iMyanmarHouse.com - Best Property Website for Myanmar
×



ဒီစာလေးကတော့













Credit : myanmarload

လတ်တလောမှာတော့ အနုပညာရှင်တွေကြားမှာ ရေပန်းစားနေတာက Facebook ပေါ် က Status လေးတစ်ခုပဲဖြစ်ပါတယ်။ အနုပညာသမားတွေရဲ့ဘဝကို အတိအကျနီးပါထင်ဟပ် စေတဲ့ အချက်လေးတွေကြောင့် အနုပညာရှင်တွေက သဘောကျပြီး Credit ပေးပြီး ပြန်လည္ကူးယူ ဖော်ပြကြတာကိုတွေ့ရပါတယ်။ သရုပ်ဆောင်ခင်ဝင့်ဝါနဲ့ မိတ်ကပ်ဖန်တီးရှင် ညီညီမောင် (စမ်းချောင်း) တို့က Credit ပေးပြီး ပြန်တည်တင်ပြထားတာကိုလည်း တွေ့ရပါ တယ်။ မူရင်းရေးသားသူကတော့ အောင်ပိုင်အမည်ရှိ အကောင့်ပိုင်ရှင်ပဲဖြစ်ပါတယ်။

တကယ့်အနုပညာသမားတွေနဲ့ ချစ်မိရင်လိုအပ်တဲ့အချက်ကလေးတွေကို ရေးသားထားတာမို့ အနုပညာရှင်တွေက သဘောကျပြီး ပြန်လည်ဖော်ပြကြတာပဲဖြစ်ပါတယ်။ တကယ်လည်း ဖြစ်လေ့ ဖြစ်ထရှိတဲ့အကြောင်းအရာတွေမို့ သဘောကျကြတာဖြစ်ပါတယ်။ အနုပညာသမား တစ်ယောက်ကို ချစ်မိရင်၊ လက်တွဲမိရင် လိုအပ်တဲ့အချက်ဆယ်ချက်လောက်ကို ထည့်သွင်း ရေးသားထားတာဖြစ်ပါ တယ်။ အနုပညာသမားတွေနဲ့လက်မတွဲခင်လေးမှာ ဒီလိုအကြောင်း အရာတွေကို သိထားသင့်တယ် ဆိုပြီး တင်ထားတာဖြစ်ပါတယ်။

ဒီစာလေးကတော့

အနုပညာလောက ကလူကိုကြိုက်ရင်သိထားသင့်တာက

1.သဝန်မတိုသင့်ပါ(တွေ့သမျှလူနဲ့ပေးစားလို့မရ)

2.ပိတ်ရက်တွေမှာ အလုပ်မနားရပါ (မိုးရွာတုန်းရေခံရတာပါ)

3.မွေးနေ့, Party ပွဲတွေသွားရပါတယ်(နားလည်နိုင်ရမည်)

4.အားတဲ့အချိန်ဖုန်းဆက်လျှင် messageပို့လျှင် ချက်ချင်းပြန်ပါ (မဟုတ်ရင်စိတ်ထိခိုက်တက်သည်)

5.အပေါ်ယံပြုံးနေပေမယ့်တကယ့်စိတ်ထဲမှာဝမ်းနည်းနေတက်တာကိုသိအောင်လုပ်ပါ

6.ဂရုစိုက်တာအရမ်းကြိုက်ပါတယ် (အသေးအဖွဲ့ကအစ)

7.အလိုလိုက်တာလဲအရမ်းကြိုက်ပါတယ်

8.အရမ်းလဲအချစ်ခံချင်ကျပါတယ်

9.အရမ်းလဲသဝန်တိုပါတယ်

10. ပါးစပ်ကထုတ်မပြောပေမယ့်အရမ်းချစ်တက်ကျပါတယ်

မကြိုက်ခင်သိထားသင့်တာလေးတွေပါ ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ဒီစာပိုဒ်လေးတွေကို သရုပ်ဆောင်ခင်ဝင့်ဝါနဲ့ ညီညီမောင် (စမ်းချောင်း) တို့က ပြန်လည်ဖော်ပြထားတာပဲ ဖြစ်ပါ တယ်။

Credit : myanmarload

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top