iMyanmarHouse.com - Best Property Website for Myanmar
×














အမေရိကန် ပေါ့ပ်စတား မိုင်လေဆိုင်းရပ်စ်က မိမိသည် လိင်တူလိင်ကွဲနှစ်မျိုး စလုံးကိုစိတ်ဝင်စားကြောင်း မိခင် ဖြစ်သူကို အသက် (၁၄)နှစ်အရွယ်ကတည်းက ပြောကြားခဲ့သည်ဟု နယူးယောက်မြို့အခြေစိုက် Paper မဂ္ဂဇင်းနှင့် အင်တာဗျူးတွင်ပြောကြားလိုက်သည်။

အသက် (၁၄)နှစ်အရွယ်၌ ဒစ္စနေးကလေးသရုပ်ဆောင် အဖြစ်  စတင်ကျော်ကြားခဲ့ပြီး လက်ရှိတွင်    အငြင်းပွားဖွယ် ပေါ့ပ်စတားတစ်ဦးဖြစ်သော မိုင်လေဆိုင်းရပ်စ်က အမျိုးသမီး များနှင့်ပတ်သက်သော ချစ်မှု ရေးရာခံစားချက်များကို ၎င်း၏ ရှေးရိုးစွဲဆန်မိခင်သို့ ပွင့်ပွင့်လင်းလင်းထုတ်ပြောခဲ့ကြောင်း ဆိုသည်။ ‘‘ကျွန်မအသက်(၁၄)နှစ် အရွယ်မှာ ကျွန်မအမေကို ကျွန်မဒီလိုပြောခဲ့တယ်။

 ကောင်လေးတွေကို   သဘောကျသလိုပဲ ကောင်မလေးတွေကိုလည်း ကျွန်မသဘောကျတယ်လို့ပြောခဲ့တယ်။ အမေ့အနေနဲ့ နားလည်ဖို့အရမ်း ခက်ခဲ့တယ်။ ဒါပေမဲ့ သူဘယ်ဘုရားသခင်အပေါ်   ယုံကြည် တာထက်မဆို   ကျွန်မကို  ယုံကြည်ပေးပါတယ်။ ကျွန်မ အခြေအနေကိုလက်ခံပေးဖို့ အမေ့ကိုပြောခဲ့တယ်။    အမေကလည်း လက်ခံပေးခဲ့ပါတယ်’’ ဟု မိုင်လေဆိုင်းရပ်စ်က ပြောကြားခဲ့သည်။

အသက် (၂၂)နှစ်အရွယ်အဆိုတော်မိုင်လေဆိုင်းရပ်စ် သည် Paper မဂ္ဂဇင်းနှင့် အင်တာ ဗျူးပြုလုပ်ခဲ့ပြီး မဂ္ဂဇင်းကာဗာ အတွက် အချစ်တော်ဝက် ကလေးနှင့်အတူ ၀တ်လစ်စားလစ် ဓာတ်ပုံရိုက်ခံခဲ့သည်။ မိုင်လေဆိုင်းရပ်စ်သည် ဝက်ပေါက်ကလေးဘက်ဘာဆူးကို အချစ်တော်အဖြစ်မွေးလိုက်ကြောင်း ပြီးခဲ့သည့် သြဂုတ်လအတွင်း   Instagram စာမျက်နှာ၌ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်ကအချစ် တော်ခွေးလေးဖလွိုက်   သေ ဆုံးပြီးနောက် သက်သတ်လွတ် စားသူဖြစ်လာခဲ့သော မိုင်လေ ဆိုင်းရပ်စ်သည် တိရစ္ဆာန်အခွင့် အရေးနှင့် Happy Hippy ဖောင် ဒေးရှင်းအကြောင်းကိုလည်း Paper မဂ္ဂဇင်းနှင့်အင်တာဗျူး၌ ပြောကြားသွားခဲ့သည်။

မိုင်လေဆိုင်းရပ်စ်သည် အိုးမဲ့အိမ်မဲ့နှင့် လိင်တူစုံမက်သော လူငယ်များအား ငွေကြေးထောက် ပံ့ရန် ပြီးခဲ့သည့်မေလကHappy Hippy ဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့သည်။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top