iMyanmarHouse.com - Best Property Website for Myanmar
×

အေအာင္ျမင္ဆံုးပုဂိၢဳဟ္ေတြဟာ သူတို႔ရဲ႕ေအာင္ျမင္မႈအေၾကာင္းေတြကိုပဲ ေျပာေလ့ရွိၿပီး အဆင္မေျပက်႐ႈံးခဲ့တာေတြကို ဘာေၾကာင့္မေျပာတာလဲလို႔ ေတြးမိပါသလား။ ဒါကလည္း အထူးအဆန္းေတာ့ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔အားလံုးက ေအာင္ျမင္မႈကိုပဲ ဦးစားေပးတတ္တာေၾကာင့္ ျဖစ္ပါတယ္။

တကယ္ဆိုရင္ လက္ရွိမွာ ေအာင္ျမင္ေနတဲ့ ပုဂၢိဳဟ္ေတြအားလံုးကလည္း အမွန္ေတြကိုခ်ည္းပဲ လုပ္ခဲ့တာမဟုတ္သလို အမွားေတြမရွိခဲ့တာလည္း မဟုတ္ပါဘူး။ အေရးႀကီးဆံုးအခ်က္ကေတာ့ သူတို႔အားလံုးဟာ အမွားေတြကေန ပညာယူတတ္ၾကတာပဲ ျဖစ္ပါတယ္။

အဆင္မေျပျဖစ္ခဲ့ရတဲ့ ႀကိဳးစားမႈတိုင္းဟာ သင့္အတြက္ အစားထိုးမရႏိုင္တဲ့ အေတြ႕အၾကံဳေတြ ေပးစြမ္းႏိုင္တာေၾကာင့္ အမွားေတြဟာ ေအာင္ျမင္မႈထက္ အဖိုးတန္တယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အမွားေတြကေန ပညာယူသင့္တဲ့ အေၾကာင္းရင္းတခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အေတြ႕အၾကံဳေတြ ေပးႏိုင္တယ္
အမွားေတြဟာ ေနာင္အနာဂတ္မွာ အက်င့္ေကာင္းေတြ ျဖစ္လာေစဖို႔ အေထာက္အကူေပးႏိုင္ပါတယ္။ လုပ္ငန္းခြင္ထဲမွာ အမွားတစ္ခါလုပ္ဖူးခဲ့ရင္ ေနာက္တစ္ခါ ထပ္မမွားရေအာင္ ဂရုစိုက္တတ္လာပါလိမ့္မယ္။ တစ္ခါတစ္ေလမွာ မိသားစုနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြက ဘယ္ေလာက္ေျပာေျပာ နားမ၀င္တတ္တဲ့ အေရးကိစၥေတြဟာ ကိုယ္တိုင္အမွားလုပ္မိၿပီး ေတြ႕ၾကံဳဖူးသြားတဲ့အခါမွ ေနာက္မျဖစ္ေအာင္ ဆင္ျခင္ႏိုင္လာတာ ျဖစ္ပါတယ္။

၂။ ထူးျခားတဲ့အေတြးအေခၚေတြ ရရွိလာေစတယ္
အမွားလုပ္မိတဲ့အခါမွာ လက္ရွိျပႆနာကို ေျဖရွင္းဖို႔ မတူကြဲျပားတဲ့ နည္းလမ္းေတြကို ရွာေဖြၾကရပါတယ္။ အမွားေတြဟာ ေျဖရွင္းနည္းအသစ္ေတြကို ေပၚထြက္လာေအာင္ လႈံ႔ေဆာ္ေပးႏိုင္ပါတယ္။ သင့္ရဲ႕ မူလစိတ္ကူးက အလုပ္မျဖစ္တဲ့အခါမွာ အျခားနည္းလမ္းတစ္ခုကို စဥ္းစားႏိုင္လာေစပါတယ္။

၃။ အက်င့္စရိုက္ေကာင္းေတြကို ျဖစ္ထြန္းေစတယ္
အမွားေတြမ်ားလြန္းလာတဲ့အခါမွာ လူအမ်ားစုက စိတ္ဓာတ္က်ဆင္းသြားတတ္ၾကပါတယ္။ က်ရႈံးမႈေတြ မ်ားလာတဲ့အခါမွာ စိတ္ကူးအိပ္မက္ေတြကို စြန္႔လႊတ္လိုက္ဖို႔ စိတ္ကူးတတ္ၾကပါတယ္။ ဒါေပမယ့္ အမွားေတြကေန သင္ခန္းစာယူႏိုင္ၿပီဆိုတာနဲ႔ မိမိကိုယ္ကို ယုံၾကည္မႈေတြ ျပန္လည္ျဖစ္တည္လာၿပီး ပိုၿပီးေအာင္ျမင္တဲ့ လူတစ္ေယာက္ရဲ႕ အက်င့္စရိုက္ေတြကို ပိုင္ဆိုင္လာေစႏိုင္ပါတယ္။

၄။ တိုးတက္မႈကို အေထာက္အကူေပးတယ္
တစ္ခါဆိုရင္ အမွား ႏွစ္ခါဆိုရင္ အျပစ္ ဆိုတဲ့ စကားကို ၾကားဖူးၾကမွာပါ။ လူတိုင္း အနည္းဆံုး တစ္ႀကိမ္ေတာ့ က်႐ႈံးတတ္ၾကပါတယ္။ ေအာင္ျမင္မႈတစ္ခုကို တစ္ခါတည္းနဲ႔ ရယူႏိုင္တယ္ဆိုတာလည္း အရမ္းကို ရွားပါတယ္။ ဒါေပမယ့္ က်႐ႈံးမႈေတြ၊ အမွားေတြကေန သင္ခန္းစားမယူပဲ အရင္အတိုင္းပဲ ဆက္လုပ္ေနမယ္ဆိုရင္ ရလဒ္ကလည္း အရင္အတိုင္းပဲ ျဖစ္ေနမွာပါ။ သင့္အေနနဲ႔ တစ္ခါက်႐ႈံးဖူးရင္ အျခားပိုေကာင္းတဲ့ နည္းလမ္းတစ္ခုကို ရွာေဖြရမွာျဖစ္ပါတယ္။

၅။ အားနည္းခ်က္ေတြကို ေဖာ္ထုတ္ေပးတယ္
သင္ဟာ မလုပ္ခ်င္တာေတြကို ဖယ္ထားၿပီး လုပ္ခ်င္တာေတြကိုပဲ ေရြးလုပ္တတ္တဲ့လူတစ္ေယာက္လား။ သင့္မလုပ္ခ်င္တာေတြကို ကိုယ္စားလုပ္ေပးမယ့္သူရွိရင္ေတာ့ ျပႆနာမရွိပါဘူး။ ဒါေပမယ့္ သင္ကိုယ္တိုင္လုပ္မွ ျဖစ္မယ့္ကိစၥေတြဆိုရင္ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။ အခ်ိန္ေရႊ႕ဆိုင္းတာဟာ လူအမ်ားစုလုပ္တတ္တဲ့ အမွားတစ္ခုျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အားလံုးဟာ အလြယ္တကူလုပ္ႏိုင္တာကိုပဲ အာရုံစိုက္ခ်င္ၾကၿပီး ခက္ခဲပင္ပန္းမယ့္အရာေတြကို လုပ္စရာရွိတာမလုပ္ပဲ အခ်ိန္ေရႊ႕ဆိုင္းတတ္ၾကပါတယ္။

အစကတည္း မွန္တဲ့လူဆိုတာ မရွိသေလာက္ ရွားပါတယ္။ သင့္အေနနဲ႔ က်ရႈံးသြားလည္း စိတ္ဓာတ္မက်ပဲ ျပန္ထႏိုင္ရမွာ ျဖစ္ပါတယ္။ အမွားေတြကေန သင္ခန္းစာယူႏိုင္မွာ ေအာင္ျမင္မႈကို ရရွိမွာျဖစ္ပါတယ္။

Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အအောင်မြင်ဆုံးပုဂ္ဂိုဟ်တွေဟာ သူတို့ရဲ့အောင်မြင်မှုအကြောင်းတွေကိုပဲ ပြောလေ့ရှိပြီး အဆင်မပြေကျရှုံးခဲ့တာတွေကို ဘာကြောင့်မပြောတာလဲလို့ တွေးမိပါသလား။ ဒါကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက အောင်မြင်မှုကိုပဲ ဦးစားပေးတတ်တာကြောင့် ဖြစ်ပါတယ်။

တကယ်ဆိုရင် လက်ရှိမှာ အောင်မြင်နေတဲ့ ပုဂ္ဂိုဟ်တွေအားလုံးကလည်း အမှန်တွေကိုချည်းပဲ လုပ်ခဲ့တာမဟုတ်သလို အမှားတွေမရှိခဲ့တာလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးအချက်ကတော့ သူတို့အားလုံးဟာ အမှားတွေကနေ ပညာယူတတ်ကြတာပဲ ဖြစ်ပါတယ်။

အဆင်မပြေဖြစ်ခဲ့ရတဲ့ ကြိုးစားမှုတိုင်းဟာ သင့်အတွက် အစားထိုးမရနိုင်တဲ့ အတွေ့အကြုံတွေ ပေးစွမ်းနိုင်တာကြောင့် အမှားတွေဟာ အောင်မြင်မှုထက် အဖိုးတန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် အမှားတွေကနေ ပညာယူသင့်တဲ့ အကြောင်းရင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အတွေ့အကြုံတွေ ပေးနိုင်တယ်
အမှားတွေဟာ နောင်အနာဂတ်မှာ အကျင့်ကောင်းတွေ ဖြစ်လာစေဖို့ အထောက်အကူပေးနိုင်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ အမှားတစ်ခါလုပ်ဖူးခဲ့ရင် နောက်တစ်ခါ ထပ်မမှားရအောင် ဂရုစိုက်တတ်လာပါလိမ့်မယ်။ တစ်ခါတစ်လေမှာ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေက ဘယ်လောက်ပြောပြော နားမဝင်တတ်တဲ့ အရေးကိစ္စတွေဟာ ကိုယ်တိုင်အမှားလုပ်မိပြီး တွေ့ကြုံဖူးသွားတဲ့အခါမှ နောက်မဖြစ်အောင် ဆင်ခြင်နိုင်လာတာ ဖြစ်ပါတယ်။

၂။ ထူးခြားတဲ့အတွေးအခေါ်တွေ ရရှိလာစေတယ်
အမှားလုပ်မိတဲ့အခါမှာ လက်ရှိပြဿနာကို ဖြေရှင်းဖို့ မတူကွဲပြားတဲ့ နည်းလမ်းတွေကို ရှာဖွေကြရပါတယ်။ အမှားတွေဟာ ဖြေရှင်းနည်းအသစ်တွေကို ပေါ်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ သင့်ရဲ့ မူလစိတ်ကူးက အလုပ်မဖြစ်တဲ့အခါမှာ အခြားနည်းလမ်းတစ်ခုကို စဉ်းစားနိုင်လာစေပါတယ်။

၃။ အကျင့်စရိုက်ကောင်းတွေကို ဖြစ်ထွန်းစေတယ်
အမှားတွေများလွန်းလာတဲ့အခါမှာ လူအများစုက စိတ်ဓာတ်ကျဆင်းသွားတတ်ကြပါတယ်။ ကျရှုံးမှုတွေ များလာတဲ့အခါမှာ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်လိုက်ဖို့ စိတ်ကူးတတ်ကြပါတယ်။ ဒါပေမယ့် အမှားတွေကနေ သင်ခန်းစာယူနိုင်ပြီဆိုတာနဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေ ပြန်လည်ဖြစ်တည်လာပြီး ပိုပြီးအောင်မြင်တဲ့ လူတစ်ယောက်ရဲ့ အကျင့်စရိုက်တွေကို ပိုင်ဆိုင်လာစေနိုင်ပါတယ်။

၄။ တိုးတက်မှုကို အထောက်အကူပေးတယ်
တစ်ခါဆိုရင် အမှား နှစ်ခါဆိုရင် အပြစ် ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ လူတိုင်း အနည်းဆုံး တစ်ကြိမ်တော့ ကျရှုံးတတ်ကြပါတယ်။ အောင်မြင်မှုတစ်ခုကို တစ်ခါတည်းနဲ့ ရယူနိုင်တယ်ဆိုတာလည်း အရမ်းကို ရှားပါတယ်။ ဒါပေမယ့် ကျရှုံးမှုတွေ၊ အမှားတွေကနေ သင်ခန်းစားမယူပဲ အရင်အတိုင်းပဲ ဆက်လုပ်နေမယ်ဆိုရင် ရလဒ်ကလည်း အရင်အတိုင်းပဲ ဖြစ်နေမှာပါ။ သင့်အနေနဲ့ တစ်ခါကျရှုံးဖူးရင် အခြားပိုကောင်းတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေရမှာဖြစ်ပါတယ်။

၅။ အားနည်းချက်တွေကို ဖော်ထုတ်ပေးတယ်
သင်ဟာ မလုပ်ချင်တာတွေကို ဖယ်ထားပြီး လုပ်ချင်တာတွေကိုပဲ ရွေးလုပ်တတ်တဲ့လူတစ်ယောက်လား။ သင့်မလုပ်ချင်တာတွေကို ကိုယ်စားလုပ်ပေးမယ့်သူရှိရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် သင်ကိုယ်တိုင်လုပ်မှ ဖြစ်မယ့်ကိစ္စတွေဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ အချိန်ရွှေ့ဆိုင်းတာဟာ လူအများစုလုပ်တတ်တဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ အလွယ်တကူလုပ်နိုင်တာကိုပဲ အာရုံစိုက်ချင်ကြပြီး ခက်ခဲပင်ပန်းမယ့်အရာတွေကို လုပ်စရာရှိတာမလုပ်ပဲ အချိန်ရွှေ့ဆိုင်းတတ်ကြပါတယ်။

အစကတည်း မှန်တဲ့လူဆိုတာ မရှိသလောက် ရှားပါတယ်။ သင့်အနေနဲ့ ကျရှုံးသွားလည်း စိတ်ဓာတ်မကျပဲ ပြန်ထနိုင်ရမှာ ဖြစ်ပါတယ်။ အမှားတွေကနေ သင်ခန်းစာယူနိုင်မှာ အောင်မြင်မှုကို ရရှိမှာဖြစ်ပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top