရာမဆို သတိလေးအမြဲရှိနေတတ်တော့တာပါပဲ။ နောက်ထပ် နာကျင်မှုမဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် အလိုလိုကာကွယ်ထားတဲ့ စိတ်လေးဖြစ်သွားတယ်။

၄။ အရမ်းသံသယစိတ်များတယ်
လူတစ်ယောက်က ကိုယ့်ကို မကောင်းဘူးဆိုပြီး နှစ်ပြားမတန်အောင် ခဏခဏပြောပြီး ကိုယ့်ကို ဟိုးအောက်ဆုံးအထိ ချိုးနှိမ်တာကို ခံစားခဲ့ရပြီးတဲ့နောက်  နောက်လူတစ်ယောက် ရောက်လာတဲ့အခါ သူက ကိုယ့်ဘဝထဲကို ဘာလို့ ဝင်ချင်တာလဲလို့ သံသယစိတ်ဝင်မိ ပါတော့တယ်။ ကိုယ့်ကိုချစ်တယ်လို့ပြောလာရင်တောင် ထူးဆန်းသလို ကြည့်မိတတ်ပါတယ်။ ကိုယ့်မှာ တခြားသူကို ဆွဲဆောင်နိုင်တဲ့အရာရှိကောရှိရဲ့လားလို့  ခံစားနေရပြီလေ။

၅။ ကိုယ်တွဲနေသူနဲ့ ပတ်သက်သူတွေကို သိကျွမ်းရမှာ ချီတုံချတုံဖြစ်နေတယ်
ကိုယ်နဲ့တွဲနေသူရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ခင်မင်လာတဲ့အခါ အရာရာက အလေးအနက်ဖြစ်လာပြီဆိုတဲ့ အဓိပ္ပာယ်၊ သူနဲ့ကိုယ်ရဲ့ ဘဝတွေက ပိုပြီးချည်နှောင်မိသွားပြီဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်နေတယ်။ အဲဒီလိုဖြစ်မှာကို လန့်မိတဲ့အတွက် အမြဲတမ်း သတိနဲ့ နေတယ်။

၆။ အကောင်းဆုံးကို မျှော်လင့်ကြပေမဲ့ အဆိုးဆုံးကိုလည်း တွေးထားကြတယ်
ကိုယ်ချစ်ရသူရဲ့  ဆိုးဆိုးရွားရွားဆက်ဆံမှုကို ခံလိုက်ရပြီးတဲ့နောက် ကိုယ့်ရဲ့နှလုံးသားပတ်ပတ်လည်မှာ နံရံတစ်ခု အလိုလို တည်ဆောက်မိပါတော့တယ်။ အရာရာအတွက် အသင့်ပြင်ဆင်ထားတယ်။ ဘယ်အရာမဆို မမြဲဘူး၊ ကိုယ်ဘယ်တော့မှ ထပ်ပြီး နာကျင်မှာမဟုတ်တော့ဘူးဟု မှတ်ယူထားကြပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Source : yourtango

#MadiRelationship #Em


Credit:  Madi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top