iMyanmarHouse.com - Best Property Website for Myanmar
×

ေထာပတ္သီးဟာ အရသာရွိျပီး အာဟာရျပည့္ဝသလို က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားတဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ ဒါေပမယ့္ အသားကိုစားျပီးရင္ စြန္႔ပစ္ေလ့ရွိၾကတဲ့ ေထာပတ္သီးအေစ့ကလည္း အသံုးဝင္တဲ့ေနရာေတြ အမ်ားၾကီးရွိတယ္ဆိုတာ သင္သိပါသလား။

ေထာပတ္သီးအေစ့မွာ ေဆးဖက္ဝင္အာနိသင္ေတြပါရွိတာေၾကာင့္ အသားအေရအတြက္ေရာ၊ အရိုးအဆစ္နဲ႔ ၾကြက္သားေတြအတြက္ပါ အသံုးဝင္တဲ့နည္းလမ္းေတြရွိပါတယ္။ ေထာပတ္သီးအေစ့ကို ဘယ္လိုစြယ္စံုသံုးမလဲဆိုတာဒီမွာ ဆက္ၾကည့္ပါဦး။

ေခါင္းေလွ်ာ္ရည္

ေထာပတ္သီးေခါင္းေလွ်ာ္ရည္ကို ကိုယ္တိုင္ဖန္တီးလို႔ရပါတယ္။ ေထာပတ္ေစ့သံုးေစ့ကို အေျခာက္လွမ္းျပီး ျခစ္ထားပါ။ ေရ ၆ ခြက္နဲ႔ ေရာေမႊျပီး ကိုယ္သံုးမယ့္ေခါင္းေလွ်ာ္ရည္အနည္းငယ္ထည့္ပါ။ ရလာတဲ့ ရွန္ပူပ်စ္ပ်စ္နဲ႔ ေခါင္းေလွ်ာ္ေပးရင္ ေပါင္းတင္ထားသလို ဆံသားႏူးညံံ့ေစပါတယ္။

သြားကိုက္ျခင္း

သြားကိုက္ေနတယ္ဆိုရင္ ေထာပတ္သီးအေစ့ကို အနည္းငယ္လွီးျဖတ္ျပီး ကိုက္ေနတဲ့သြားတဝိုက္ကို ပြတ္လိမ္းေပးပါ။ ေထာပတ္သီးအေစ့ အတံုးသံုးတံုးေလာက္ကို ေရေႏြးဆူဆူနဲ႔ႏွပ္ထားတဲ့ေရနဲ႔ ပလုတ္က်င္းေပးရင္လည္း သက္သာေစနိုင္ပါတယ္။

အကိုက္အခဲေပ်ာက္ေဆး

ေထာပတ္သီးအေစ့ကို ၾကိတ္ျပီး အရက္နဲ႔ေရာျပီး တစ္ပတ္ေလာက္ႏွပ္ထားပါ။ အဆစ္အျမစ္နဲ႔ ၾကြက္သားနာက်င္ကိုက္ခဲတဲ့အခါမ်ိဳးမွာ အဲဒီ့အရည္ကို ယူျပီး  ႏွိပ္နယ္လိမ္းေပးရင္ သက္သာေစပါတယ္။ ေခါင္းတစ္ျခမ္းကိုက္ေဝဒနာအတြက္လည္း နားထင္နဲ႔ လည္ကုပ္ကို ႏွိပ္လိမ္းေပးပါ။

အသားအေရအတြက္ ေဆးတစ္လက္

ေထာပတ္သီးအေစ့က အေရျပားေပၚက အမည္းစက္ေတြကို ေပ်ာက္ကင္းေစနိုင္စြမ္းလည္းရွိပါတယ္။ ေထာပတ္သီးေစ့ကိုအေျခာက္လွမ္း၊ အမႈန္႔ၾကိတ္ျပီး ေရေႏြးနည္းနည္းနဲ႔အႏွစ္ျဖစ္ေအာင္ေမႊပါ။ သံလြင္ဆီအနည္းငယ္ထည့္ျပီး အသားအေရမွာ လိမ္းပါ။ ၅ မိနစ္ သို႔မဟုတ္ ၁၀ မိနစ္ ေလာက္အထိ မေျခာက္မခ်င္းထားေပးပါ။ ျပီးမွ ေရခ်ိဳးခ်လိုက္တဲ့အခါ အသားအေရဝင္းလက္ျပီး ေခ်ာေမြ႔ေနတာ ေတြ႔ရပါမယ္။

ကိုယ္တိုင္လုပ္ Face Scrub

မ်က္ႏွာအတြက္ေရာ တစ္ကိုယ္လံုးအတြက္ပါ သဘာဝ scrub ေလး ကိုယ္တိုင္လုပ္ဖို႔မခက္ပါဘူး။ အေျခာက္လွမ္းထားတဲ့ အေစ့ကို ၾကိတ္ျပီး ငွက္ေပ်ာသီးတစ္လံုးေခ်ထည့္၊ သံလြင္ဆီတစ္ဇြန္းထည့္ျပီးေမႊပါ။ အေရျပားမွာ ညင္သာစြာလိမ္းပြတ္ေပးျပီး ေဆးေၾကာပါ။

ေဗာက္ေပ်ာက္ေစတယ္

အေျခာက္မလွမ္းရေသးတဲ့ အေစ့ကို ျခစ္ျပီး ၾကက္ဆူဆီ (castor oil) ထည့္ေမႊ၊ တစ္ရက္ေလာက္ႏွပ္ထားပါ။ ျပီးရင္ ဦးေရျပားမွာ ပြတ္လိမ္းေပးပါ။ ဦးေခါင္းကိုတဘက္တစ္ထည္ သို႔မဟုတ္ ပဝါပါးနဲ႔ တစ္နာရီေလာက္ ပတ္ထားျပီးမွ ေခါင္းေလွ်ာ္ပါ။ ေဗာက္ကင္းစင္ျပီး ေတာက္ေျပာင္လွပတဲ့ ဆံေကသာကို ပိုင္ဆိုင္ရပါလိမ့္မယ္။ အဆီျပန္တတ္တဲ့ဆံသားအတြက္ေတာ့ ဒီနည္းက မသင့္ေတာ္ပါဘူး။

သဘာဝအဝတ္အထည္ဆိုးေဆး

ေထာပတ္သီးအေစ့ကို အဝတ္အထည္ေတြအေရာင္ဆိုးေဆးအျဖစ္ သံုးလို႔ရပါတယ္။ ပန္းေရာင္ထြက္ပါတယ္။ လြယ္လြယ္ေလးပါ။ ေထာပတ္သီးေစ့နဲ႔အခြံကို ပြက္ပြက္ဆူေအာင္ ၄၅ မိနစ္ေလာက္ တည္ပါ။ ကိုယ္အေရာင္ဆိုးခ်င္တဲ့အထည္ကိုပါ ထည့္တည္ပါ။ ပန္းေရာင္အေဖ်ာ့ေလးရပါမယ္။ အေရာင္ထပ္ရင့္ခ်င္ရင္ေတာ့ အေစ့နဲ႔အခြံပိုထည့္ျပီး အေရာအေႏွာကို အခ်ိန္ပိုၾကာၾကာထားေပးပါ။

ေထာပတ္သီးအေစ့ကို စားလို႔ရသလား

ေထာပတ္သီးက အာဟာရျပည့္ဝတဲ့အသီးအႏွံတစ္မ်ိဳးျဖစ္ေပမယ့္ ေထာပတ္သီးမွာပါရွိတဲ့ အမိုင္နိုအက္စစ္ ၇၀ ရာခိုင္ႏႈန္းကို အေစ့မွာ ေတြ႔ရွိရပါတယ္။ေထာပတ္သီးအေစ့က သူ႔ရဲ႕ေဆးဖက္ဝင္အာနိသင္ေတြေၾကာင့္ အရသာခါးသက္ျပီး အနံ႔ျပင္းပါတယ္။ ေထာပတ္သီးေစ့ကိုစားသံုးမယ္ဆိုရင္ စားလို႔ေတာ့ရပါတယ္။ တျခားအေစ့ေတြလိုပဲ အာဟာရဓာတ္ေတြ၊အမွ်င္ဓာတ္နဲ႔ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြပါဝင္ေပမယ့္ ေဘးဥပါဒ္လံုးဝကင္းရွင္းရဲ႕လားဆိုတဲ့အေပၚ အေသးစိတ္ေလ့လာေတြ႔ရွိခ်က္နည္းေနေသးတာေၾကာင့္ စားသံုးမႈကိုပညာရွင္ေတြက အားမေပးၾကပါဘူး။ tannin  ပါဝင္မႈေၾကာင့္လည္း ဝမ္းခ်ဳပ္ေစတတ္တယ္လို႔ သိရပါတယ္။

အမွန္ေတာ့ အသီးအႏွံတိုင္းရဲ႕အေစ့တိုင္းကို စားလို႔မရနိုင္ဘူးဆိုတာ မေမ့ပါနဲ႔။ ဥပမာ တရုတ္ဆီးသီးနဲ႔မက္မြန္သီးအေစ့ေတြဆိုရင္ cyanide အဆိပ္ပါတဲ့ amygdalin ျဒပ္ေပါင္းပါဝင္လို႔ ေဘးဥပါဒ္မကင္းနိုင္ပါဘူး။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ထောပတ်သီးဟာ အရသာရှိပြီး အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အသားကိုစားပြီးရင် စွန့်ပစ်လေ့ရှိကြတဲ့ ထောပတ်သီးအစေ့ကလည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။

ထောပတ်သီးအစေ့မှာ ဆေးဖက်ဝင်အာနိသင်တွေပါရှိတာကြောင့် အသားအရေအတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတွေအတွက်ပါ အသုံးဝင်တဲ့နည်းလမ်းတွေရှိပါတယ်။ ထောပတ်သီးအစေ့ကို ဘယ်လိုစွယ်စုံသုံးမလဲဆိုတာဒီမှာ ဆက်ကြည့်ပါဦး။

ခေါင်းလျှော်ရည်

ထောပတ်သီးခေါင်းလျှော်ရည်ကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ထောပတ်စေ့သုံးစေ့ကို အခြောက်လှမ်းပြီး ခြစ်ထားပါ။ ရေ ၆ ခွက်နဲ့ ရောမွှေပြီး ကိုယ်သုံးမယ့်ခေါင်းလျှော်ရည်အနည်းငယ်ထည့်ပါ။ ရလာတဲ့ ရှန်ပူပျစ်ပျစ်နဲ့ ခေါင်းလျှော်ပေးရင် ပေါင်းတင်ထားသလို ဆံသားနူးညံံ့စေပါတယ်။

သွားကိုက်ခြင်း

သွားကိုက်နေတယ်ဆိုရင် ထောပတ်သီးအစေ့ကို အနည်းငယ်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားတဝိုက်ကို ပွတ်လိမ်းပေးပါ။ ထောပတ်သီးအစေ့ အတုံးသုံးတုံးလောက်ကို ရေနွေးဆူဆူနဲ့နှပ်ထားတဲ့ရေနဲ့ ပလုတ်ကျင်းပေးရင်လည်း သက်သာစေနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေး

ထောပတ်သီးအစေ့ကို ကြိတ်ပြီး အရက်နဲ့ရောပြီး တစ်ပတ်လောက်နှပ်ထားပါ။ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးမှာ အဲဒီ့အရည်ကို ယူပြီး  နှိပ်နယ်လိမ်းပေးရင် သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက်လည်း နားထင်နဲ့ လည်ကုပ်ကို နှိပ်လိမ်းပေးပါ။

အသားအရေအတွက် ဆေးတစ်လက်

ထောပတ်သီးအစေ့က အရေပြားပေါ်က အမည်းစက်တွေကို ပျောက်ကင်းစေနိုင်စွမ်းလည်းရှိပါတယ်။ ထောပတ်သီးစေ့ကိုအခြောက်လှမ်း၊ အမှုန့်ကြိတ်ပြီး ရေနွေးနည်းနည်းနဲ့အနှစ်ဖြစ်အောင်မွှေပါ။ သံလွင်ဆီအနည်းငယ်ထည့်ပြီး အသားအရေမှာ လိမ်းပါ။ ၅ မိနစ် သို့မဟုတ် ၁၀ မိနစ် လောက်အထိ မခြောက်မချင်းထားပေးပါ။ ပြီးမှ ရေချိုးချလိုက်တဲ့အခါ အသားအရေဝင်းလက်ပြီး ချောမွေ့နေတာ တွေ့ရပါမယ်။

ကိုယ်တိုင်လုပ် Face Scrub

မျက်နှာအတွက်ရော တစ်ကိုယ်လုံးအတွက်ပါ သဘာဝ scrub လေး ကိုယ်တိုင်လုပ်ဖို့မခက်ပါဘူး။ အခြောက်လှမ်းထားတဲ့ အစေ့ကို ကြိတ်ပြီး ငှက်ပျောသီးတစ်လုံးချေထည့်၊ သံလွင်ဆီတစ်ဇွန်းထည့်ပြီးမွှေပါ။ အရေပြားမှာ ညင်သာစွာလိမ်းပွတ်ပေးပြီး ဆေးကြောပါ။

ဗောက်ပျောက်စေတယ်

အခြောက်မလှမ်းရသေးတဲ့ အစေ့ကို ခြစ်ပြီး ကြက်ဆူဆီ (castor oil) ထည့်မွှေ၊ တစ်ရက်လောက်နှပ်ထားပါ။ ပြီးရင် ဦးရေပြားမှာ ပွတ်လိမ်းပေးပါ။ ဦးခေါင်းကိုတဘက်တစ်ထည် သို့မဟုတ် ပဝါပါးနဲ့ တစ်နာရီလောက် ပတ်ထားပြီးမှ ခေါင်းလျှော်ပါ။ ဗောက်ကင်းစင်ပြီး တောက်ပြောင်လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ရပါလိမ့်မယ်။ အဆီပြန်တတ်တဲ့ဆံသားအတွက်တော့ ဒီနည်းက မသင့်တော်ပါဘူး။

သဘာဝအဝတ်အထည်ဆိုးဆေး

ထောပတ်သီးအစေ့ကို အဝတ်အထည်တွေအရောင်ဆိုးဆေးအဖြစ် သုံးလို့ရပါတယ်။ ပန်းရောင်ထွက်ပါတယ်။ လွယ်လွယ်လေးပါ။ ထောပတ်သီးစေ့နဲ့အခွံကို ပွက်ပွက်ဆူအောင် ၄၅ မိနစ်လောက် တည်ပါ။ ကိုယ်အရောင်ဆိုးချင်တဲ့အထည်ကိုပါ ထည့်တည်ပါ။ ပန်းရောင်အဖျော့လေးရပါမယ်။ အရောင်ထပ်ရင့်ချင်ရင်တော့ အစေ့နဲ့အခွံပိုထည့်ပြီး အရောအနှောကို အချိန်ပိုကြာကြာထားပေးပါ။

ထောပတ်သီးအစေ့ကို စားလို့ရသလား

ထောပတ်သီးက အာဟာရပြည့်ဝတဲ့အသီးအနှံတစ်မျိုးဖြစ်ပေမယ့် ထောပတ်သီးမှာပါရှိတဲ့ အမိုင်နိုအက်စစ် ၇၀ ရာခိုင်နှုန်းကို အစေ့မှာ တွေ့ရှိရပါတယ်။ထောပတ်သီးအစေ့က သူ့ရဲ့ဆေးဖက်ဝင်အာနိသင်တွေကြောင့် အရသာခါးသက်ပြီး အနံ့ပြင်းပါတယ်။ ထောပတ်သီးစေ့ကိုစားသုံးမယ်ဆိုရင် စားလို့တော့ရပါတယ်။ တခြားအစေ့တွေလိုပဲ အာဟာရဓာတ်တွေ၊အမျှင်ဓာတ်နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပေမယ့် ဘေးဥပါဒ်လုံးဝကင်းရှင်းရဲ့လားဆိုတဲ့အပေါ် အသေးစိတ်လေ့လာတွေ့ရှိချက်နည်းနေသေးတာကြောင့် စားသုံးမှုကိုပညာရှင်တွေက အားမပေးကြပါဘူး။ tannin  ပါဝင်မှုကြောင့်လည်း ဝမ်းချုပ်စေတတ်တယ်လို့ သိရပါတယ်။

အမှန်တော့ အသီးအနှံတိုင်းရဲ့အစေ့တိုင်းကို စားလို့မရနိုင်ဘူးဆိုတာ မမေ့ပါနဲ့။ ဥပမာ တရုတ်ဆီးသီးနဲ့မက်မွန်သီးအစေ့တွေဆိုရင် cyanide အဆိပ်ပါတဲ့ amygdalin ဒြပ်ပေါင်းပါဝင်လို့ ဘေးဥပါဒ်မကင်းနိုင်ပါဘူး။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top