iMyanmarHouse.com - Best Property Website for Myanmar
×

ဒူးနဲ႔ တံေတာင္ဆစ္မွာ အမည္းေတြရွိတာကို အာရံုအစိုက္ဆံုးကေတာ့ မိန္းကေလးေတြ ျဖစ္မယ္လို႔ ထင္ပါတယ္။ ဒူးနဲ႔ တံေတာင္ဆစ္မွာ အမည္းေတြရွိေနတာကို ကိုကိုေတြအေနနဲ႔ အမ်ားႀကီး မခံစားေပမယ့္ မမေတြကေတာ့ အလွဖ်က္တဲ့အရာလို႔ေတာင္ ေတြးတတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အက်ႌလက္တိုနဲ႔ ေဘာင္းဘီ၊ စကပ္ ဒူးအထက္ေလးေတြ ဝတ္ရင္ မလွမွာ စိုးတာေၾကာင့္ပါ။

ဒူးနဲ႔တံေတာင္ဆစ္ မည္းရတဲ့ အေၾကာင္းရင္းေတြလည္း ရွိပါေသးတယ္။ မ်ိဳးရိုးလိုက္ျခင္း၊ အသားအေရေျခာက္ေသြ႔ျခင္း၊ ေနေရာင္ျခည္အထိေတြ႔မ်ားျခင္း၊ ေဆးေတြေသာက္ရျခင္း၊ က်န္းမာေရးလိုက္စားမႈ အားနည္းျခင္း၊ အဝလြန္ျခင္းနဲ႔ Addison’s syndrome လုိမ်ိဳး ေရာဂါ ရွိျခင္း၊ ေဟာ္မုန္းအေျပာင္းအလဲ ျဖစ္ျခင္းေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒီလိုဆိုရင္ေတာ့ ဒူးနဲ႔ တံေတာင္ဆစ္က အမည္းေတြကို လက္ျပႏႈတ္ဆက္လိုက္ဖို႔ အခ်ိန္ေရာက္ပါၿပီ။ ဘာေတြလုပ္ေဆာင္ရမလဲဆိုတာ ဖတ္ၾကည့္ပါဦးေနာ္။

(၁) ပ်ားရည္

ပ်ားရည္ဟာ တံေတာင္ဆစ္ရဲ႕ အမည္းေတြအတြက္ေတာ့ သဘာဝအေကာင္းဆံုး အဆီတစ္မ်ိဳးပါပဲ။ ပ်ားရည္ဟာ သဘာဝ ပဋိဇီဝေတြကိုလည္း ေပးစြမ္းႏုိင္ပါတယ္။ တံေတာင္ဆစ္က အမည္းေတြ ေလွ်ာ့က်ဖို႔အတြက္ ပ်ားရည္၊ ႏြားႏို႔၊ နႏြင္းမႈန္႔တို႔ကို လက္ဖက္စားဇြန္း(၁) ဇြန္းတို႔ကို ဆတူစီ ေရာေမႊလိုက္ပါ။ ၿပီးရင္ေတာ့ တံေတာင္ဆစ္ရဲ႕ မည္းတဲ့ေနရာေပၚမွာ လိမ္းလိုက္ပါ။ နာရီဝက္ေလာက္ ၾကာတဲ့အခါ ေရေႏြးေလးနဲ႔ ေဆးေၾကာလိုက္ပါ။ အပတ္တိုင္းလုပ္ဖို႔ လိုတယ္ေနာ္။

(၂) သၾကား

တံေတာင္ဆစ္နဲ႔ ဒူးရဲ႕ အသားအေရ ၾကည္လင္ေတာက္ပေစဖို႔အတြက္ သၾကား Scrub ေလး လုပ္ဖို႔ လိုပါတယ္။ သၾကား Scrub က ဆဲလ္ေသေတြကို ဖယ္ရွားေပးတဲ့အျပင္ အသားအေရကိုလည္း ႏူးညံ့ေပ်ာ့ေျပာင္းေစပါတယ္။ သၾကားနဲ႔ သံလြင္ဆီကို ဆတူေရာစပ္ပါ။ ၿပီးရင္ေတာ့ ဒူးနဲ႔ တံေတာင္ဆစ္ရဲ႕ အမည္းရွိတဲ့ေနရာေတြမွာ (၅) မိနစ္ေလာက္ စက္ဝိုင္းပံုစံေလးအတိုင္း လိမ္းေပးပါ။ ေနာက္မွ ဆပ္ျပာအေပ်ာ့စားေလးသံုးၿပီး ေရေႏြးေလးနဲ႔ ေဆးေၾကာလိုက္ပါ။ သိသာတဲ့ ရလာဒ္ေလး ရလာမွာ ေသခ်ာပါတယ္။

(၃) သံပုရာသီး

သံပုရာသီးကေတာ့ အစြမ္းထက္ အသီးပဲေနာ္။ သံပုရာသီးမွာ ဗီတာမင္ စီ ဓါတ္ေတြ မ်ားမ်ား ပါဝင္ၿပီး ဆဲလ္ေသေတြကို ဖယ္ရွားေပးႏုိင္သလို အသားအေရရဲ႕အေရာင္ကိုလည္း ၾကည္လင္ေစပါတယ္။ ေကာင္းမြန္က်န္းမာတဲ့ ဆဲလ္အသစ္ေတြ ျဖစ္ေပၚလာဖို႔ကိုလည္း အားေပးပါတယ္။ သံပုရာသီး အရည္ကို ဒူးနဲ႔ တံေတာင္ဆစ္မွာ လိမ္းၿပီး နည္းနည္းေလးႏွိပ္နယ္ေပးပါ။ မိနစ္(၂၀) ေလာက္ၾကာရင္ေတာ့ ေရေႏြးေလးနဲ႔ ေဆးေၾကာၿပီး အစို္ဓါတ္ပါဝင္တဲ့ ခရင္မ္ေလး တစ္မ်ိဳးမ်ိဳး လိမ္းေပးထားပါ။

(၄) ရွားေစာင္းလက္ပပ္

ေနာက္ထပ္ အိမ္မွာတင္ စိုက္ထားၿပီး လြယ္လြယ္ကူကူ အသံုးျပဳလို႔ရတဲ့ သဘာဝ ဒူးနဲ႔တံေတာင္ဆစ္ အမည္းေတြကို ဖယ္ရွားႏုိင္တဲ့ နည္းလမ္းေလးလည္း ရွိပါေသးတယ္။ ဒါကေတာ့ ရွားေစာင္းလက္ပပ္ပါ။ ရွားေစာင္းလက္ပပ္ကို ေရစင္ေအာင္ေဆးေၾကာၿပီး အလယ္ကေန လွီးပါ။ ဂ်ယ္လ္ ေလးေတြ ထြက္လာတာကို ယူၿပီး လိ္မ္းပါ။ မိနစ္(၂၀) ေလာက္ ထားၿပီးမွ ေရေႏြးေလးနဲ႔ ေဆးေၾကာလိုက္ပါေနာ္။ အနည္းဆံုး တစ္ပတ္ကို (၂) ႀကိမ္ေလာက္ေတာ့ ျပဳလုပ္ပါ။ ဒီနည္းလမ္းေလးေတြ သံုးၿပီး ဒူးနဲ႔တံေတာင္ဆစ္က အမည္းေတြကို တာ့တာ ျပလိုက္ေတာ့ေနာ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒူးနဲ့ တံတောင်ဆစ်မှာ အမည်းတွေရှိတာကို အာရုံအစိုက်ဆုံးကတော့ မိန်းကလေးတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒူးနဲ့ တံတောင်ဆစ်မှာ အမည်းတွေရှိနေတာကို ကိုကိုတွေအနေနဲ့ အများကြီး မခံစားပေမယ့် မမတွေကတော့ အလှဖျက်တဲ့အရာလို့တောင် တွေးတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အကျႌလက်တိုနဲ့ ဘောင်းဘီ၊ စကပ် ဒူးအထက်လေးတွေ ဝတ်ရင် မလှမှာ စိုးတာကြောင့်ပါ။

ဒူးနဲ့တံတောင်ဆစ် မည်းရတဲ့ အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ မျိုးရိုးလိုက်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ နေရောင်ခြည်အထိတွေ့များခြင်း၊ ဆေးတွေသောက်ရခြင်း၊ ကျန်းမာရေးလိုက်စားမှု အားနည်းခြင်း၊ အဝလွန်ခြင်းနဲ့ Addison’s syndrome လိုမျိုး ရောဂါ ရှိခြင်း၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒူးနဲ့ တံတောင်ဆစ်က အမည်းတွေကို လက်ပြနှုတ်ဆက်လိုက်ဖို့ အချိန်ရောက်ပါပြီ။ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

(၁) ပျားရည်

ပျားရည်ဟာ တံတောင်ဆစ်ရဲ့ အမည်းတွေအတွက်တော့ သဘာဝအကောင်းဆုံး အဆီတစ်မျိုးပါပဲ။ ပျားရည်ဟာ သဘာဝ ပဋိဇီဝတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ တံတောင်ဆစ်က အမည်းတွေ လျှော့ကျဖို့အတွက် ပျားရည်၊ နွားနို့၊ နနွင်းမှုန့်တို့ကို လက်ဖက်စားဇွန်း(၁) ဇွန်းတို့ကို ဆတူစီ ရောမွှေလိုက်ပါ။ ပြီးရင်တော့ တံတောင်ဆစ်ရဲ့ မည်းတဲ့နေရာပေါ်မှာ လိမ်းလိုက်ပါ။ နာရီဝက်လောက် ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။ အပတ်တိုင်းလုပ်ဖို့ လိုတယ်နော်။

(၂) သကြား

တံတောင်ဆစ်နဲ့ ဒူးရဲ့ အသားအရေ ကြည်လင်တောက်ပစေဖို့အတွက် သကြား Scrub လေး လုပ်ဖို့ လိုပါတယ်။ သကြား Scrub က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အပြင် အသားအရေကိုလည်း နူးညံ့ပျော့ပြောင်းစေပါတယ်။ သကြားနဲ့ သံလွင်ဆီကို ဆတူရောစပ်ပါ။ ပြီးရင်တော့ ဒူးနဲ့ တံတောင်ဆစ်ရဲ့ အမည်းရှိတဲ့နေရာတွေမှာ (၅) မိနစ်လောက် စက်ဝိုင်းပုံစံလေးအတိုင်း လိမ်းပေးပါ။ နောက်မှ ဆပ်ပြာအပျော့စားလေးသုံးပြီး ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။ သိသာတဲ့ ရလာဒ်လေး ရလာမှာ သေချာပါတယ်။

(၃) သံပုရာသီး

သံပုရာသီးကတော့ အစွမ်းထက် အသီးပဲနော်။ သံပုရာသီးမှာ ဗီတာမင် စီ ဓါတ်တွေ များများ ပါဝင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်သလို အသားအရေရဲ့အရောင်ကိုလည်း ကြည်လင်စေပါတယ်။ ကောင်းမွန်ကျန်းမာတဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာဖို့ကိုလည်း အားပေးပါတယ်။ သံပုရာသီး အရည်ကို ဒူးနဲ့ တံတောင်ဆစ်မှာ လိမ်းပြီး နည်းနည်းလေးနှိပ်နယ်ပေးပါ။ မိနစ်(၂၀) လောက်ကြာရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပြီး အစိုဓါတ်ပါဝင်တဲ့ ခရင်မ်လေး တစ်မျိုးမျိုး လိမ်းပေးထားပါ။

(၄) ရှားစောင်းလက်ပပ်

နောက်ထပ် အိမ်မှာတင် စိုက်ထားပြီး လွယ်လွယ်ကူကူ အသုံးပြုလို့ရတဲ့ သဘာဝ ဒူးနဲ့တံတောင်ဆစ် အမည်းတွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းလေးလည်း ရှိပါသေးတယ်။ ဒါကတော့ ရှားစောင်းလက်ပပ်ပါ။ ရှားစောင်းလက်ပပ်ကို ရေစင်အောင်ဆေးကြောပြီး အလယ်ကနေ လှီးပါ။ ဂျယ်လ် လေးတွေ ထွက်လာတာကို ယူပြီး လိမ်းပါ။ မိနစ်(၂၀) လောက် ထားပြီးမှ ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါနော်။ အနည်းဆုံး တစ်ပတ်ကို (၂) ကြိမ်လောက်တော့ ပြုလုပ်ပါ။ ဒီနည်းလမ်းလေးတွေ သုံးပြီး ဒူးနဲ့တံတောင်ဆစ်က အမည်းတွေကို တာ့တာ ပြလိုက်တော့နော်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top