iMyanmarHouse.com - Best Property Website for Myanmar
×


သံပုယိုသီး
ဖရဲသီး

ပြင်ဆင်နည်း

အသုံးပြုပုံ


Credit : trend





#Unicode Version


ကာမစွမ်းဆောင်နိုင်မှု အခက်အခဲပြသနာ ရင်ဆိုင်ရသူတွေများစွာ ရှိပါတယ်။ အများစုက အမျိုးသားပန်းသေကုဆေး Viagra ကို တစ်ခုတည်းသော ဖြေရှင်းနည်းအဖြစ် သိကြတာကြောင့် ဒါနဲ့ပဲ ကုသလေ့ရှိကြပါတယ်။ ဒါပေမယ့် ပိုလို့တောင် ထိရောက်တဲ့ ဆေးနည်းတစ်ခုရှိပါတယ်။ အကောင်းဆုံးအချက်က ဘေးဥပါဒ်မဖြစ်တဲ့ သဘာဝပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားတဲ့အချက်ပဲ ဖြစ်ပါတယ်။ အလွယ်တကူတွေ့နိုင်ပြီး ဈေးဆိုင်တိုင်းလိုလိုမှာ ဝယ်ယူရရှိနိုင်တဲ့ ပါဝင်ပစ္စည်းအချို့သာ လိုအပ်တာကြောင့် ပြင်ဆင်ဖော်စပ်ရာမှာ ပြသနာသိပ်ရှိမယ် မဟုတ်ပါဘူး။

မရှိမဖြစ်လိုအပ်သည့်အရာများ
သံပုယိုသီး
ဖရဲသီး
ဖရဲသီးမှာ အာဟာရဓာတ်မျိုးစုံပါဝင်ပြီး Cirtrulline နဲ့ Lycopene စတဲ့ အံ့မခန်းဖွယ် aphrodisiac အစွမ်းသတ္တိတွေ ရှိပါတယ်။ ဆား၊ သကြား၊ အမွှေးအကြိုင် သို့မဟုတ် အနံ့အရသာတွေကို အာနိသင် လျော့စေနိုင်တာကြောင့် မထည့်သင့်ကြောင်း သိထားသင့်ပါတယ်။

ပြင်ဆင်နည်း
ဖရဲသီးကို အရင်ခွဲပြီး သစ်သီးဖျော်စက်ထဲ ထည့်ကြိတ်ပါ။ ဖရဲသီးရည် ၁ လီတာခန့် ရှိရပါမယ်။ သံပုယိုသီးကို အတွင်းခံအခွံဖြူဖြူလေးတွေနဲ့ပါ ရောကြိတ်ပေးရပါမယ်။ Citruline အဆီအနှစ်ကြွယ်ဝနေလို့ ဖြစ်ပါတယ်။ ကြိတ်ပြီးတာနဲ့ အရည်တွေကို အိုးတစ်လုံးထဲ ထည့်ပြီး ၅ မိနစ် ဆူအောင် တည်ပေးပါ။ ဆူပွက်ပြီဆိုတာနဲ့ သံပုယိုရည် ပေါင်းထည့်ပြီး သေချာ ရောသမမွှေပေးပါ။ ယင်းအရည် ထက်ဝက်ခန့်လျှော့သွားတဲ့အထိ ကျိုချက်ပေးပါ။ နောက် အအေးခံ၊ ဖန်ပုလင်းထဲ ပြောင်းထည့်ပြီး ရေခဲသေတ္တာထဲ သိမ်းထားပါ။

အသုံးပြုပုံ
အကောင်းဆုံးအကျိုးရလဒ်ရရိုဖို့အတွက် ဒီသဘာဝဆေးနည်းကို မနက် ထမင်းစားဇွန်း (၂) ဇွန်းနဲ့ ညနေ (၂) ဇွန်းထပ်သောက်ပေးရပါမယ်။ ပုံမှန်သောက်သုံးပေးပါက သင့်စွမ်းဆောင်ရည် အချိန်တိုအတွင်း ပိုမိုတိုးတက်ကောင်းမွန်စေပါလိမ့်မယ်။ အကောင်းဆုံးအချက်က အသက်အရွယ်မရွေး၊ ကျားမ မရွေး သောက်သုံးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

Credit : trend

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top