iMyanmarHouse.com - Best Property Website for Myanmar
×

လက္ထပ္လို႔ အတူေနၾကတဲ့ ႏွစ္ဦးသား ဘဝထဲကို ခ်စ္စရာသမီးေလး၊ သားကေလး ျမန္ျမန္ေရာက္လာဖို႔ ဇနီးေမာင္ႏွံေတြ ေမွ်ာ္လင့္တတ္ၾကပါတယ္။

ကေလးရလာတဲ့ စိတ္ကူးထဲကအတုိင္း ေပ်ာ္စရာအိမ္ေထာင္တစ္ခုကိုလည္း ဆက္လက္တည္ေဆာက္ႏုိင္ပါတယ္။ ဒါေပမဲ့ အခုေဖာ္ျပမယ့္အခ်က္ေတြကိုေတာ့ ကေလးမရခင္ လုပ္ထားမွ အဆင္ေျပပါလိမ့္မယ္။

၁။ အိပ္ပါ

တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္မဝ ျဖစ္လို႔ဆုိၿပီး မအိပ္ဘဲမေနပါနဲ႔။ ကေလးရလာရင္ သင္တို႔ႏွစ္ေယာက္ စိတ္ႀကိဳတ္ အိပ္ႏုိင္မွာ မဟုတ္ေတာ့ပါဘူး။ မယံုရင္ ကေလးရွိသူ စံုတြဲေတြကို ေမးၾကည့္ပါ။

၂။ ဝေအာင္ ရန္ျဖစ္

စံုတြဲေတြၾကား ရန္ျဖစ္တတ္တာ သဘာဝပါ။ ဒါေပမဲ့ ႏွစ္ဦးသား ကေလးမရခင္ ဝေအာင္ ရန္ျဖစ္ထားပါ။ ကေလးရလာတဲ့အခါ ရန္ျဖစ္ဖို႔ အခ်ိန္ရွိမွာ မဟုတ္ေတာ့သလို ကေလးေရွ႕မွာ က်ိန္ဆဲဖို႔လည္း ခက္ပါတယ္။

၃။ ခရီးေတြထြက္

ခရီးေတြလည္း ဝေအာင္ ထြက္ထားပါ။ ကေလးရလာတဲ့အခါ တစ္ႏွစ္ခြဲႏွစ္ႏွစ္ေလာက္ ခရီးသြားဖို႔ မလြယ္ေတာ့ပါဘူး။

၄။ သူငယ္ခ်င္းေတြနဲ႔ ေတြ႔

ခင္ရတဲ့ သူငယ္ခ်င္းေတြဆီကိုဖုန္းဆက္တာမ်ိဳး၊ ခ်ိန္းၿပီးအျပင္ထြက္တာမ်ိဳးေတြလည္း လုပ္ထားပါ။

၅။ တစ္ညလံုးမူးေအာက္ေသာက္

လင္၊ မယားႏွစ္ဦးလံုး တစ္ညလံုးမူးေအာင္ေသာက္ၿပီး ေနာက္ေန႔ တစ္မနက္လံုး အိပ္တာမ်ိဳးေတြလည္း လုပ္ထားပါ။ ကေလးရလာရင္ တစ္ညလံုး မူးေအာင္ေသာက္ခြင့္ မရွိေတာ့ပါဘူး။

၆။ ေစ်းႀကီးတာေတြ ဝယ္

ေစ်းႀကီးေပမဲ့ လိုခ်င္တာေတြရွိရင္ ဒီအခ်ိန္မွာ ဝယ္ထားပါ။ ကေလးရလာတဲ့အခါ သူ႔ပစၥည္းေတြအတြက္ သင္တို႔ပိုက္ဆံ တစ္ဝက္ေက်ာ္ေလာက္ သံုးရပါလိမ့္မယ္။

၇။ အိမ္မွာ ပါတီလုပ္

ႏွစ္ေယာက္တည္းေနတုန္း အားတဲ့အခါ သူငယ္ခ်င္းေတြေခၚၿပီး ပါတီပြဲေတြလုပ္ပါ။ ေနာက္ဆို ဒီအခြင့္အေရးမ်ိဳး ရဖို႔မလြယ္ပါဘူး။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

လက်ထပ်လို့ အတူနေကြတဲ့ နှစ်ဦးသား ဘဝထဲကို ချစ်စရာသမီးလေး၊ သားကလေး မြန်မြန်ရောက်လာဖို့ ဇနီးမောင်နှံတွေ မျှော်လင့်တတ်ကြပါတယ်။

ကလေးရလာတဲ့ စိတ်ကူးထဲကအတိုင်း ပျော်စရာအိမ်ထောင်တစ်ခုကိုလည်း ဆက်လက်တည်ဆောက်နိုင်ပါတယ်။ ဒါပေမဲ့ အခုဖော်ပြမယ့်အချက်တွေကိုတော့ ကလေးမရခင် လုပ်ထားမှ အဆင်ပြေပါလိမ့်မယ်။

၁။ အိပ်ပါ

တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မဝ ဖြစ်လို့ဆိုပြီး မအိပ်ဘဲမနေပါနဲ့။ ကလေးရလာရင် သင်တို့နှစ်ယောက် စိတ်ကြိုတ် အိပ်နိုင်မှာ မဟုတ်တော့ပါဘူး။ မယုံရင် ကလေးရှိသူ စုံတွဲတွေကို မေးကြည့်ပါ။

၂။ ဝအောင် ရန်ဖြစ်

စုံတွဲတွေကြား ရန်ဖြစ်တတ်တာ သဘာဝပါ။ ဒါပေမဲ့ နှစ်ဦးသား ကလေးမရခင် ဝအောင် ရန်ဖြစ်ထားပါ။ ကလေးရလာတဲ့အခါ ရန်ဖြစ်ဖို့ အချိန်ရှိမှာ မဟုတ်တော့သလို ကလေးရှေ့မှာ ကျိန်ဆဲဖို့လည်း ခက်ပါတယ်။

၃။ ခရီးတွေထွက်

ခရီးတွေလည်း ဝအောင် ထွက်ထားပါ။ ကလေးရလာတဲ့အခါ တစ်နှစ်ခွဲနှစ်နှစ်လောက် ခရီးသွားဖို့ မလွယ်တော့ပါဘူး။

၄။ သူငယ်ချင်းတွေနဲ့ တွေ့

ခင်ရတဲ့ သူငယ်ချင်းတွေဆီကိုဖုန်းဆက်တာမျိုး၊ ချိန်းပြီးအပြင်ထွက်တာမျိုးတွေလည်း လုပ်ထားပါ။

၅။ တစ်ညလုံးမူးအောက်သောက်

လင်၊ မယားနှစ်ဦးလုံး တစ်ညလုံးမူးအောင်သောက်ပြီး နောက်နေ့ တစ်မနက်လုံး အိပ်တာမျိုးတွေလည်း လုပ်ထားပါ။ ကလေးရလာရင် တစ်ညလုံး မူးအောင်သောက်ခွင့် မရှိတော့ပါဘူး။

၆။ ဈေးကြီးတာတွေ ဝယ်

ဈေးကြီးပေမဲ့ လိုချင်တာတွေရှိရင် ဒီအချိန်မှာ ဝယ်ထားပါ။ ကလေးရလာတဲ့အခါ သူ့ပစ္စည်းတွေအတွက် သင်တို့ပိုက်ဆံ တစ်ဝက်ကျော်လောက် သုံးရပါလိမ့်မယ်။

၇။ အိမ်မှာ ပါတီလုပ်

နှစ်ယောက်တည်းနေတုန်း အားတဲ့အခါ သူငယ်ချင်းတွေခေါ်ပြီး ပါတီပွဲတွေလုပ်ပါ။ နောက်ဆို ဒီအခွင့်အရေးမျိုး ရဖို့မလွယ်ပါဘူး။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top