iMyanmarHouse.com - Best Property Website for Myanmar
×
မကြာသေးမှီက Park Jin Young ရဲ့ Party People မှာ Suzy က ပျော်ရွင် အောင်နေဖို့အရမ်းကြိုးစားရကြောင်းပြောထားပါတယ်။ Park Jin Young က သူမ ကို သူမရဲ့အောင်မြင်မူ၊ အသက်မွေးကြောင်းမူနဲ့personal life နဲ့ပတ်သက်ပြီးပျော်ရွင်မူရှိလားလို့မေးခဲ့ပါတယ်။
“သင့်တော်တဲ့အဖြေကတော့ ကျွန်မပျော်ပါတယ်ပေါ့ ဒါပေမယ့် ပျော်ရွင်မှာ ခေါင်းစဉ် အတိကျ မရှိတော့ ပြောဖို့ခက်တယ်။ ကျွန်မ ဆုရတဲ့အခါ ဒါမှမဟုတ် ပျော်ရွင်ဖွယ်ကောင်းတဲ့အခြေနေတခုကြုံတဲ့အခါ ကိုယ့်ဘာသာတွေးမိတယ် ကျွန်မဘာလို့အဲ့လောက်မပျော်တာလဲ။ ကျွန်မ ကို ကတယ်ပျော်စေတဲ့အရာတွေကို ၇ှာနေမိတယ်” လို့ဆူဇီ က ပြောပြခဲ့ပါတယ်။
သူမရဲ့တကိုယ်တော် သီချင်း ဖြစ်တဲ့ “Pretend” ကသူမရဲ့အကြိုက်ဆုံး သီချင်း ဖြစ်တယ် အထူးသဖြင့် စာသားတွေကိုကြိုက်တယ်လို့ပြောပြခဲ့ပါတယ်။
“ကျွန်မအဲ့သီချင်း စာသား တွေကိုအရမ်းကြိုက်တယ်။ ကျွန်မထင်တယ် အဲ့ဒါက နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်တယ် ဘာလို့လဲဆိုတော့ ကျွန်မက လူတွေရဲ့အမြင်တွေ ဒါမှမဟုတ် သူတို့ရဲ့ထင်မြင်ယူဆချက်တွေကနေ မလွတ်မြောက်နိုင်လို့ပါ။ ကျွန်မဒီသီချင်းကို သေချာခံစားကြည့်တဲ့အခါ ဒီသီချင်းက ကျွန်မအခြေနေပေါ်မှာ အခြေခံရေးထားသလိုပဲ။” —
Suzy ရဲ့ “Pretend” သီချင်း က ပရိတ်သတ် ရဲ့အာရုံစူးစိုက်မူခံနေရလို့ ပျော်ရွင် ဖို့ကြိုးစားရုန်းကန်နေရတဲ့အကြောင်းရေးထားတာပါ။ ကျွန်တော် တို့လဲ ဆူဇီ ကို သူမ ကိုတကယ်ပျော်ရွင်စေတဲ့အရာတွေ တွေ့ကြုံနိုင်ပါစေ ဆုတောင်းပေးလိုက်ကြအောင်…။
Credit: Mingalarbarmorning
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top