iMyanmarHouse.com - Best Property Website for Myanmar
×



ပါဝင် ပစ္စည်း

ဘယ်လို ပြင်ဆင်ရမလဲ

အဲ့ဒီ အပြင်..................



Credit: FoodMyanmar

အလုပ်တွေရှုပ်၊ စိတ် ဖိစီးမှုတွေများပြီး ကျန်းမာရေး နဲ့ မညီညွှတ်တဲ့ ဘဝနေထိုင်မှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒီလို အလုပ်တွေ ရှုပ်၊ စိတ်ဖိစီးမှုတွေ များနေတဲ့ အချိန်မှာ ဖြစ်တတ်က ဝမ်းချုပ်တာပါဘဲ။ ခန္ဓာကိုယ်က မကျန်းမာ၊ ဝမ်းချုပ်တာတွေက စိတ်ဓာတ်ကျခြင်းနဲ့ အလို မကျဖြစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
အသင့် လုပ်ထားတဲ့ အစားအစာတွေက ခန္ဓာကိုယ်မှာ အစာချေဖို့ ခက်ခဲပါတယ်။ အဲ့ဒါကြောင့် အစာအိမ်ဟောင်းထဲမှာ ဆိုရင် အသင့်စား အစားအစာတွေကနေ ထွက်တဲ့ အဆိပ်တွေက ကျန်နေတတ်ပြီး ဒါတွေက ခန္ဓာကိုယ် ကို ဒုက္ခပေးတတ်ပါတယ်။

အဲ့ဒီတော့ ဝမ်းချုပ်ခြင်းကနေ ကင်းဝင်းပြီး အစာအိမ်ဟောင်းက အညစ်အကြေးတွေကို ရှင်းလင်းပေးနိုင်တဲ့ သဘာဝနည်းလမ်းလေးကို တင်ပြချင်ပါတယ်။

ပါဝင် ပစ္စည်း
ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ပန်းသီး ရှာလကာ ရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ဘယ်လို ပြင်ဆင်ရမလဲ
၎င်းပစ္စည်း ၂ မျိုး ကို ခွက် တစ်ခွက်ထဲ ရောမွေပြီး သောက်သုံးလိုက်ပါ။ အာနိသင် ပိုကောင်းချင်ရင် မနက်မိုးလင်း ဗိုက်ထဲမှာ အစာ မရှိခင်မှာ သောက်သုံးသင့်ပါတယ်။ ဒီဆေးနည်းဟာ အစာအိမ်ဟောင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

အဲ့ဒီ အပြင်..................
ကော်လက်စထရော ပါဝင်မှု ပမာဏကို လျော့စေခြင်း ၊
ဆီးချို ဖြစ်ပွားနိုင်ခြေကို လျော့ချပေးခြင်း ၊
သွေးတိုးဖြစ်နိုင်မှုကို လျော့ချပေးခြင်းနဲ့ ၊
အ၀ လွန်ခြင်းကို ကာကွယ်ပေးပါတယ်။

 အဲ့ဒီ အပြင် Antioxidants တွေလည်း ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး ကောင်းမွန် အောင် လုပ်ဆောင်ပေးပါတယ်။

Antioxidants ဆိုတာ ဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားတွေ ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲက ပျက်စီးမှုတွေပြန်လည် ပြုပြင်ဖို့အတွက် အားပေးတဲ့ ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။

ဒါကြောင့် Antioxidants ဓာတ်တွေပါဝင်တဲ့ အစားအစာ စားသုံးသူတွေက အရွယ်တင်ပြီး ကျန်းမာလှပစေပါတယ်။

Credit: FoodMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top