iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ဆိုတာ လူတိုင္း ႀကံဳေတြ႔ေနရေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်စ္ကို အဓိပၸာယ္ဖြင့္ဆိုပံုခ်င္းမတူညီၾကပါဘူး။ လက္ထပ္လိုက္လို႔ အတူေနတဲ့အခါ အရင္လိုမခ်စ္ေတာ့ဘူး။ အခ်စ္ေလ်ာ့တယ္လို႔ ခံစားေနရတယ္ဆိုရင္။ အခုေအာက္မွာေဖာ္ျပမယ့္ အက်င့္စရိုက္ေတြ လကၡဏာရပ္ေတြကိုၾကည့္ျခင္းအားျဖင့္ သင့္ခ်စ္ဇနီး သင့္အေပၚ တကယ္ခ်စ္မခ်စ္ ဆိုတာကို သိႏိုင္ပါတယ္။

၁။ သင့္မိဘေတြကို ေလးစားမယ္

သင့္ကို တကယ္ခ်စ္တဲ့သူဟာ သင့္မိဘေတြအေပၚ ေလးေလးစားစား ဆက္ဆံမွာေသခ်ာပါတယ္။ သင့္မိဘေတြ အကူအညီလိုအပ္လာတ့ဲအခါမွာလည္း သူတို႔က ကူညီေပးဖို႔ အဆင္သင့္ရွိေနၾကသူေတြပါ။

၂။ သင့္အျပဳအမူေတြအတြက္ မရွက္ဘူး

တခါတေလ သင္ျပဳလုပ္လိုက္တဲ့အမူအရာေတြေၾကာင့္ သင့္ကို တကယ္ခ်စ္တဲ့သူေတြဟာ မရွက္ၾကပါဘူး။ သင္ဟာသေတြလုပ္ေနတယ္ ကိုးယို႕ကားယားေတြလုပ္ေနရင္ေတာင္ သင့္အေပၚ မရွက္ပါဘူး။

၃။ သင့္အခက္အခဲေတြကို စာနာနားလည္ေပးတယ္

သင့္အလုပ္မွာ အဆင္မေျပတာေတြကို ရင္ဖြင့္တဲ့အခါ သင့္ကို သူတို႔ အျပည့္အ၀ နားလည္ေပးမွာပါ။ ေဒါသနဲ႔ တံု႕ျပန္မွာမဟုတ္ပါဘူး။

၄။ သင့္ထင္ျမင္ယူဆခ်က္ေတြကို ေလးစားတယ္

လူတစ္ေယာက္နဲ႔တစ္ေယာက္ ထင္ျမင္ယူဆခ်က္ေတြ မတူညီႏိုင္ပါဘူး။ သင့္ကို တကယ္ခ်စ္တဲ့သူေတြဟာ သူတို႔နဲ႔ သင့္ထင္ျမင္ယူဆခ်က္ေတြ မတူညီရင္ေတာင္ သင့္ထင္မင္ယူဆခ်က္ကို အၿမဲေလးစားေလ့ရွိပါတယ္။

၅။ သင့္မေကာင္းေၾကာင္းကို ေျပာမွာမဟုတ္ပါဘူး

လူတိုင္းမွာ အားသာခ်က္ အားနည္းခ်က္ရွိသလို၊ ေကာင္းတဲ့အခ်က္ မေကာင္းတဲ့အခ်က္ေတြရွိပါတယ္။ သင့္ကို တကယ္ခ်စ္တဲ့သူေတြဟာ သင့္မေကာင္းေၾကာင္း အတင္းအဖ်င္းကို ဘယ္ေတာ့မွေျပာမွာမဟုတ္ပါဘူး။

၆။ လူအမ်ားေရွ႕မွာ သင့္ကို စိတ္ဆိုးေဒါသထြက္မွာမဟုတ္ဘူး

သင့္ကို တကယ္ခ်စ္တဲ့သူဟာ လူၾကားသူၾကားထဲမွာ သင့္ကို စိတ္ဆိုးေဒါသထြက္စရာေျပာမွာမဟုတ္ပါဘူး။ ဒါ့အျပင္ သင့္ကိုလည္း အျပစ္တင္မွာမဟုတ္ပါဘူး။

၇။ သင့္က်န္းမာေရးကိုဂရုစိုက္တယ္

သင္စားမယ့္အစားအေသာက္ေတြ၊ သင့္က်န္းမာေရးနဲ႔ပတ္သတ္လို႔ သူဟာ အၿမဲတမ္းဂရုစိုက္ေနမွာပါ။ သူအလုပ္မအားရင္ေတာင္ သင့္နဲ႔အတူ ခ်က္ျပဳတ္ျပင္ဆင္ဖို႔ အခ်ိန္ေပးမွာျဖစ္ပါတယ္။

၈။ သင္ဟာသေျပာတဲ့အခါမွာ လိုက္ရယ္ေပးမယ္

သင္ဟာသေျပာတဲ့အခါ ဒါကရယ္စရာေကာင္းလို႔လားဆိုၿပီး တံု႕ျပန္တာမ်ိဳးမဟုတ္ဘဲ သင္ေျပာတဲ့ဟာသကို လိႈက္လႈိက္လွဲလွဲ လိုက္ရယ္ေပးမွာပါ။

၉။ သင့္ကို အျပည့္အ၀ယံုၾကည္လိမ့္မယ္

ေအာက္မွာ ျပထားတဲ့ပံုမွာဆိုရင္ ဇနီးက ၾကည္ပါဦး။ တကယ္ေအာင္ျမင္ေနတဲ့သူေတြမ်ား ကားအေကာင္းစားေတြနဲ႔လို႔ ေျပာထားၿပီး ေနာက္တစ္ခုမွာေတာ့ ရွင့္မွာ ေအာင္ျမင္မႈေတြ အမ်ားႀကီးရွိေနၿပီပဲ။ ေနာက္ ၂ ႏွစ္ေလာက္ဆိုရင္ ကားလန္းလန္းေလးတစ္စီး ေတာ့ ေအးေဆး၀ယ္ႏိုင္တယ္ ဆိုၿပီး ေျပာထားပါတယ္။ ဒီလိုပါပဲ သင့္ကို တကယ္ခ်စ္တဲ့ ခ်စ္ဇနီးေလာင္းေလးဟာ သင့္အေပၚ အျပည့္အ၀ ယံုၾကည္ေနမွာပါ။

၁၀။ သင့္ကို ေငြေၾကးအတြက္ တြန္းအားေပးမွာမဟုတ္ပါဘူး

သင့္ကို ေငြရွာဖို႔ တစ္ခုတည္းနဲ႔ တြန္းအားေပးမွာမဟုတ္ဘဲ သင့္၀ါသနာေတြကို ေျမေတာင္ေျမာက္ေပးမွာျဖစ္ပါတယ္။ ဒီေအာက္ကပံုမွာဆိုရင္လည္း ကားေဆးဖို႔လူလိုေနတယ္တဲ့။ သြားလုပ္မယ္ဆိုရင္အပို၀င္ေငြေလးရတာေပါ့ လို႕ ေျပာထားၿပီး ေနာက္တစ္ပံုမွာေတာ့ ဒီမွာ အခမဲ႔သင္တန္းတစ္ခုရွိတယ္တဲ့။ ရွင္တက္ခ်င္ေနတဲ့သင္တန္းပဲ။ သြားတက္ေလလို႔ ေျပာထားတာပါ။

သင့္မွာ အခုလို သိပ္ကို ခ်စ္စရာေကာင္းတဲ့ ဇနီးေလာင္းေလးရွိေနရင္အခုပဲ Mention ေခၚၿပီး သိပ္ခ်စ္တဲ့အေၾကာင္း ေျပာလိုက္ပါဦးေနာ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အချစ်ဆိုတာ လူတိုင်း ကြုံတွေ့နေရပေမယ့် တစ်ယောက်နဲ့တစ်ယောက် အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုပုံချင်းမတူညီကြပါဘူး။ လက်ထပ်လိုက်လို့ အတူနေတဲ့အခါ အရင်လိုမချစ်တော့ဘူး။ အချစ်လျော့တယ်လို့ ခံစားနေရတယ်ဆိုရင်။ အခုအောက်မှာဖော်ပြမယ့် အကျင့်စရိုက်တွေ လက္ခဏာရပ်တွေကိုကြည့်ခြင်းအားဖြင့် သင့်ချစ်ဇနီး သင့်အပေါ် တကယ်ချစ်မချစ် ဆိုတာကို သိနိုင်ပါတယ်။

၁။ သင့်မိဘတွေကို လေးစားမယ်

သင့်ကို တကယ်ချစ်တဲ့သူဟာ သင့်မိဘတွေအပေါ် လေးလေးစားစား ဆက်ဆံမှာသေချာပါတယ်။ သင့်မိဘတွေ အကူအညီလိုအပ်လာတဲ့အခါမှာလည်း သူတို့က ကူညီပေးဖို့ အဆင်သင့်ရှိနေကြသူတွေပါ။

၂။ သင့်အပြုအမူတွေအတွက် မရှက်ဘူး

တခါတလေ သင်ပြုလုပ်လိုက်တဲ့အမူအရာတွေကြောင့် သင့်ကို တကယ်ချစ်တဲ့သူတွေဟာ မရှက်ကြပါဘူး။ သင်ဟာသတွေလုပ်နေတယ် ကိုးယို့ကားယားတွေလုပ်နေရင်တောင် သင့်အပေါ် မရှက်ပါဘူး။

၃။ သင့်အခက်အခဲတွေကို စာနာနားလည်ပေးတယ်

သင့်အလုပ်မှာ အဆင်မပြေတာတွေကို ရင်ဖွင့်တဲ့အခါ သင့်ကို သူတို့ အပြည့်အ၀ နားလည်ပေးမှာပါ။ ဒေါသနဲ့ တုံ့ပြန်မှာမဟုတ်ပါဘူး။

၄။ သင့်ထင်မြင်ယူဆချက်တွေကို လေးစားတယ်

လူတစ်ယောက်နဲ့တစ်ယောက် ထင်မြင်ယူဆချက်တွေ မတူညီနိုင်ပါဘူး။ သင့်ကို တကယ်ချစ်တဲ့သူတွေဟာ သူတို့နဲ့ သင့်ထင်မြင်ယူဆချက်တွေ မတူညီရင်တောင် သင့်ထင်မင်ယူဆချက်ကို အမြဲလေးစားလေ့ရှိပါတယ်။

၅။ သင့်မကောင်းကြောင်းကို ပြောမှာမဟုတ်ပါဘူး

လူတိုင်းမှာ အားသာချက် အားနည်းချက်ရှိသလို၊ ကောင်းတဲ့အချက် မကောင်းတဲ့အချက်တွေရှိပါတယ်။ သင့်ကို တကယ်ချစ်တဲ့သူတွေဟာ သင့်မကောင်းကြောင်း အတင်းအဖျင်းကို ဘယ်တော့မှပြောမှာမဟုတ်ပါဘူး။

၆။ လူအများရှေ့မှာ သင့်ကို စိတ်ဆိုးဒေါသထွက်မှာမဟုတ်ဘူး

သင့်ကို တကယ်ချစ်တဲ့သူဟာ လူကြားသူကြားထဲမှာ သင့်ကို စိတ်ဆိုးဒေါသထွက်စရာပြောမှာမဟုတ်ပါဘူး။ ဒါ့အပြင် သင့်ကိုလည်း အပြစ်တင်မှာမဟုတ်ပါဘူး။

၇။ သင့်ကျန်းမာရေးကိုဂရုစိုက်တယ်

သင်စားမယ့်အစားအသောက်တွေ၊ သင့်ကျန်းမာရေးနဲ့ပတ်သတ်လို့ သူဟာ အမြဲတမ်းဂရုစိုက်နေမှာပါ။ သူအလုပ်မအားရင်တောင် သင့်နဲ့အတူ ချက်ပြုတ်ပြင်ဆင်ဖို့ အချိန်ပေးမှာဖြစ်ပါတယ်။

၈။ သင်ဟာသပြောတဲ့အခါမှာ လိုက်ရယ်ပေးမယ်

သင်ဟာသပြောတဲ့အခါ ဒါကရယ်စရာကောင်းလို့လားဆိုပြီး တုံ့ပြန်တာမျိုးမဟုတ်ဘဲ သင်ပြောတဲ့ဟာသကို လှိုက်လှိုက်လှဲလှဲ လိုက်ရယ်ပေးမှာပါ။

၉။ သင့်ကို အပြည့်အဝယုံကြည်လိမ့်မယ်

အောက်မှာ ပြထားတဲ့ပုံမှာဆိုရင် ဇနီးက ကြည်ပါဦး။ တကယ်အောင်မြင်နေတဲ့သူတွေများ ကားအကောင်းစားတွေနဲ့လို့ ပြောထားပြီး နောက်တစ်ခုမှာတော့ ရှင့်မှာ အောင်မြင်မှုတွေ အများကြီးရှိနေပြီပဲ။ နောက် ၂ နှစ်လောက်ဆိုရင် ကားလန်းလန်းလေးတစ်စီး တော့ အေးဆေးဝယ်နိုင်တယ် ဆိုပြီး ပြောထားပါတယ်။ ဒီလိုပါပဲ သင့်ကို တကယ်ချစ်တဲ့ ချစ်ဇနီးလောင်းလေးဟာ သင့်အပေါ် အပြည့်အ၀ ယုံကြည်နေမှာပါ။

၁၀။ သင့်ကို ငွေကြေးအတွက် တွန်းအားပေးမှာမဟုတ်ပါဘူး

သင့်ကို ငွေရှာဖို့ တစ်ခုတည်းနဲ့ တွန်းအားပေးမှာမဟုတ်ဘဲ သင့်ဝါသနာတွေကို မြေတောင်မြောက်ပေးမှာဖြစ်ပါတယ်။ ဒီအောက်ကပုံမှာဆိုရင်လည်း ကားဆေးဖို့လူလိုနေတယ်တဲ့။ သွားလုပ်မယ်ဆိုရင်အပိုဝင်ငွေလေးရတာပေါ့ လို့ ပြောထားပြီး နောက်တစ်ပုံမှာတော့ ဒီမှာ အခမဲ့သင်တန်းတစ်ခုရှိတယ်တဲ့။ ရှင်တက်ချင်နေတဲ့သင်တန်းပဲ။ သွားတက်လေလို့ ပြောထားတာပါ။

သင့်မှာ အခုလို သိပ်ကို ချစ်စရာကောင်းတဲ့ ဇနီးလောင်းလေးရှိနေရင်အခုပဲ Mention ခေါ်ပြီး သိပ်ချစ်တဲ့အကြောင်း ပြောလိုက်ပါဦးနော်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top