iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ဦးနဲ႔တစ္ဦး နားလည္မႈရွိရွိ၊ သစၥာရွိရွိ ခ်စ္ခင္ၾကင္နာတတ္တဲ့အတြဲဟာ မ်ားေသာအားျဖင့္ ၿမဲၾကပါတယ္။ အဲ့ဒီလိုၿမဲတဲ့အတြဲေတြ၊ အိမ္ေထာင္ရွင္ေတြမွာ ေတြ႕ရေလ့ရွိတဲ့ အမူအက်င့္ေလးေတြကေတာ့

၁။ အိပ္ယာအတူ၀င္တတ္ၾကတယ္။

အိမ္ေထာင္သည္ေတြဟာ ယူၿပီးစအခ်ိန္ကာလေတြမွာသာ အိပ္ယာအတူ၀င္တတ္ၾကတာပါ။ အိမ္ေထာင္က်ၿပီး တစ္ႏွစ္ေလာက္ဆို တစ္ေယာက္က အရင္အိပ္ႏွင့္တယ္။ ေနာက္တစ္ေယာက္က တီဗီေရွ႕က်န္ခဲ့တဲ့ အျဖစ္မ်ိဳးေတြ မ်ားလာတတ္ၾကပါတယ္။ အိပ္ယာအတူ၀င္တယ္ဆိုတာ လိင္ကိစၥအတြက္ ေျပာေနျခင္း မဟုတ္ပါဘူး။ အနည္းဆံုး ညတုိင္းအိပ္ယာအတူ၀င္တယ္ဆိုတာ ေန႔တစ္ေန႔ကို အတူတူ အဆံုးသတ္တဲ့ သေဘာပါပဲ။ အိပ္ခါနီး စကားေလး တေျပာေျပာနဲ႔ လုပ္တတ္တဲ့ အတြဲေတြ၊ တစ္ေယာက္ရင္ခြင္ထဲ တစ္ေယာက္၀င္ၿပီး ၾကည္ၾကည္ႏူးႏူး အိပ္တတ္တဲ့ အတြဲမ်ိဳးေတြဟာ ဘယ္ေလာက္ၾကာၾကာ ျပတ္ဖုိ႔ခဲယဥ္းပါတယ္။

၂။အႀကိဳက္ေတြ တူၾကတယ္။

ကိုယ္ဘာလုပ္မယ္၊ သူဘာလုပ္ ဆိုတာမ်ိဳး အထူးတိုင္ပင္စရာ မလုိပဲ အႀကိဳက္ခ်င္း၊ သေဘာထားခ်င္း တိုက္ဆုိင္ေနတတ္ၾကတဲ့ အတြဲမ်ိဳးေတြေပါ့။ ညွိလုပ္ေနရာတာမ်ိဳး မဟုတ္ပဲ ႏွစ္ေယာက္သား အၿမဲတမ္း တူညီေနတတ္တာမ်ိဳးကို ေျပာတာပါ။

၃။တစ္ဦးနဲ႔တစ္ဦး ၾကင္ၾကင္နာနာ ရွိၾကတယ္။

တြဲတာ ႏွစ္နဲ႔ခ်ီလာလုိ႔ တစ္ေယာက္လက္ေတာင္ တစ္ေယာက္မကိုင္ေတာ့တာမ်ိဳး၊ အိမ္ေထာင္သက္တမ္းရွိလာလုိ႔ နဖူးေလးနမ္းတာ၊ ပါးေလးနမ္းတာ၊ ေပြ႕ဖက္တာမ်ိဳးေတြ နည္းလာတာမ်ိဳး မရွိပဲ ခ်စ္ခင္ၾကင္နာစကအတိုင္း တစ္ဦးနဲ႔တစ္ဦး ျမတ္ျမတ္ႏိုးႏိုး ရွိေနတတ္ၾကတယ္။

၄။တစ္ဦးနဲ႔တစ္ဦး ဆူပူႀကိမ္းေမာင္းေနတာမ်ိဳးေတြ မလုပ္ၾကဘူး။

အေၾကာင္းမရွိ ကိုယ္စိတ္မရွည္တိုင္း ကိုယ့္ခ်စ္သူကို ေအာ္လိုက္၊ ေငါက္လိုက္ စတာေတြ ဘယ္ေတာ့မွ မလုပ္ဘူး။ တစ္ဖက္လူရဲ႕ လုပ္ရပ္က စိတ္အေႏွာင့္အယွက္ျဖစ္ရင္ေတာင္ ဘာ့ေၾကာင့္ဒီလိုျဖစ္ရသလဲဆိုတာ ပြင့္ပြင့္လင္းလင္း ေမးတယ္၊ ေျပာတယ္။ အျပစ္တင္တာမ်ိဳး တတ္ႏိုင္သေလာက္ မလုပ္ၾကဘူး။

၅။ႏွစ္ဦးသားဆံုခ်ိန္တုိင္း အနမ္းေလးေပးၿပီး ခ်စ္တယ္ဆုိတဲ့အေၾကာင္း ေျပာတယ္။

အခ်ိန္ေတြ ၾကာသြားလုိ႔ ခ်စ္တယ္ဆုိတာ ေျပာစရာမလိုေတာ့ဘူးလို႔ ထင္ရင္မွားပါလိမ့္မယ္။ ျမဲတဲ့အတြဲေတြဟာ သူတုိ႔ဘယ္ေလာက္ခ်စ္တဲ့အေၾကာင္း အၿမဲေျပာေလ့ရွိသူေတြပါ။ ေတြ႕တဲ့အခါတုိင္းလည္း အနမ္းပန္းတစ္ပြင့္ေလာက္ေတာ့ ေျခြလိုက္တာခ်ည္းပါပဲ။

၆။တစ္ဦးနဲ႔တစ္ဦး ဘယ္ေတာ့မွ ေမ့မေနၾကဘူး။

အလုပ္ေတြ ဘယ္ေလာက္ရႈပ္ရႈပ္၊ ဘယ္ေလာက္ အေရးႀကီးတဲ့ အလုပ္ေတြလုပ္လုပ္ ကိုယ့္ခ်စ္သူကို သတိတရရွိတတ္ၾကတယ္။ သတိရေနတယ္ဆိုတဲ့အေၾကာင္းလည္း တစ္နည္းနည္းနဲ႔ ကိုယ့္ခ်စ္သူကို အသိေပးတတ္ၾကတယ္။

၇။ဘယ္သြားသြား အတူတူ ပဲ။

အတတ္ႏိုင္ဆံုး ႏွစ္ဦးသားအတူတူ အျပင္သြားတတ္ၾကတယ္။ အတူရွိေနရေအာင္လည္း ႀကိဳးစားတတ္ၾကတယ္။

၈။သူ႕သူငယ္ခ်င္း၊ ကုိယ့္သူငယ္ခ်င္းေတြနဲ႔လည္း အဆင္ေျပေအာင္ ေနၾကတယ္။

ဟိုဘက္၊ ဒီဘက္ အသိမိတ္ေဆြ၊ သူငယ္ခ်င္းေတြနဲ႔ အဆင္ေျပေအာင္ ေနၾကတယ္။ ဒါမွေရရွည္မွာ အဆင္ေျပမယ္လုိ႔လည္း သူတုိ႔ေတြးၾကတယ္။

၉။လုပ္ရိုးလုပ္စဥ္ေတြကို ခ်ိဳးေဖာက္ၿပီး ခ်စ္တတ္ၾကတယ္။

ေန႔တိုင္း ဒီအခ်ိန္ပဲ ဖုန္းေခၚတာမ်ိဳး မဟုတ္ပဲ အရမ္းသတိရတဲ့အခ်ိန္ ဘယ္အခ်ိန္မဆို ဖုန္းေခၚတယ္။ တစ္ဦးနဲ႔တစ္ဦး ခ်ိန္းမထားပဲ ေတြ႕လိုက္ၾကတယ္။ အမွတ္တရေလးေတြ ဖန္တီးၾကတယ္။

၁၀။ႏွစ္ဦးသားဆံုတဲ့အခ်ိန္တုိင္း က်န္တာေတြကို ေမ့ထားတတ္ၾကတယ္။

ႏွစ္ေယာက္ဆံုၿပီဆိုတာနဲ႔ လက္ထဲက ဖုန္းေတြကို ခပ္ေ၀းေ၀းထားလိုက္ၾကတယ္။ တစ္ဦးကိုတစ္ဦး အေလးထားတယ္။ က်န္တာေတြအားလံုးကို လ်စ္လ်ဴရႈပစ္လိုက္ၾကတယ္။

Credit: Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိ၊ သစ္စာရှိရှိ ချစ်ခင်ကြင်နာတတ်တဲ့အတွဲဟာ များသောအားဖြင့် မြဲကြပါတယ်။ အဲ့ဒီလိုမြဲတဲ့အတွဲတွေ၊ အိမ်ထောင်ရှင်တွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်လေးတွေကတော့

၁။ အိပ်ယာအတူဝင်တတ်ကြတယ်။

အိမ်ထောင်သည်တွေဟာ ယူပြီးစအချိန်ကာလတွေမှာသာ အိပ်ယာအတူဝင်တတ်ကြတာပါ။ အိမ်ထောင်ကျပြီး တစ်နှစ်လောက်ဆို တစ်ယောက်က အရင်အိပ်နှင့်တယ်။ နောက်တစ်ယောက်က တီဗီရှေ့ကျန်ခဲ့တဲ့ အဖြစ်မျိုးတွေ များလာတတ်ကြပါတယ်။ အိပ်ယာအတူဝင်တယ်ဆိုတာ လိင်ကိစ္စအတွက် ပြောနေခြင်း မဟုတ်ပါဘူး။ အနည်းဆုံး ညတိုင်းအိပ်ယာအတူဝင်တယ်ဆိုတာ နေ့တစ်နေ့ကို အတူတူ အဆုံးသတ်တဲ့ သဘောပါပဲ။ အိပ်ခါနီး စကားလေး တပြောပြောနဲ့ လုပ်တတ်တဲ့ အတွဲတွေ၊ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ဝင်ပြီး ကြည်ကြည်နူးနူး အိပ်တတ်တဲ့ အတွဲမျိုးတွေဟာ ဘယ်လောက်ကြာကြာ ပြတ်ဖို့ခဲယဉ်းပါတယ်။

၂။အကြိုက်တွေ တူကြတယ်။

ကိုယ်ဘာလုပ်မယ်၊ သူဘာလုပ် ဆိုတာမျိုး အထူးတိုင်ပင်စရာ မလိုပဲ အကြိုက်ချင်း၊ သဘောထားချင်း တိုက်ဆိုင်နေတတ်ကြတဲ့ အတွဲမျိုးတွေပေါ့။ ညှိလုပ်နေရာတာမျိုး မဟုတ်ပဲ နှစ်ယောက်သား အမြဲတမ်း တူညီနေတတ်တာမျိုးကို ပြောတာပါ။

၃။တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာ ရှိကြတယ်။

တွဲတာ နှစ်နဲ့ချီလာလို့ တစ်ယောက်လက်တောင် တစ်ယောက်မကိုင်တော့တာမျိုး၊ အိမ်ထောင်သက်တမ်းရှိလာလို့ နဖူးလေးနမ်းတာ၊ ပါးလေးနမ်းတာ၊ ပွေ့ဖက်တာမျိုးတွေ နည်းလာတာမျိုး မရှိပဲ ချစ်ခင်ကြင်နာစကအတိုင်း တစ်ဦးနဲ့တစ်ဦး မြတ်မြတ်နိုးနိုး ရှိနေတတ်ကြတယ်။

၄။တစ်ဦးနဲ့တစ်ဦး ဆူပူကြိမ်းမောင်းနေတာမျိုးတွေ မလုပ်ကြဘူး။

အကြောင်းမရှိ ကိုယ်စိတ်မရှည်တိုင်း ကိုယ့်ချစ်သူကို အော်လိုက်၊ ငေါက်လိုက် စတာတွေ ဘယ်တော့မှ မလုပ်ဘူး။ တစ်ဖက်လူရဲ့ လုပ်ရပ်က စိတ်အနှောင့်အယှက်ဖြစ်ရင်တောင် ဘာ့ကြောင့်ဒီလိုဖြစ်ရသလဲဆိုတာ ပွင့်ပွင့်လင်းလင်း မေးတယ်၊ ပြောတယ်။ အပြစ်တင်တာမျိုး တတ်နိုင်သလောက် မလုပ်ကြဘူး။

၅။နှစ်ဦးသားဆုံချိန်တိုင်း အနမ်းလေးပေးပြီး ချစ်တယ်ဆိုတဲ့အကြောင်း ပြောတယ်။

အချိန်တွေ ကြာသွားလို့ ချစ်တယ်ဆိုတာ ပြောစရာမလိုတော့ဘူးလို့ ထင်ရင်မှားပါလိမ့်မယ်။ မြဲတဲ့အတွဲတွေဟာ သူတို့ဘယ်လောက်ချစ်တဲ့အကြောင်း အမြဲပြောလေ့ရှိသူတွေပါ။ တွေ့တဲ့အခါတိုင်းလည်း အနမ်းပန်းတစ်ပွင့်လောက်တော့ ခြွေလိုက်တာချည်းပါပဲ။

၆။တစ်ဦးနဲ့တစ်ဦး ဘယ်တော့မှ မေ့မနေကြဘူး။

အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ်၊ ဘယ်လောက် အရေးကြီးတဲ့ အလုပ်တွေလုပ်လုပ် ကိုယ့်ချစ်သူကို သတိတရရှိတတ်ကြတယ်။ သတိရနေတယ်ဆိုတဲ့အကြောင်းလည်း တစ်နည်းနည်းနဲ့ ကိုယ့်ချစ်သူကို အသိပေးတတ်ကြတယ်။

၇။ဘယ်သွားသွား အတူတူ ပဲ။

အတတ်နိုင်ဆုံး နှစ်ဦးသားအတူတူ အပြင်သွားတတ်ကြတယ်။ အတူရှိနေရအောင်လည်း ကြိုးစားတတ်ကြတယ်။

၈။သူ့သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေအောင် နေကြတယ်။

ဟိုဘက်၊ ဒီဘက် အသိမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် နေကြတယ်။ ဒါမှရေရှည်မှာ အဆင်ပြေမယ်လို့လည်း သူတို့တွေးကြတယ်။

၉။လုပ်ရိုးလုပ်စဉ်တွေကို ချိုးဖောက်ပြီး ချစ်တတ်ကြတယ်။

နေ့တိုင်း ဒီအချိန်ပဲ ဖုန်းခေါ်တာမျိုး မဟုတ်ပဲ အရမ်းသတိရတဲ့အချိန် ဘယ်အချိန်မဆို ဖုန်းခေါ်တယ်။ တစ်ဦးနဲ့တစ်ဦး ချိန်းမထားပဲ တွေ့လိုက်ကြတယ်။ အမှတ်တရလေးတွေ ဖန်တီးကြတယ်။

၁၀။နှစ်ဦးသားဆုံတဲ့အချိန်တိုင်း ကျန်တာတွေကို မေ့ထားတတ်ကြတယ်။

နှစ်ယောက်ဆုံပြီဆိုတာနဲ့ လက်ထဲက ဖုန်းတွေကို ခပ်ဝေးဝေးထားလိုက်ကြတယ်။ တစ်ဦးကိုတစ်ဦး အလေးထားတယ်။ ကျန်တာတွေအားလုံးကို လျစ်လျူရှုပစ်လိုက်ကြတယ်။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top