iMyanmarHouse.com - Best Property Website for Myanmar
×











သင်က ချောမောလှတဲ့ မိန်းကလေးတစ်ယောက်။ စမတ်ကျတယ်။ စတိုင်ရှိတယ်။ နောက်ပြီး ငွေရေးကြေးရေးကလည်း ပူစရာမလိုအောင်ချမ်းသာတယ်။ ဒါပေမယ့် ဝမ်း နည်းစရာကောင်းတာက သင့်ရဲ့ အဲ့ဒီမက်လောက်စရာအချက်တွေကို ဘယ်သူ့ကမှ သတိမထားမိဘဲ သင့်ကိုစိတ်မဝင်စားသေးတာပါပဲ။ ဒါ့ကြောင့်မို့လို သင့်ကို အခုထက် ထိ တွဲဖော်မရှိ တစ်ယောက်တည်းမြင်နေရတာပေါ့။ ဒါပေမယ့်လည်း သူတို့ဘက်က စပြီးစိတ်မဝင်စားကြတာကို ပုံသေပြောလို့မရသလို သင့်ဘက်ကလည်း သင်နဲ့ အသင့် တော်ဆုံးသူကိုရှာဖွေရင်းနဲ့ တစ်ကိုယ်တည်းဘဝမှာ မှားယွင်းစွာပြုမူနေထိုင်မှုတွေကို သတိမမူမိလို့လဲ ပါ ပါတယ်။ အဲ့ဒါကြောင့်မို့လို့ တစ်ကိုယ်တည်းဘဝတွေမှာငြီးငွေ့ နေလို့ အဖော်ရှာမယ့်သူတွေအတွက် သတိပြုဆင်ခြင်ရမယ့် နေထိုင်မှုပုံစံအချက်လေး တွေကို အကြံပြုဖော်ပြပေးလိုက်ပါတယ်။

၁။ သင်က ရည်းစားထားခဲ့ဖူးတဲ့သူ တစ်ယောက်ဖြစ်မယ်ဆိုရင် ပြတ်သွားတဲ့ ရည်းစား ကို ယနေ့အချိန်ထိတောင် စွဲလမ်းပြီးနှမြောတသဖြစ်နေဦးမယ်ဆိုရင်တော့ လက်တွဲ ဖော်အသစ်ကို ဘယ်လိုမှ ရှာလို့ရနိုင်ဦးမှာမဟုတ်ပါဘူး။ အရင်ရည်းစားဟောင်းနဲ့ ဖြစ် ပျက်ခဲ့သမျှအကြောင်းအရင်း အလုံးစုံတွေကို တွေးရင်းဝမ်းနည်းရင်းနဲ့ သင့်ရဲဘဝအသစ် အချစ်ရေး အသစ်ကိုတောင် မတွေးမိနိုင်အောင်ကိုဖြစ်နေမယ်ဆိုရင်တော့ မလွယ်ကူလှ ပါဘူး။

၂။ သင့်ရဲ့အလုပ်နဲ့ပတ်သက်ပြီး စွဲလန်းရူးသွပ်နေတဲ့ သူတစ်ဦးလား။ ဝါသနာပါစိတ် ပါဝင်စားတဲ့ အလုပ်အပေါ် ပျော်နေရင်းနဲ့ သင့်ရဲ့အရာအားလုံးကို ရင်းနှီးမြှုပ်နှံထားသူ ဆိုရင်တော့ သင့် ရဲ့ နှလုံးသားရေးရာကိစ္စ အစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်လိုက်လို့ ရပါတယ်။

၃။ အိမ်ထဲမှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာဖြစ်ဖြစ် တစ်နေရာရာမှာ ခွေနေရာတာကို ကြိုက် တဲ့ သင်က ဘယ်အချိန်ခေါ်ခေါ် အပြင်သွားမယ်ဆိုရင် ငြင်းတတ်မှာပါ။ ဒီ့တော့ ပတ် ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အသစ်သစ်တွေခံစားမိမှာမဟုတ်တော့ပါဘူး။ နှလုံးသား ရေးရာ ကိစ္စကိုအသာထား ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာဘာတွေပြောင်းလဲလာပြီး ဘယ်လိုဖြစ်ပျက်နေမလဲဆိုတာတောင် ခံစားမိမှာမဟုတ်လောက်အောင်ကို အဆက် သွယ်ပြတ်နေတော့မှာပါ။

၎။ သင်မှာ ဘယ်ကိစ္စကိုမဆို လွယ်လွယ်ကူကူနဲ့ အလျှော့ပေးတတ်တဲ့ အကျင့်စရိုက်ရှိ ရင်တော့ တစ်ယောက်တည်းနေလိုက်တာပိုကောင်းပါတယ်။ လုပ်မယ်လို့ ကြံရွယ်လိုက် တဲ့ အသေးအဖွားကိစ္စလေးတွေကအစ ပြဿနာ၊ စိတ်ရှုပ်စရာကိစ္စလေးပေါ်လာလိုက် တာနဲ့ နောက်ဆုတ်တတ်နေ သင့်အချစ်ရေးက မလွယ်ကူလှပါဘူး။ ဘာကြောင့်လဲဆို တော့ ဘယ်လောက်ပဲ ခွန်အားအင်အားတွေကြီးမားနေပါစေ အချစ်ဆိုတဲ့အရာနဲ့ တွေ့ သွားရင် လူတွေကအချစ်အောက်မှာ ဝပ်ဆင်းခစသွားကြတတ်အောင်ကို ဖန်တီးနိုင်လို့ ပါပဲ။ စိတ်လှုပ်ရှား ရခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ရှုပ်ရခြင်း အစရှိတဲ့ကာလာ ပေါင်းစုံ ရောပြွန်းနေတာကြောင့်ပါပဲ။

၅။ မြင်မြင်သမျှတွေ့တဲ့လူတိုင်းနဲ့ အကြည့်ချင်းဆုံရုံတင် ရင်ခုန်တဲ့သင်ရဲ့ အချစ်ရေးက တော့ ခဏတာပဲဖြစ်ပါတယ်။ လွယ်လွယ်နဲ့ချစ်ပြီး လွယ်လွယ်နဲ့ပြတ်စဲသွားတဲ့ အခြေ အနေတွေကြောင့် တာရှည်မမြဲနိုင်ကာ ခဏတာနဲ့သင့်ကို တစ်ကိုယ်တည်းအထီးကျန်မှု တွေကို ပြန်လည်ဖြစ်လာစေမှာပါပဲ။

Credit : phothutaw

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top