iMyanmarHouse.com - Best Property Website for Myanmar
×

B ေသြး
B ေသြးမိန္းကေလးေတြကေတာ့ နားလည္ရခက္တယ္ဆိုတာကို သိၿပီးၿဖစ္မွာပါ။

ဒါပင္မယ့္လည္း သူတို႔အေၾကာင္းကို ေသေသခ်ာခ်ာနားလည္ထားမယ္ဆိုရင္ေတာ့ ခ်စ္ဖို႔ေကာင္းလာမွာပါ။ သူတို႔အေနနဲ႕ပတ္ဝန္းက်င္နဲ႔ အလုိက္သင့္မေနတာေၾကာင့္ နားလည္ရခက္ပင္မယ့္လည္း အတြင္းစိတ္ကေတာ့ ဘယ္ေတာ့မဆို ဟုတ္တယ္၊ မဟုတ္ဘူးကို မွန္မွန္ ဆံုးၿဖတ္ႏုိင္တာေၾကာင့္ ေပါင္းသင္းရလြယ္မွာပါ။

သူတို႔ရဲ႕အေၾကာင္းေလးကို နားလည္ထားမယ္ဆိုရင္ သူအနားကုိ လြယ္လြယ္နဲ႕ ခ်ဥ္းကပ္ႏုိင္မွာပါ။

၀၁. သူ႕ေရခ်ိန္လည္း ရွိတယ္

ပတ္ဝန္းက်င္က ဘာေတြၿဖစ္ၿဖစ္၊ ကမာၻပဲပ်က္ပ်က္ ကိုယ္လုပ္ေနတဲ့ကိစၥေလးေတြကို ေအးေအးေဆးေဆး ဆက္လုပ္ေနတတ္သူပါ။ သူနဲ႕ပတ္ဝန္းက်င္က တထပ္တည္းမက်လို႔ေတြးထားသလို သူငယ္ခ်င္းေတြနဲ႕သြားလာရတာကုိ မုန္းတယ္။ ပိတ္ရက္ေတြမွာ အိမ္မွာ တေယာက္တည္းေနရတာကို သေဘာက်သူပါ။

၀၂. ကိုယ့္သာလွ်င္ ပထမ

ကိုယ့္အတြက္ကိုသာ ပထမေနရာထားေလ့ရွိတာေၾကာင့္ ဒီလိုထင္တယ္၊ ဘယ္လိုလုပ္သင့္သလဲဆိုတာကို ရဲရဲဝံ့ဝံ့ေၿပာတတ္သူပါ။ အဝတ္အစားဆိုရင္လည္း ကိုယ္ဝတ္တာကို ေပၚလြင္ေစခ်င္တာေၾကာင့္ သူမ်ားနဲ႕မတူတာကို ဝတ္တတ္ပါတယ္။

၀၃. ကိုယ့္ေနရာေလးေတြရွိတယ္

သိတတ္စအရြယ္ကေန ကိုယ့္ရဲ႕အေတြး၊ကိုယ့္ရဲ႕ေနရာေလးမွာ လုပ္ခ်င္တာေတြကို လုပ္ခဲ့မွာပါ။ သူတို႔ရဲ႕စဥ္းစာပံုေလးေတြက ဒါေၾကာင့္ပံုမွန္မဟုတ္ပဲ ထူးၿခားေနတတ္ပါတယ္။ ဒါေၾကာင့္လည္း သူတို႔ေၿပာတဲ့အေၾကာင္းေလးေတြက စိတ္ဝင္စားဖို႔ေကာင္းတယ္။

၀၄. ဆံုးၿဖတ္ခ်က္ေတြက ထူးဆန္းေနတတ္တယ္

သူကလိုခ်င္တာရွိရင္ ခ်က္ခ်င္းဆိုသလို ရကိုရမွေက်နပ္တယ္။ မၾကိဳက္တာေတြကိုေတာ့ လွည့္ကိုမၾကည့္တတ္ပါ။ ဥပမာ - ေက်ာင္းမွာ ကိုယ္ၾကိဳက္တဲ့ဘာသာကိုသာ အမွတ္အမ်ားဆံုးရေအာင္ ၾကိဳးစားပင္မယ့္၊ အၿခားဘာသာေတြကုိေတာ့ ေမ့ေနတတ္တယ္။

၀၅. ေပါ့ေပါ့ပါးပါးေနတတ္သူ

အကယ္၍ ရန္ၿဖစ္ရင္ေတာင္ ေနာက္ေန႕မွာေတာ့ ဘာမွမၿဖစ္ထားသလိုပါပဲ။ သူ႕ေခါင္းထဲမွာ အၿမဲအေကာင္းဘက္ကေနေတြးတတ္သူပါ။ စိတ္ဆိုးေနတာကို ေမ့သြားတတ္သူပါ။ ရန္ၿဖစ္ရင္ေတာင္ ေမာလာၿပီး သူ႕ဘက္ကေန ေတာ္ေတာ့ လို႔ေၿပာလာတတ္သူပါ။

၀၆. အၿဖဳ၊အမဲ ၿပတ္သားသူ

သူကေတာ့ ၿပတ္သားသူတစ္ေယာက္ပါ။ အၿခားသူအတြက္ ေပးဆပ္ရမယ္ဆိုရင္ ဘာကိုမွ မလုပ္ခ်င္ပါ။ အကယ္၍ ကိုယ္က ၾကိဳက္ေနရသူၿဖစ္မယ္ဆိုရင္ေတာ့ သူဘာေတြကိုပဲေၿပာေၿပာလုပ္ေပးမယ့္သူပါ။

၀၇. စိတ္ပုတ္သူမဟုတ္ပါ

စဥ္းစားပံုက ရုိးရွင္းတာေၾကာင့္ အေရွ႕မွာရယ္ေနၿပီး အေနာက္မွာမေကာင္းေၿပာတာ မရွိပါ။ လူေတြကိုေၿမွာက္ပင့္ၿပီးေတာ့လည္း မေၿပာတတ္သူပါ။ဟန္လည္းေဆာင္တတ္သူပါ။

၀၈. တကယ္ကို ရုိးသားသူပါ

ေလးစားသူေတြရဲ႕အၾကံေပးခ်က္ကို အၿမဲဆိုသလိုနားေထာင္တတ္သူပါ။ အခက္ၾကံဳေနသူကိုေတြ႕ရင္ကူညီဖို႔ရန္အသင့္ရွိေနသူပါ။ ငိုေနသူတစ္ေယာက္ရွိေနရင္ သူလည္းလိုက္ငိုတတ္သူပါ။

၀၉. ခ်က္ခ်င္းဆိုသလို ေကာက္လုပ္တတ္သူပါ

လုပ္မယ္မလုပ္ဘူးကို ေတြးၿပီး စိတ္ရႈပ္ေနတတ္သူမဟုတ္ပါ။ လုပ္မယ္ဆိုရင္ခ်က္ခ်င္းဆိုသလို ေကာက္လုပ္ႏုိင္သူပါ။ဒါေၾကာင့္ အလုပ္မွာလည္း ဦးေဆာင္သူမ်ားပါတယ္။

၁၀. ေၿပာင္းလဲသင့္တယ္္ဆိုရင္လည္း ခ်က္ခ်င္းပါ

မၿဖစ္ႏုိင္ဘူးလို႔ေတြးထားရင္လည္း ခ်က္ခ်င္းဆိုသလို ရပ္ၿပီး ေနာက္တခုကို လုပ္မယ္ဆိုတဲ့အက်င့္ေလးရွိပါတယ္။ ဘယ္ေလာက္ပဲအခ်ိန္ေတြကုန္ခဲ့ပင္မယ့္လည္း မမႈပါ။

၁၁. ပူလိုက္ေအးလိုက္ၿဖစ္ေနသူပါ

သူစိတ္ဝင္စားတဲ့အခ်က္ေလးေတြရွိရင္ အေတြးေတြဝင္လာရင္ခ်က္ခ်င္းေကာက္လုပ္လိုက္ပင္မယ့္လည္း ပ်င္းသြားၿပီဆိုရင္ေတာ့ လွည့္ကို မၾကည့္တတ္ပါ။

၁၂. ကိုယ့္ရဲ႕ဘဝေလးကို ယံုၾကည္ခ်က္အၿပည့္ရွိတယ္

ကိုယ့္ရဲ႕ေနရာေလးမွာ အၿမဲစိတ္ခ်မ္းသာေအာင္ေနတတ္သူပါ။ သူဘဝေလးကိုေႏွာက္ယွက္ခံရၿပီဆိုရင္ေတာ့ အရမ္းကို စိတ္ထိခိုက္လြယ္သူပါ။ ဘာမဟုတ္တဲ့ကိစၥေလးေတြေၾကာင့္ စိတ္ဓါတ္က်လြယ္သူပါ။

သူကေတာ့ နည္းနည္းထူးဆန္းေနတတ္တာေၾကာင့္ သူ႔ကို ခ်ဥ္းကပ္ခ်င္သူကေတာ့ သူအေၾကာင္းေလးကို ဦးစြာေလ့လာဖို႔ေတာ့ လိုမယ္ထင္ပါတယ္။

O ေသြး
O ေသြးမိန္းကေလးေတြက ဘယ္လိုမိန္းကေလးေတြၿဖစ္မလဲဆိုတာကို သိၾကရဲ႕လား။

၀၁. ၿပံဳးေပ်ာ္ေနတဲ့ ဘဝပိုင္ရွင္ေလးပါ

သူကေတာ့ ပထမဆံုးေတြ႕တဲ့သူပဲၿဖစ္ၿဖစ္ ဘယ္သူ႕ကိုမဆို ေဖာ္ေဖာ္ေရြေရြ ေၿပာဆိုဆက္ဆံႏုိင္ပါတယ္။ တကယ့္ကို ၿဖဳၿဖဳစင္စင္ေနတတ္ေတာ့ ေယာက်ၤားေလး၊ မိန္းကေလး သူငယ္ခ်င္းေတြ ေပါမ်ားပါတယ္။ သူငယ္ခ်င္းေတြနဲ႕အတူတူ ေပ်ာ္ေပ်ာ္ၾကီးေနရတာကို တကယ္ကို ၾကိဳက္တဲ့သူဆိုရင္လည္း မမွားပါ။

၀၂. ဘာပဲၿဖစ္ေနၿဖစ္ေန ေအးေဆးပါပဲ

ကိုယ့္အတြက္ အႏၱရာယ္ကင္းမယ္ဆိုရင္ ေလာကၾကီးမွာ ဘာေတြပဲၿဖစ္ၿဖစ္ အားလံုးကုိ ေမ့ထားႏုိင္သလို၊ စိတ္ကိုမဝင္စားပါ။ ဒါေၾကာင့္အေသးအမႊားကိစၥေတြကို ေမ့ထားႏုိင္သူပါ။

၀၃. ဘာကိုမွဖုံးကြယ္ထားခ်က္ေတြ မရွိပါ

ကိုယ္ေတြးထားတာေတြ၊ ထင္ထားတာေတြကို အရွိကုိ အရွိအတိုင္းေၿပာၿပႏုိင္သူပါ။ ဖံုးကြယ္ထားတာကို မုန္းသူပါ။ ဒါဟာလည္း O ေသြးမိန္းကေလးတစ္ေယာက္ရဲ႕ ခ်စ္စရာေကာင္းတဲ့ အခ်က္ေလးပါ။ ဒါေၾကာင့္လည္း ပတ္ဝန္းက်င္ရဲ႕ ယံုၾကည္မႈကို ရရွိထားၿပီး၊ ေရရွည္လက္တဲြႏုိင္သူပါ။

၀၄. ေပ်ာ္ေပ်ာ္ပဲေနလိုက္မယ္

ဘာလို အခက္အခဲေတြနဲ႔ပဲ ၾကံဳေနရပါေစ။ အေကာင္းဘက္ကေနေတြးၿပီး လုပ္စရာရွိတာကို လုပ္သြားမယ့္သူပါ။ ဒါဟာ O ေသြးမိန္းကေလးေတြရဲ႕ ထူးၿခားခ်က္တခုပါ။ အလုပ္အသစ္ကိုလုပ္မယ္ဆိုရင္လည္း ဘာကိုမွ ေတြးမေၾကာက္ ၿဖစ္လာမယ့္ကိစၥေတြကို ရဲရဲၾကီး ရင္ဆိုင္တတ္သူပါ။

၀၅. ဒါပင္မယ့္လည္း အခ်ိဳ႕ေနရာေတြမွာ ကိုယ့္အၾကိဳက္လုပ္ကိုလုပ္ရမွာပါ

သူရဲ႕ထူးၿခားခ်က္ကေတာ့ ဥပမာ ဘယ္ေလာက္ပဲ အခန္းက ညစ္ပတ္ေနပါေစ။ အဝတ္လွမ္းပံုကေတာ့ သူ႔မွာသတ္မွတ္ထားတဲ့ စည္းကမ္းအတိုင္း တိတိက်က် လွမ္းရမွ စိတ္ထဲမွာ ေၾကနပ္ပါလိမ့္မယ္။ ကိုယ့္ရဲ႕စည္းကမ္းေတြကို ေသေသခ်ာခ်ာကို သတ္မွတ္ထားသူပါ။

၀၆. ေခါင္းေဆာင္ေကာင္းတစ္ေယာက္ၿဖစ္လိမ့္မယ္

သူ႔ကိုေလးစားသူ၊ လူခ်စ္လူခင္ေပါမ်ားတာေၾကာင့္ ေခါင္းေဆာင္တစ္ေယာက္လုပ္ရတာမ်ားပါတယ္။ ကူညီခ်င္တဲ့စိတ္ေလးေၾကာင့္ သူ႕နားမွာအၿမဲဆိုသလို တိုင္ပင္ခ်င္တဲ့သူေတြရွိေနတတ္ပါတယ္။

၀၇. မိသားစုအတြက္ အၿမဲဦးစားေပး စဥ္းစားသူပါ

မိသားစုအတြက္ကို ေရွ႕တန္းတင္ၿပီး စဥ္းစားတတ္သူတစ္ေယာက္ၿဖစ္ပါတယ္။ သူ႕အတြက္ထက္ မိသားစုအတြက္ကို အၿမဲစဥ္းစားေနသူတစ္ေယာက္ပါ။

၀၈. ေတြးေခၚပံုက ရွင္းရွင္းလင္းလင္းနဲ႔ နားလည္လြယ္တယ္

ေၿဖရွင္းရမယ့္ ၿပသာနာတခုကို ခက္ခဲေနပင္မယ့္လည္း လြယ္လြယ္နဲ႔ ဘယ္လိုေၿဖရွင္းရမလဲဆိုတာကို ပထမစဥ္းစားသူပါ။ ဒါေၾကာင့္ အလုပ္မွာပဲၿဖစ္ၿဖစ္ သူနဲ႔အတူတူ ၿပသာနာတခုကို ေၿဖရွင္းေတာ့မယ္ဆိုရင္ ေအးေအးေဆးေဆးနဲ႔ ေတြးတတ္တာေၾကာင့္ ခက္ခဲတဲ့ကိစၥေတြေတာင္ ဘာမွမဟုတ္ေတာ့သလို ခံစားရမွာပါ။

၀၉. သန္႔ရွင္းေရးကေတာ့ ခဏေမ့ထားပါတယ္

သူ႕အခန္းကို ၾကည့္လိုက္ရင္ ေတာထဲကိုေရာက္သလို ခံစားရမွာပါ။ သူ႔အခန္းကို ရွင္းေပးခ်င္ပင္မယ့္လည္း သူ႔ပစၥည္းေတြကို ထိတာကို မၾကိဳက္ပါ။ သူ႔ေခါင္းထဲမွာ ဘယ္ေနရာမွာ ဘာရွိသလဲဆိုတာကို သတ္မွတ္ထားတာ ေတြရွိေနလို႔ပါပဲ။ ဒါေၾကာင့္ သူ႕ပစၥည္းေတြကို သြားမထိတာ အေကာင္းဆံုးပဲလို႔ အၾကံေပးပါရေစ။

၁၀. အေပါင္းအသင္းကိုလည္း ေသေသခ်ာခ်ာ ခဲြၿခားသတ္မွတ္ထားသူပါ

သူၾကိဳက္တယ္၊ မၾကိဳက္ဘူးဆိုတာကို ခ်က္ခ်င္းဆိုသလို မ်က္ႏွာေပၚမွာ ေပၚလာတာေၾကာင့္ ရုတ္တရက္ေတာ့ လန္႔သြားမယ္ထင္ပါတယ္။ ဒါပင္မယ့္လည္း နားလည္ရလြယ္တာေၾကာင့္ လူခ်စ္လူခင္မ်ားတဲ့အခ်က္တခုပါ။

၁၁. အစ္မတစ္ေယာက္လို ပတ္ဝန္းက်င္ရဲ႕အားထားမႈကို ခံရသူပါ

အသက္ငယ္တာ ၾကီးတာေတြနဲ႔မဆိုင္ပါ။ အစ္မတစ္ေယာက္လို ၿမင္ရတာေၾကာင့္ သူ႔ကို အားကိုးခ်င္တဲ့စိတ္ေတြ တဖြားဖြားေပၚလာမွာပါ။ ကိုယ္ခံစားေနရတာေတြကို သူ႔ကိုေၿပာၿပီး ေဆြးေႏြးတိုင္ပင္မိမွာပါ။

၁၂. သူရွိေနရင္ ပတ္ဝန္းက်င္က ေပ်ာ္စရာေကာင္းေနတယ္

သူငယ္ခ်င္းေတြ အားလံုးစေနမိၿပီဆိုရင္ သူ႔ရဲ႕ေပ်ာ္ေပ်ာ္ေနတတ္တဲ့စိတ္ဓါတ္ေလးေၾကာင့္ သူငယ္ခ်င္းေတြအားလံုးရဲ႕ စကားဝိုင္းက ရယ္သံေတြနဲ႕ၿပည့္ေနမွာပါ။ သူက စကားဝိုင္းထဲကို မဝင္ႏုိင္သူအတြက္လည္း သူေၿပာႏုိင္ေအာင္ လမ္းေၾကာင္းေပးမွာပါ။

ကဲ O ေသြး မိန္းကေလးတစ္ေယာက္ရဲ႕ ခ်စ္စရာေကာင္းတဲ့အခ်က္ေလးေတြကို သိသြားၿပီဆိုရင္ေတာ့ ဘယ္လိုသူနဲ႔ သူငယ္ခ်င္းၿဖစ္ေအာင္လုပ္သင့္သလဲဆိုတာကိုေတာ့ ကိုယ္တိုင္သာ ၾကိဳးစားလိုက္ပါေတာ့ေနာ္။

Credit : ChelmoTeam
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
B သွေး
B သွေးမိန်းကလေးတွေကတော့ နားလည်ရခက်တယ်ဆိုတာကို သိပြီးဖြစ်မှာပါ။

ဒါပင်မယ့်လည်း သူတို့အကြောင်းကို သေသေချာချာနားလည်ထားမယ်ဆိုရင်တော့ ချစ်ဖို့ကောင်းလာမှာပါ။ သူတို့အနေနဲ့ပတ်ဝန်းကျင်နဲ့ အလိုက်သင့်မနေတာကြောင့် နားလည်ရခက်ပင်မယ့်လည်း အတွင်းစိတ်ကတော့ ဘယ်တော့မဆို ဟုတ်တယ်၊ မဟုတ်ဘူးကို မှန်မှန် ဆုံးဖြတ်နိုင်တာကြောင့် ပေါင်းသင်းရလွယ်မှာပါ။

သူတို့ရဲ့အကြောင်းလေးကို နားလည်ထားမယ်ဆိုရင် သူအနားကို လွယ်လွယ်နဲ့ ချဉ်းကပ်နိုင်မှာပါ။

၀၁. သူ့ရေချိန်လည်း ရှိတယ်

ပတ်ဝန်းကျင်က ဘာတွေဖြစ်ဖြစ်၊ ကမ္ဘာပဲပျက်ပျက် ကိုယ်လုပ်နေတဲ့ကိစ္စလေးတွေကို အေးအေးဆေးဆေး ဆက်လုပ်နေတတ်သူပါ။ သူနဲ့ပတ်ဝန်းကျင်က တထပ်တည်းမကျလို့တွေးထားသလို သူငယ်ချင်းတွေနဲ့သွားလာရတာကို မုန်းတယ်။ ပိတ်ရက်တွေမှာ အိမ်မှာ တယောက်တည်းနေရတာကို သဘောကျသူပါ။

၀၂. ကိုယ့်သာလျှင် ပထမ

ကိုယ့်အတွက်ကိုသာ ပထမနေရာထားလေ့ရှိတာကြောင့် ဒီလိုထင်တယ်၊ ဘယ်လိုလုပ်သင့်သလဲဆိုတာကို ရဲရဲဝံ့ဝံ့ပြောတတ်သူပါ။ အဝတ်အစားဆိုရင်လည်း ကိုယ်ဝတ်တာကို ပေါ်လွင်စေချင်တာကြောင့် သူများနဲ့မတူတာကို ဝတ်တတ်ပါတယ်။

၀၃. ကိုယ့်နေရာလေးတွေရှိတယ်

သိတတ်စအရွယ်ကနေ ကိုယ့်ရဲ့အတွေး၊ကိုယ့်ရဲ့နေရာလေးမှာ လုပ်ချင်တာတွေကို လုပ်ခဲ့မှာပါ။ သူတို့ရဲ့စဉ်းစာပုံလေးတွေက ဒါကြောင့်ပုံမှန်မဟုတ်ပဲ ထူးခြားနေတတ်ပါတယ်။ ဒါကြောင့်လည်း သူတို့ပြောတဲ့အကြောင်းလေးတွေက စိတ်ဝင်စားဖို့ကောင်းတယ်။

၀၄. ဆုံးဖြတ်ချက်တွေက ထူးဆန်းနေတတ်တယ်

သူကလိုချင်တာရှိရင် ချက်ချင်းဆိုသလို ရကိုရမှကျေနပ်တယ်။ မကြိုက်တာတွေကိုတော့ လှည့်ကိုမကြည့်တတ်ပါ။ ဥပမာ - ကျောင်းမှာ ကိုယ်ကြိုက်တဲ့ဘာသာကိုသာ အမှတ်အများဆုံးရအောင် ကြိုးစားပင်မယ့်၊ အခြားဘာသာတွေကိုတော့ မေ့နေတတ်တယ်။

၀၅. ပေါ့ပေါ့ပါးပါးနေတတ်သူ

အကယ်၍ ရန်ဖြစ်ရင်တောင် နောက်နေ့မှာတော့ ဘာမှမဖြစ်ထားသလိုပါပဲ။ သူ့ခေါင်းထဲမှာ အမြဲအကောင်းဘက်ကနေတွေးတတ်သူပါ။ စိတ်ဆိုးနေတာကို မေ့သွားတတ်သူပါ။ ရန်ဖြစ်ရင်တောင် မောလာပြီး သူ့ဘက်ကနေ တော်တော့ လို့ပြောလာတတ်သူပါ။

၀၆. အဖြု၊အမဲ ပြတ်သားသူ

သူကတော့ ပြတ်သားသူတစ်ယောက်ပါ။ အခြားသူအတွက် ပေးဆပ်ရမယ်ဆိုရင် ဘာကိုမှ မလုပ်ချင်ပါ။ အကယ်၍ ကိုယ်က ကြိုက်နေရသူဖြစ်မယ်ဆိုရင်တော့ သူဘာတွေကိုပဲပြောပြောလုပ်ပေးမယ့်သူပါ။

၀၇. စိတ်ပုတ်သူမဟုတ်ပါ

စဉ်းစားပုံက ရိုးရှင်းတာကြောင့် အရှေ့မှာရယ်နေပြီး အနောက်မှာမကောင်းပြောတာ မရှိပါ။ လူတွေကိုမြှောက်ပင့်ပြီးတော့လည်း မပြောတတ်သူပါ။ဟန်လည်းဆောင်တတ်သူပါ။

၀၈. တကယ်ကို ရိုးသားသူပါ

လေးစားသူတွေရဲ့အကြံပေးချက်ကို အမြဲဆိုသလိုနားထောင်တတ်သူပါ။ အခက်ကြုံနေသူကိုတွေ့ရင်ကူညီဖို့ရန်အသင့်ရှိနေသူပါ။ ငိုနေသူတစ်ယောက်ရှိနေရင် သူလည်းလိုက်ငိုတတ်သူပါ။

၀၉. ချက်ချင်းဆိုသလို ကောက်လုပ်တတ်သူပါ

လုပ်မယ်မလုပ်ဘူးကို တွေးပြီး စိတ်ရှုပ်နေတတ်သူမဟုတ်ပါ။ လုပ်မယ်ဆိုရင်ချက်ချင်းဆိုသလို ကောက်လုပ်နိုင်သူပါ။ဒါကြောင့် အလုပ်မှာလည်း ဦးဆောင်သူများပါတယ်။

၁၀. ပြောင်းလဲသင့်တယ်ဆိုရင်လည်း ချက်ချင်းပါ

မဖြစ်နိုင်ဘူးလို့တွေးထားရင်လည်း ချက်ချင်းဆိုသလို ရပ်ပြီး နောက်တခုကို လုပ်မယ်ဆိုတဲ့အကျင့်လေးရှိပါတယ်။ ဘယ်လောက်ပဲအချိန်တွေကုန်ခဲ့ပင်မယ့်လည်း မမှုပါ။

၁၁. ပူလိုက်အေးလိုက်ဖြစ်နေသူပါ

သူစိတ်ဝင်စားတဲ့အချက်လေးတွေရှိရင် အတွေးတွေဝင်လာရင်ချက်ချင်းကောက်လုပ်လိုက်ပင်မယ့်လည်း ပျင်းသွားပြီဆိုရင်တော့ လှည့်ကို မကြည့်တတ်ပါ။

၁၂. ကိုယ့်ရဲ့ဘဝလေးကို ယုံကြည်ချက်အပြည့်ရှိတယ်

ကိုယ့်ရဲ့နေရာလေးမှာ အမြဲစိတ်ချမ်းသာအောင်နေတတ်သူပါ။ သူဘဝလေးကိုနှောက်ယှက်ခံရပြီဆိုရင်တော့ အရမ်းကို စိတ်ထိခိုက်လွယ်သူပါ။ ဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့် စိတ်ဓါတ်ကျလွယ်သူပါ။

သူကတော့ နည်းနည်းထူးဆန်းနေတတ်တာကြောင့် သူ့ကို ချဉ်းကပ်ချင်သူကတော့ သူအကြောင်းလေးကို ဦးစွာလေ့လာဖို့တော့ လိုမယ်ထင်ပါတယ်။

O သွေး
O သွေးမိန်းကလေးတွေက ဘယ်လိုမိန်းကလေးတွေဖြစ်မလဲဆိုတာကို သိကြရဲ့လား။

၀၁. ပြုံးပျော်နေတဲ့ ဘဝပိုင်ရှင်လေးပါ

သူကတော့ ပထမဆုံးတွေ့တဲ့သူပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေ ပြောဆိုဆက်ဆံနိုင်ပါတယ်။ တကယ့်ကို ဖြုဖြုစင်စင်နေတတ်တော့ ယောင်္ကျားလေး၊ မိန်းကလေး သူငယ်ချင်းတွေ ပေါများပါတယ်။ သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ကြီးနေရတာကို တကယ်ကို ကြိုက်တဲ့သူဆိုရင်လည်း မမှားပါ။

၀၂. ဘာပဲဖြစ်နေဖြစ်နေ အေးဆေးပါပဲ

ကိုယ့်အတွက် အန္တရာယ်ကင်းမယ်ဆိုရင် လောကကြီးမှာ ဘာတွေပဲဖြစ်ဖြစ် အားလုံးကို မေ့ထားနိုင်သလို၊ စိတ်ကိုမဝင်စားပါ။ ဒါကြောင့်အသေးအမွှားကိစ္စတွေကို မေ့ထားနိုင်သူပါ။

၀၃. ဘာကိုမှဖုံးကွယ်ထားချက်တွေ မရှိပါ

ကိုယ်တွေးထားတာတွေ၊ ထင်ထားတာတွေကို အရှိကို အရှိအတိုင်းပြောပြနိုင်သူပါ။ ဖုံးကွယ်ထားတာကို မုန်းသူပါ။ ဒါဟာလည်း O သွေးမိန်းကလေးတစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ အချက်လေးပါ။ ဒါကြောင့်လည်း ပတ်ဝန်းကျင်ရဲ့ ယုံကြည်မှုကို ရရှိထားပြီး၊ ရေရှည်လက်တွဲနိုင်သူပါ။

၀၄. ပျော်ပျော်ပဲနေလိုက်မယ်

ဘာလို အခက်အခဲတွေနဲ့ပဲ ကြုံနေရပါစေ။ အကောင်းဘက်ကနေတွေးပြီး လုပ်စရာရှိတာကို လုပ်သွားမယ့်သူပါ။ ဒါဟာ O သွေးမိန်းကလေးတွေရဲ့ ထူးခြားချက်တခုပါ။ အလုပ်အသစ်ကိုလုပ်မယ်ဆိုရင်လည်း ဘာကိုမှ တွေးမကြောက် ဖြစ်လာမယ့်ကိစ္စတွေကို ရဲရဲကြီး ရင်ဆိုင်တတ်သူပါ။

၀၅. ဒါပင်မယ့်လည်း အချို့နေရာတွေမှာ ကိုယ့်အကြိုက်လုပ်ကိုလုပ်ရမှာပါ

သူရဲ့ထူးခြားချက်ကတော့ ဥပမာ ဘယ်လောက်ပဲ အခန်းက ညစ်ပတ်နေပါစေ။ အဝတ်လှမ်းပုံကတော့ သူ့မှာသတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း တိတိကျကျ လှမ်းရမှ စိတ်ထဲမှာ ကြေနပ်ပါလိမ့်မယ်။ ကိုယ့်ရဲ့စည်းကမ်းတွေကို သေသေချာချာကို သတ်မှတ်ထားသူပါ။

၀၆. ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လိမ့်မယ်

သူ့ကိုလေးစားသူ၊ လူချစ်လူခင်ပေါများတာကြောင့် ခေါင်းဆောင်တစ်ယောက်လုပ်ရတာများပါတယ်။ ကူညီချင်တဲ့စိတ်လေးကြောင့် သူ့နားမှာအမြဲဆိုသလို တိုင်ပင်ချင်တဲ့သူတွေရှိနေတတ်ပါတယ်။

၀၇. မိသားစုအတွက် အမြဲဦးစားပေး စဉ်းစားသူပါ

မိသားစုအတွက်ကို ရှေ့တန်းတင်ပြီး စဉ်းစားတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အတွက်ထက် မိသားစုအတွက်ကို အမြဲစဉ်းစားနေသူတစ်ယောက်ပါ။

၀၈. တွေးခေါ်ပုံက ရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်တယ်

ဖြေရှင်းရမယ့် ပြသာနာတခုကို ခက်ခဲနေပင်မယ့်လည်း လွယ်လွယ်နဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပထမစဉ်းစားသူပါ။ ဒါကြောင့် အလုပ်မှာပဲဖြစ်ဖြစ် သူနဲ့အတူတူ ပြသာနာတခုကို ဖြေရှင်းတော့မယ်ဆိုရင် အေးအေးဆေးဆေးနဲ့ တွေးတတ်တာကြောင့် ခက်ခဲတဲ့ကိစ္စတွေတောင် ဘာမှမဟုတ်တော့သလို ခံစားရမှာပါ။

၀၉. သန့်ရှင်းရေးကတော့ ခဏမေ့ထားပါတယ်

သူ့အခန်းကို ကြည့်လိုက်ရင် တောထဲကိုရောက်သလို ခံစားရမှာပါ။ သူ့အခန်းကို ရှင်းပေးချင်ပင်မယ့်လည်း သူ့ပစ္စည်းတွေကို ထိတာကို မကြိုက်ပါ။ သူ့ခေါင်းထဲမှာ ဘယ်နေရာမှာ ဘာရှိသလဲဆိုတာကို သတ်မှတ်ထားတာ တွေရှိနေလို့ပါပဲ။ ဒါကြောင့် သူ့ပစ္စည်းတွေကို သွားမထိတာ အကောင်းဆုံးပဲလို့ အကြံပေးပါရစေ။

၁၀. အပေါင်းအသင်းကိုလည်း သေသေချာချာ ခွဲခြားသတ်မှတ်ထားသူပါ

သူကြိုက်တယ်၊ မကြိုက်ဘူးဆိုတာကို ချက်ချင်းဆိုသလို မျက်နှာပေါ်မှာ ပေါ်လာတာကြောင့် ရုတ်တရက်တော့ လန့်သွားမယ်ထင်ပါတယ်။ ဒါပင်မယ့်လည်း နားလည်ရလွယ်တာကြောင့် လူချစ်လူခင်များတဲ့အချက်တခုပါ။

၁၁. အစ်မတစ်ယောက်လို ပတ်ဝန်းကျင်ရဲ့အားထားမှုကို ခံရသူပါ

အသက်ငယ်တာ ကြီးတာတွေနဲ့မဆိုင်ပါ။ အစ်မတစ်ယောက်လို မြင်ရတာကြောင့် သူ့ကို အားကိုးချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာမှာပါ။ ကိုယ်ခံစားနေရတာတွေကို သူ့ကိုပြောပြီး ဆွေးနွေးတိုင်ပင်မိမှာပါ။

၁၂. သူရှိနေရင် ပတ်ဝန်းကျင်က ပျော်စရာကောင်းနေတယ်

သူငယ်ချင်းတွေ အားလုံးစနေမိပြီဆိုရင် သူ့ရဲ့ပျော်ပျော်နေတတ်တဲ့စိတ်ဓါတ်လေးကြောင့် သူငယ်ချင်းတွေအားလုံးရဲ့ စကားဝိုင်းက ရယ်သံတွေနဲ့ပြည့်နေမှာပါ။ သူက စကားဝိုင်းထဲကို မဝင်နိုင်သူအတွက်လည်း သူပြောနိုင်အောင် လမ်းကြောင်းပေးမှာပါ။

ကဲ O သွေး မိန်းကလေးတစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့အချက်လေးတွေကို သိသွားပြီဆိုရင်တော့ ဘယ်လိုသူနဲ့ သူငယ်ချင်းဖြစ်အောင်လုပ်သင့်သလဲဆိုတာကိုတော့ ကိုယ်တိုင်သာ ကြိုးစားလိုက်ပါတော့နော်။

Credit : ChelmoTeam

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top