iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ဆိုတာ လူတစ္ေယာက္ရဲ႕ ဒုတိယမ်က္ႏွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင္ရဲ႕မ်က္ႏွာအေနအထားနဲ႔ လိုက္ဖက္တဲ့ ဆံပင္ပံုစံကို ေရြးခ်ယ္တတ္ဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ ဒီတစ္ခါ ဆံပင္ညွပ္ေတာ့မယ္ဆိုရင္ လိုက္ဖက္ၿပီး ၾကည့္ေကာင္းေစမယ့္ဆံပင္ပံုစံကို ေရြးခ်ယ္တတ္ေစဖို႔ ဒီ Post ကို ဆံုးေအာင္ဖတ္ၾကည့္လိုက္ပါ။

၁။ ေလးေထာင့္ပံု မ်က္ႏွာ

Brad Pitt လိုမ်ိဳး ေမး႐ိုးကားကားနဲ႔ ေလးေထာင့္ပံုစံေထာင့္က်က်မ်က္ႏွာပံုစံေတြက ေဘးႏွစ္ဖက္ကို ပါးၿပီးတိုတိုျပတ္ျပတ္ပံုစံနဲ႔ လိုက္ဖက္ပါတယ္။ တကယ္ေတာ့ ေလးေထာင့္ပံုမ်က္ႏွာေတြက ဘယ္လိုဆံပင္ပံုစံမ်ိဳးနဲ႔မဆို လိုက္ဖက္ေလ့ရွိပါတယ္။ အေကာင္းဆံုးကေတာ့ ေမး႐ုိးအေနအထားကိုလိုက္ၿပီး ညွပ္တာပဲျဖစ္ပါတယ္။

၂။ လံုး၀ိုင္းေသာ မ်က္ႏွာ

မ်က္ႏွာ၀ိုင္းတဲ့သူေတြအတြက္ကေတာ့ ေလးေထာင့္ဆန္သြားေစမယ့္ ဆံပင္ပံုစံမ်ိဳးကို ေရြးခ်ယ္သင့္ပါတယ္။ ေဘးႏွစ္ဘက္ကို ပါးၿပီး အေပၚဘက္မွာ ခပ္ရွည္ရွည္ထားတာမ်ိဳးျဖစ္ပါတယ္။ မ်က္ႏွာ၀ိုင္းေတြမွာ ေမး႐ိုးေတြလိုမ်ိဳး ထင္ရွားတဲ့မ်က္ႏွာအစိတ္အပိုင္းေတြ မေပၚလြင္တတ္တာေၾကာင့္ ေထာင့္က်က်ဆံပင္ပံုစံေတြျဖစ္တဲ့ ေဘးႏွစ္ဖက္ကို ပါးၿပီး နဖူးေပၚကို ဆံပင္၀ဲၾကေနတဲ့ပံုစံ၊ အလယ္ကိုစုၿပီး One way ပံုစံမ်ိဳးတြက အလိုက္ဖက္ဆံုးပံုစံေတြပဲျဖစ္ပါတယ္။

၃။ သံုးေထာင့္ႀတိဂံပံု မ်က္ႏွာ

နဖူးက်ယ္ၿပီး ေမး႐ုိးက်ဥ္းသြားတတ္တဲ့ သံုးေထာင့္ႀတိဂံပံုစံမ်က္ႏွာပိုင္ရွင္ေတြကေတာ့ ခပ္တိုတိုဆံပင္ပံုစံ ဒါမွမဟုတ္ မ်က္ႏွာနဲ႔လိုက္ဖက္မယ့္ စတိုင္တစ္ခုခုနဲ႔အရွည္ထားလို႔ ရပါတယ္။ အဓိကအခ်က္က စတိုင္က်ဖို႔ပဲ ျဖစ္ပါတယ္။ ေဘးဖက္ေတြကို အရွည္ထားတာက အေကာင္းဆံုးေရြးခ်ယ္မႈပါပဲ။ ဆံပင္အထူအပါးနဲ႔ ေမး႐ုံးအေနအထားေပၚမွာလိုက္ၿပီးေတာ့ စတိုင္အမ်ိဳးမ်ိဳးပံုေဖာ္လို႔ ရပါတယ္။

၄။ ဘဲဥပံု မ်က္ႏွာ

ဘယ္လိုဆံပင္ပံုစံနဲ႔မဆို လိုက္ဖက္တဲ့ မ်က္ႏွာျဖစ္ပါတယ္။ ေလတိုက္ခံလိုက္ရသလို မ်က္ႏွာေပၚကို ဆံပင္ေတြ ၀ဲက်ေနတဲ့ပံုစံမ်ိဳးက အလိုက္ဖက္ဆံုးျဖစ္ပါလိမ့္မယ္။ ေခါင္းအေရွ႕ဖက္ နဖူးမွာ ဆံပင္အံုအထူႀကီး ရွိေနမယ္ဆိုရင္ မ်က္ႏွာကို ပိုၿပီး၀ိုင္းသြားေစတာေၾကာင့္ ေရွာင္ရွားသင့္ပါတယ္။

၅။ အသဲပံု မ်က္ႏွာ

ဆံပင္ကို မတိုမရွည္အေနအထားနဲ႔ အေနာက္ကို လွန္ၿဖီးထားတဲ့ပံုစံက အေကာင္းဆံုးျဖစ္မွာပါ။ အရမ္းတိုကပ္ကပ္ညွပ္တာမ်ိဳးကိုေတာ့ ေရွာင္သင့္ပါတယ္။

၆။ ေထာင့္မွန္စတုဂံပံုမ်က္ႏွာ

မ်က္ႏွာရွည္ရွည္ေမ်ာေမ်ာနဲ႔ ေထာင့္က်က် ေထာင့္မွန္စတုဂံပံု မ်က္ႏွာပိုင္ရွင္ေတြအတြက္ အဓိကအခ်က္ကေတာ့ အခ်ိဳးညီညီ ညွပ္တတ္ဖို႔ပဲျဖစ္ပါတယ္။ ေခါင္းအေပၚပိုင္းမွာ ေထာင္ထာတာ၊ အေမာက္ထားတာတို႔က မ်က္ႏွာကို ပိုၿပီးရွည္ထြက္သြားေစႏိုင္ၿပီး ေဘးဘက္ေတြကို အရမ္းအတိုရွင္းမယ္ဆိုရင္လည္း မ်က္ႏွာက ပိုၿပီး က်ဥ္းသြားသလို ထင္ရေစပါတယ္။ ဒါ့ေၾကာင့္ ဆံပင္ကို အရွည္ထားၿပိး မ်က္ႏွာေပၚကို ၀ဲက်ေနပါေစ။
Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင်ရဲ့မျက်နှာအနေအထားနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါ ဆံပင်ညှပ်တော့မယ်ဆိုရင် လိုက်ဖက်ပြီး ကြည့်ကောင်းစေမယ့်ဆံပင်ပုံစံကို ရွေးချယ်တတ်စေဖို့ ဒီ Post ကို ဆုံးအောင်ဖတ်ကြည့်လိုက်ပါ။

၁။ လေးထောင့်ပုံ မျက်နှာ

Brad Pitt လိုမျိုး မေးရိုးကားကားနဲ့ လေးထောင့်ပုံစံထောင့်ကျကျမျက်နှာပုံစံတွေက ဘေးနှစ်ဖက်ကို ပါးပြီးတိုတိုပြတ်ပြတ်ပုံစံနဲ့ လိုက်ဖက်ပါတယ်။ တကယ်တော့ လေးထောင့်ပုံမျက်နှာတွေက ဘယ်လိုဆံပင်ပုံစံမျိုးနဲ့မဆို လိုက်ဖက်လေ့ရှိပါတယ်။ အကောင်းဆုံးကတော့ မေးရိုးအနေအထားကိုလိုက်ပြီး ညှပ်တာပဲဖြစ်ပါတယ်။

၂။ လုံးဝိုင်းသော မျက်နှာ

မျက်နှာဝိုင်းတဲ့သူတွေအတွက်ကတော့ လေးထောင့်ဆန်သွားစေမယ့် ဆံပင်ပုံစံမျိုးကို ရွေးချယ်သင့်ပါတယ်။ ဘေးနှစ်ဘက်ကို ပါးပြီး အပေါ်ဘက်မှာ ခပ်ရှည်ရှည်ထားတာမျိုးဖြစ်ပါတယ်။ မျက်နှာဝိုင်းတွေမှာ မေးရိုးတွေလိုမျိုး ထင်ရှားတဲ့မျက်နှာအစိတ်အပိုင်းတွေ မပေါ်လွင်တတ်တာကြောင့် ထောင့်ကျကျဆံပင်ပုံစံတွေဖြစ်တဲ့ ဘေးနှစ်ဖက်ကို ပါးပြီး နဖူးပေါ်ကို ဆံပင်ဝဲကြနေတဲ့ပုံစံ၊ အလယ်ကိုစုပြီး One way ပုံစံမျိုးတွက အလိုက်ဖက်ဆုံးပုံစံတွေပဲဖြစ်ပါတယ်။

၃။ သုံးထောင့်တြိဂံပုံ မျက်နှာ

နဖူးကျယ်ပြီး မေးရိုးကျဉ်းသွားတတ်တဲ့ သုံးထောင့်တြိဂံပုံစံမျက်နှာပိုင်ရှင်တွေကတော့ ခပ်တိုတိုဆံပင်ပုံစံ ဒါမှမဟုတ် မျက်နှာနဲ့လိုက်ဖက်မယ့် စတိုင်တစ်ခုခုနဲ့အရှည်ထားလို့ ရပါတယ်။ အဓိကအချက်က စတိုင်ကျဖို့ပဲ ဖြစ်ပါတယ်။ ဘေးဖက်တွေကို အရှည်ထားတာက အကောင်းဆုံးရွေးချယ်မှုပါပဲ။ ဆံပင်အထူအပါးနဲ့ မေးရုံးအနေအထားပေါ်မှာလိုက်ပြီးတော့ စတိုင်အမျိုးမျိုးပုံဖော်လို့ ရပါတယ်။

၄။ ဘဲဥပုံ မျက်နှာ

ဘယ်လိုဆံပင်ပုံစံနဲ့မဆို လိုက်ဖက်တဲ့ မျက်နှာဖြစ်ပါတယ်။ လေတိုက်ခံလိုက်ရသလို မျက်နှာပေါ်ကို ဆံပင်တွေ ဝဲကျနေတဲ့ပုံစံမျိုးက အလိုက်ဖက်ဆုံးဖြစ်ပါလိမ့်မယ်။ ခေါင်းအရှေ့ဖက် နဖူးမှာ ဆံပင်အုံအထူကြီး ရှိနေမယ်ဆိုရင် မျက်နှာကို ပိုပြီးဝိုင်းသွားစေတာကြောင့် ရှောင်ရှားသင့်ပါတယ်။

၅။ အသဲပုံ မျက်နှာ

ဆံပင်ကို မတိုမရှည်အနေအထားနဲ့ အနောက်ကို လှန်ဖြီးထားတဲ့ပုံစံက အကောင်းဆုံးဖြစ်မှာပါ။ အရမ်းတိုကပ်ကပ်ညှပ်တာမျိုးကိုတော့ ရှောင်သင့်ပါတယ်။

၆။ ထောင့်မှန်စတုဂံပုံမျက်နှာ

မျက်နှာရှည်ရှည်မျောမျောနဲ့ ထောင့်ကျကျ ထောင့်မှန်စတုဂံပုံ မျက်နှာပိုင်ရှင်တွေအတွက် အဓိကအချက်ကတော့ အချိုးညီညီ ညှပ်တတ်ဖို့ပဲဖြစ်ပါတယ်။ ခေါင်းအပေါ်ပိုင်းမှာ ထောင်ထာတာ၊ အမောက်ထားတာတို့က မျက်နှာကို ပိုပြီးရှည်ထွက်သွားစေနိုင်ပြီး ဘေးဘက်တွေကို အရမ်းအတိုရှင်းမယ်ဆိုရင်လည်း မျက်နှာက ပိုပြီး ကျဉ်းသွားသလို ထင်ရစေပါတယ်။ ဒါ့ကြောင့် ဆံပင်ကို အရှည်ထားပြိး မျက်နှာပေါ်ကို ဝဲကျနေပါစေ။
Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top