iMyanmarHouse.com - Best Property Website for Myanmar
×

အင္တာဗ်ဴးဆုိတာဘာလဲ၊ေမးတဲ့လူနဲ႔ေျဖတဲ့လူ အဲဒီႏွစ္ခုကုိေပါင္းစပ္ရင္ အင္တာဗ်ဴးလုိ႔ေခၚတယ္။ ဒီေတာ့ ကြ်န္ေတာ္တုိ႔ေတြ အလြယ္မွတ္ထား လုိက္တာက အင္တာဗ်ဴးဆုိတာ ေမးတဲ့လူရွိမယ္၊ၿပီးရင္ေျဖတဲ့လူရွိ မယ္။ ပါပါရာဇီေတြ၊သတင္းေထာက္ေတြက မင္းသမီးကုိေမးတယ္၊ မင္းသမီးကေျဖတယ္၊ဒါဆုိရင္ အႏုပညာနဲ႔ ပတ္သက္တဲ့အင္တာဗ်ဴး၊ေဘာလုံးသမားကုိသတင္းသမားေတြကေမးတယ္၊ေဘာလုံးသမားကေျဖတယ္၊ ဒါဆုိရင္ေတာ့ဒါကုိ အားကစားနဲ႔ပတ္သက္တဲ့အင္တာဗ်ဴး။

 တီဗီအစီအစဥ္ေတြမွာလည္း တစ္ေန႔တစ္မ်ဳိးမရုိးႏုိင္တဲ့ အင္တာဗ်ဴး အစီအစဥ္ေတြၾကည့္ဖူးတဲ့သူေတြရွိ မွာေပါ့။ေမးတယ္၊ေျဖတယ္ အဲဒီႏွစ္ခုပဲ။ဒီေတာ့ အင္တာဗ်ဴးဆုိတာ အေစာကကြ်န္ေတာ္ေျပာသလုိပဲ ေမးသူေျဖသူအဲ့ႏွစ္မ်ဳိးပဲရွိတယ္။ဟုတ္တယ္ဟုတ္၊ စာဖတ္သူေတြလည္းအခုအ့ဲဒီလုိထင္ေနၿပီလုိ႔ကြ်န္ေတာ္ ယူဆတယ္။

ဒီလုိနဲ႔ပညာသင္ယူၿပီးဆုံးလုိ႔ လုပ္ငန္းခြင္ ဝင္ဖုိ႔ အလုပ္ေလွ်ာက္၊ ကုမၸဏီေတြက ကုိယ့္ကုိသေဘာက်လုိ႔ အင္တာဗ်ဴးေခၚၿပီ။ဒါဆုိရင္ေတာ့ အလုပ္နဲ႔ပတ္သက္တဲ့ အင္တာဗ်ဴး ျဖစ္သြားၿပီ။ ဇာတ္လမ္းကအခုမွစမွာ။ကြ်န္ေတာ္ေျပာခ်င္တာက
လုပ္ငန္းခြင္ဝင္ လူငယ္ေတြေတာ္ေတာ္မ်ားမ်ားနဲ႔အလုပ္ ဝင္ဖုိ႔ႀကဳိးစားေနတဲ့ လူေတြေတာ္ေတာ္မ်ားမ်ားမွာေတြ႔ရတာက အင္တာဗ်ဴးဆုိရင္ ေမးမယ္ဆုိတာနဲ႔ ကုိယ္က ေျဖမယ္ဆုိတာႀကီး လႊမ္းမုိးေနတယ္။

လုပ္ငန္းရွင္ေတြေမးသမွ်ကုိယ္က ေျဖမယ္၊သူတုိ႔ေျပာသမွ်ကုိယ္ ကနားေထာင္မယ္၊ "လုပ္ငန္းအေတြ႔အႀကဳံ ဘယ္ေလာက္ရွိလဲ၊ေမွ်ာ္မွန္းလစာဘယ္ေလာက္လဲ၊အရင္အလုပ္က ဘာလုိ႔ထြက္တာလဲ" စသည္ျဖင့္ စသည္ျဖင့္ လုပ္ငန္းရွင္ေတြကေမးတယ္၊ လုပ္ငန္းခြင္ဝင္တဲ့ လူငယ္ေတြက လည္း၊ေမးသမွ်ေျဖ၊ အဲလုိနဲ႔အဆင္ေျပၿပီး အလုပ္ေတြဝင္ၾကပါေလေရာ။ လုပ္ငန္းခြင္ေတြေရာက္ၿပီ။ အင္တာဗ်ဴးတုန္းကအတုိင္းပဲ လကုန္ရင္ေျပာထားတဲ့ လစာအတုိင္းယူ၊ ပုံမွန္ပဲ၊ ဒီလုိနဲ႔အခ်ိန္ေတြၾကာလာတယ္။

အဆင္မေျပမူေတြကစၿပီ၊(လစာလည္းမတုိးဘူး၊လုပ္တာဒီေလာက္ၾကာေနတာေတာင္ ရာထူးလည္းမတုိးဘူး၊ ေနာက္မဝင္လာတဲ့ လူကငါနဲ႔ လစာအတူတူပဲ၊တက္လမ္းလည္းမရွိဘူး၊အလုပ္ထြက္တာပဲေကာင္းတယ္)။ ေနာက္ဆုံးေတာ့ အလုပ္ထြက္၊အင္တာဗ်ဴးျပန္ေျဖ၊သံသရာႀကီးကလည္ နဂုိ ကအတုိင္းပဲ။ ဒီေတာ့အားနည္းခ်က္ ကဘာလည္းဆုိေတာ့ အဓိက ကလုပ္ငန္းခြင္ဝင္တဲ့ မိမိကုိယ္တုိင္နဲ႔ လူငယ္ေတာ္ ေတာ္မ်ားမ်ားမွာ အင္တာဗ်ဴးဆုိရင္ အေမးခံရမယ္၊သူတုိ႔ကေမးမယ္္။အဲဒီရဲ ႔လႊမ္းမုိးမူေတြက လုပ္ငန္းခြင္ ေရရွည္ အဆင္မေျပမူေတြ ျဖစ္လာတယ္။ဒါဆုိရင္ အဲဒီအဆင္မေျပမူေတြနဲ႔ အင္တာဗ်ဴးနဲ႔ဘာဆုိင္လဲ။ ဒီလုိပါ လုပ္ငန္းခြင္ဝင္တဲ့ အင္တာဗ်ဴးက လုပ္ငန္းရွင္ကေမးမယ္ ကုိယ္ကေျဖမယ္ဆုိတဲ့ လူငယ္ေတြရဲ ႔ လႊမ္းမုိးမူကမွားယြင္းေနတယ္။

လုပ္ငန္းခြင္ဝင္အင္တာဗ်ဴးက ကုိယ္ဆီမွာေမးလုိ႔ရတဲ့ေမးခြန္းေတြ အမ်ားႀကီး ရွိပါတယ္။ ဒါဆုိရင္ စာဖတ္သူေတြ ေစာဒကတက္ လာပါလိမ့္မယ္။"အလုပ္ခန္႔မယ့္ လူကမဗ်ဴးပဲ မင္းကျပန္ဗ်ဴးေနရင္ အလုပ္ဘယ္ရေတာ့မလဲ"ဟုတ္ပါတယ္။အက်ဳိးသင့္အေၾကာင္းသင့္ ေမးစရာေမးခြန္းေတြအမ်ားႀကီးရွိပါ တယ္။သူေမးတာကုိ ကုိယ္ကေျဖသလုိ ကုိယ္ေမးတာကုိလည္း ဘယ္လုပ္ငန္းရွင္ကမွသင့္ကုိ မဆဲလႊတ္ဘူး။ အင္တာဗ်ဴးေျဖလုိ႔ မိမိအရည္ခ်င္းနဲ႔ကုိက္ညီၿပီး အလုပ္ဝင္ဖုိ႔ အဆင္ေျပၿပီ ဆုိရင္ဒီလုိေမးခြန္းေတြေမးလုိ႔ရ ပါတယ္။

"အကုိတုိ႔ရဲ ႔အလုပ္ Future Plan ေတြက ဘယ္လုိရွိလည္း၊ ကြ်န္ေတာ့္ဘဝအတြက္အာမခံခ်က္ ဘယ္ေလာက္ေပးႏုိင္လည္း၊လစာက ေကာတုိးဖုိ႔ဘယ္လုိသတ္မွတ္ထားလည္း(ေျဖ-လစာတုိးဖုိ႔က မင္းႀကဳိး စားတဲ့ အရည္အခ်င္းနဲ႔ မင္းရဲ ႔ လုပ္ရည္ ကုိင္ရည္ Performance ၾကည့္ၿပီး ထပ္တုိး ေပးမယ္)အဲဒီ လုပ္ရည္ ကုိင္ရည္ Parformance ကုိ အကုိ႔တုိ႔ဘယ္လုိ သတ္မွတ္ထားလည္း၊ လအလိုက္လစာတုိးေပးဖုိ႔ဘယ္လုိလုပ္ ထားလည္း" စသည္ျဖင့္ အက်ဳိးသင့္အေၾကာင္း သင့္ေမးစရာေမးခြန္းေတြ အမ်ားႀကီးရွိပါတယ္။ အဲလုိေမးလုိက္တဲ့အက်ဳိးေက်းဇူးက အဲဒီလုပ္ငန္းအေၾကာင္းကုိ သင္ျမန္ျမန္ သိသြားမွာျဖစ္သလုိ၊ အဆင္ေျပ မူ၊ မေျပမူ ကုိယ္နဲ႔ကုိက္ညီမူရွိတယ္၊ မရွိဘူးဆုိတာ အလုပ္မဝင္ခင္ ကတည္းက အၾကမ္းဖ်င္း သေဘာေပါက္ သြားၿပီ။

ဒါဆုိရင္ ကုိယ္ကုိတုိင္လည္း စဥ္းစားလုိ႔အဆင္ေျပသြားၿပီး တက္လမ္းရွိမရွိ စတာေတြကုိခ်င့္ခ်ိန္စဥ္းစားလုိ႔ ရႏုိင္ပါတယ္။ ဒါေၾကာင့္ကြ်န္ေတာ္တင္ျပတဲ့ လုပ္ငန္းခြင္ဝင္အင္တာဗ်ဴးဟာ ကြ်န္ေတာ္တုိ႔ ေတြကုိလႊမ္းမုိး ထားတဲ့ အေမးခံသူ၊ေျဖသူဆုိတဲ့ အေတြးကေန ရုန္းထြက္ႏုိင္ၿပီး သူေမးကုိယ္ေမး၊ကုိယ္ေျဖသူေျဖ ေကာင္း မြန္တဲ့ လုပ္ငန္းခြင္ဝင္အင္တာဗ်ဴးအစီအစဥ္ကုိအဆင္ေျပစြာျဖတ္ေက်ာ္ႏုိင္ၾကပါလိမ့္မယ္လုိ႔ အႀကံေပး နိဂုံးခ်ဳပ္ လုိက္ရပါတယ္။

Credit:New Myanmar News

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အင်တာဗျူးဆိုတာဘာလဲ၊မေးတဲ့လူနဲ့ဖြေတဲ့လူ အဲဒီနှစ်ခုကိုပေါင်းစပ်ရင် အင်တာဗျူးလို့ခေါ်တယ်။ ဒီတော့ ကျွန်တော်တို့တွေ အလွယ်မှတ်ထား လိုက်တာက အင်တာဗျူးဆိုတာ မေးတဲ့လူရှိမယ်၊ပြီးရင်ဖြေတဲ့လူရှိ မယ်။ ပါပါရာဇီတွေ၊သတင်းထောက်တွေက မင်းသမီးကိုမေးတယ်၊ မင်းသမီးကဖြေတယ်၊ဒါဆိုရင် အနုပညာနဲ့ ပတ်သက်တဲ့အင်တာဗျူး၊ဘောလုံးသမားကိုသတင်းသမားတွေကမေးတယ်၊ဘောလုံးသမားကဖြေတယ်၊ ဒါဆိုရင်တော့ဒါကို အားကစားနဲ့ပတ်သက်တဲ့အင်တာဗျူး။

 တီဗီအစီအစဉ်တွေမှာလည်း တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ အင်တာဗျူး အစီအစဉ်တွေကြည့်ဖူးတဲ့သူတွေရှိ မှာပေါ့။မေးတယ်၊ဖြေတယ် အဲဒီနှစ်ခုပဲ။ဒီတော့ အင်တာဗျူးဆိုတာ အစောကကျွန်တော်ပြောသလိုပဲ မေးသူဖြေသူအဲ့နှစ်မျိုးပဲရှိတယ်။ဟုတ်တယ်ဟုတ်၊ စာဖတ်သူတွေလည်းအခုအဲ့ဒီလိုထင်နေပြီလို့ကျွန်တော် ယူဆတယ်။

ဒီလိုနဲ့ပညာသင်ယူပြီးဆုံးလို့ လုပ်ငန်းခွင် ဝင်ဖို့ အလုပ်လျှောက်၊ ကုမ္ပဏီတွေက ကိုယ့်ကိုသဘောကျလို့ အင်တာဗျူးခေါ်ပြီ။ဒါဆိုရင်တော့ အလုပ်နဲ့ပတ်သက်တဲ့ အင်တာဗျူး ဖြစ်သွားပြီ။ ဇာတ်လမ်းကအခုမှစမှာ။ကျွန်တော်ပြောချင်တာက
လုပ်ငန်းခွင်ဝင် လူငယ်တွေတော်တော်များများနဲ့အလုပ် ဝင်ဖို့ကြိုးစားနေတဲ့ လူတွေတော်တော်များများမှာတွေ့ရတာက အင်တာဗျူးဆိုရင် မေးမယ်ဆိုတာနဲ့ ကိုယ်က ဖြေမယ်ဆိုတာကြီး လွှမ်းမိုးနေတယ်။

လုပ်ငန်းရှင်တွေမေးသမျှကိုယ်က ဖြေမယ်၊သူတို့ပြောသမျှကိုယ် ကနားထောင်မယ်၊ "လုပ်ငန်းအတွေ့အကြုံ ဘယ်လောက်ရှိလဲ၊မျှော်မှန်းလစာဘယ်လောက်လဲ၊အရင်အလုပ်က ဘာလို့ထွက်တာလဲ" စသည်ဖြင့် စသည်ဖြင့် လုပ်ငန်းရှင်တွေကမေးတယ်၊ လုပ်ငန်းခွင်ဝင်တဲ့ လူငယ်တွေက လည်း၊မေးသမျှဖြေ၊ အဲလိုနဲ့အဆင်ပြေပြီး အလုပ်တွေဝင်ကြပါလေရော။ လုပ်ငန်းခွင်တွေရောက်ပြီ။ အင်တာဗျူးတုန်းကအတိုင်းပဲ လကုန်ရင်ပြောထားတဲ့ လစာအတိုင်းယူ၊ ပုံမှန်ပဲ၊ ဒီလိုနဲ့အချိန်တွေကြာလာတယ်။

အဆင်မပြေမူတွေကစပြီ၊(လစာလည်းမတိုးဘူး၊လုပ်တာဒီလောက်ကြာနေတာတောင် ရာထူးလည်းမတိုးဘူး၊ နောက်မဝင်လာတဲ့ လူကငါနဲ့ လစာအတူတူပဲ၊တက်လမ်းလည်းမရှိဘူး၊အလုပ်ထွက်တာပဲကောင်းတယ်)။ နောက်ဆုံးတော့ အလုပ်ထွက်၊အင်တာဗျူးပြန်ဖြေ၊သံသရာကြီးကလည် နဂို ကအတိုင်းပဲ။ ဒီတော့အားနည်းချက် ကဘာလည်းဆိုတော့ အဓိက ကလုပ်ငန်းခွင်ဝင်တဲ့ မိမိကိုယ်တိုင်နဲ့ လူငယ်တော် တော်များများမှာ အင်တာဗျူးဆိုရင် အမေးခံရမယ်၊သူတို့ကမေးမယ်။အဲဒီရဲ့လွှမ်းမိုးမူတွေက လုပ်ငန်းခွင် ရေရှည် အဆင်မပြေမူတွေ ဖြစ်လာတယ်။ဒါဆိုရင် အဲဒီအဆင်မပြေမူတွေနဲ့ အင်တာဗျူးနဲ့ဘာဆိုင်လဲ။ ဒီလိုပါ လုပ်ငန်းခွင်ဝင်တဲ့ အင်တာဗျူးက လုပ်ငန်းရှင်ကမေးမယ် ကိုယ်ကဖြေမယ်ဆိုတဲ့ လူငယ်တွေရဲ့ လွှမ်းမိုးမူကမှားယွင်းနေတယ်။

လုပ်ငန်းခွင်ဝင်အင်တာဗျူးက ကိုယ်ဆီမှာမေးလို့ရတဲ့မေးခွန်းတွေ အများကြီး ရှိပါတယ်။ ဒါဆိုရင် စာဖတ်သူတွေ စောဒကတက် လာပါလိမ့်မယ်။"အလုပ်ခန့်မယ့် လူကမဗျူးပဲ မင်းကပြန်ဗျူးနေရင် အလုပ်ဘယ်ရတော့မလဲ"ဟုတ်ပါတယ်။အကျိုးသင့်အကြောင်းသင့် မေးစရာမေးခွန်းတွေအများကြီးရှိပါ တယ်။သူမေးတာကို ကိုယ်ကဖြေသလို ကိုယ်မေးတာကိုလည်း ဘယ်လုပ်ငန်းရှင်ကမှသင့်ကို မဆဲလွှတ်ဘူး။ အင်တာဗျူးဖြေလို့ မိမိအရည်ချင်းနဲ့ကိုက်ညီပြီး အလုပ်ဝင်ဖို့ အဆင်ပြေပြီ ဆိုရင်ဒီလိုမေးခွန်းတွေမေးလို့ရ ပါတယ်။

"အကိုတို့ရဲ့အလုပ် Future Plan တွေက ဘယ်လိုရှိလည်း၊ ကျွန်တော့်ဘဝအတွက်အာမခံချက် ဘယ်လောက်ပေးနိုင်လည်း၊လစာက ကောတိုးဖို့ဘယ်လိုသတ်မှတ်ထားလည်း(ဖြေ-လစာတိုးဖို့က မင်းကြိုး စားတဲ့ အရည်အချင်းနဲ့ မင်းရဲ့ လုပ်ရည် ကိုင်ရည် Performance ကြည့်ပြီး ထပ်တိုး ပေးမယ်)အဲဒီ လုပ်ရည် ကိုင်ရည် Parformance ကို အကို့တို့ဘယ်လို သတ်မှတ်ထားလည်း၊ လအလိုက်လစာတိုးပေးဖို့ဘယ်လိုလုပ် ထားလည်း" စသည်ဖြင့် အကျိုးသင့်အကြောင်း သင့်မေးစရာမေးခွန်းတွေ အများကြီးရှိပါတယ်။ အဲလိုမေးလိုက်တဲ့အကျိုးကျေးဇူးက အဲဒီလုပ်ငန်းအကြောင်းကို သင်မြန်မြန် သိသွားမှာဖြစ်သလို၊ အဆင်ပြေ မူ၊ မပြေမူ ကိုယ်နဲ့ကိုက်ညီမူရှိတယ်၊ မရှိဘူးဆိုတာ အလုပ်မဝင်ခင် ကတည်းက အကြမ်းဖျင်း သဘောပေါက် သွားပြီ။

ဒါဆိုရင် ကိုယ်ကိုတိုင်လည်း စဉ်းစားလို့အဆင်ပြေသွားပြီး တက်လမ်းရှိမရှိ စတာတွေကိုချင့်ချိန်စဉ်းစားလို့ ရနိုင်ပါတယ်။ ဒါကြောင့်ကျွန်တော်တင်ပြတဲ့ လုပ်ငန်းခွင်ဝင်အင်တာဗျူးဟာ ကျွန်တော်တို့ တွေကိုလွှမ်းမိုး ထားတဲ့ အမေးခံသူ၊ဖြေသူဆိုတဲ့ အတွေးကနေ ရုန်းထွက်နိုင်ပြီး သူမေးကိုယ်မေး၊ကိုယ်ဖြေသူဖြေ ကောင်း မွန်တဲ့ လုပ်ငန်းခွင်ဝင်အင်တာဗျူးအစီအစဉ်ကိုအဆင်ပြေစွာဖြတ်ကျော်နိုင်ကြပါလိမ့်မယ်လို့ အကြံပေး နိဂုံးချုပ် လိုက်ရပါတယ်။


Credit:New Myanmar News

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top