iMyanmarHouse.com - Best Property Website for Myanmar
×

ၾကည့္ျမင္တိုင္ တဖက္ကမ္း ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ အေကာင္အထည္ ေဖာ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက “ေျမေတြကို ေဖာ္ထုတ္ႏိုင္ဖို႔အတြက္ ၾကည့္ျမင္တိုင္ တဖက္ကမ္း ၿမိဳ႕သစ္စီမံကိန္းႀကီး အေကာင္အထည္ေဖာ္ဖို႔လည္း ျပင္ဆင္ေနပါၿပီ။ ေဆာင္႐ြက္ဖို႔ အဆင့္တဆင့္ ေရာက္ေနပါၿပီ” ဟု ေျပာသည္။

ေဖေဖာ္ဝါရီ ၁ ရက္က ကုန္သည္စက္မႈ အသင္းခ်ဳပ္ (UMFCCI) တြင္ ျပဳလုပ္ေသာ ဒုသမၼတ ၁ ဦးျမင့္ေဆြႏွင့္ ျမန္မာ့စီးပြား ေရး လုပ္ငန္းရွင္မ်ား လစဥ္ပုံမွန္ ေတြ႕ဆုံပြဲတြင္ ယင္းသို႔ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

အဆိုပါ စီမံကိန္းကို ၿပီးခဲ့သည့္ ပထမအႀကိမ္ လႊတ္ေတာ္တြင္ လုပ္ခြင့္ျပဳျခင္း၊ မျပဳျခင္းကို မဲခြဲ ဆုံးျဖတ္ခဲ့ၿပီး ေနာက္ဆုံးတြင္ ခြင့္ျပဳခဲ့ျခင္းေၾကာင့္ တိုင္းအစိုးရမွ ျပည္ေထာင္စု အစိုးရအဖြဲ႕သို႔ သေဘာထားေတာင္းခံ၍ ယင္းသေဘာတူခ်က္ႏွင့္ ျပည္ထဲ ေရး ဝန္ႀကီးဌာနမွ ေျမသိမ္းအမိန႔္ထြက္ရွိထားေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

“ေျမသိမ္းမိန႔္ဆိုတာက အခု အစိုးရလက္ထက္မွာ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ အစိုးရလက္ထက္ကတည္းက ေျမသိမ္းမိန႔္ ထုတ္ ထားၿပီးသားပါ။ ေလွ်ာ္ေၾကးေငြ ဆိုတာက ဟိုတေလာက လယ္သမားေတြကို ၂၀ ရာခိုင္ႏႈန္း ၿမိဳ႕ေျမအျဖစ္ ျပန္ေပးမယ္လို႔ ေျပာတယ္။ လယ္သမားေတြ သေဘာတူ/မတူဆိုတဲ့ဟာမ်ိဳးေတာ့ သိပ္ၿပီးေတာ့ ေဆာင္႐ြက္တာ မရွိေသးဘူး။ ေျမသိမ္းမိန႔္ ဆိုတာ ဒီေနရာမွာ ၿမိဳ႕သစ္စီမံကိန္းလုပ္မယ္။ ဒါကို အဲဒီေနရာမွာ ရွိတဲ့ လယ္သမားေတြ အားလုံးလည္း သိတယ္။ စီမံကိန္း ကေတာ့ ၾကည့္ျမင္တိုင္ တဖက္ကမ္းမွာပါ” ဟု ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) လႊတ္ေတာ္ ကိုယ္စား လွယ္ ေဒၚစႏၵာမင္းက ေျပာသည္။

ဦးသိန္းစိန္အစိုးရလက္ထက္က ရန္ကုန္ၿမိ့သစ္စီမံကိန္း အေကာင္အထည္ေဖာ္ရန္ ရန္ကုန္ အေနာက္ေတာင္ေဒသ ဖြံ႕ၿဖိဳး ေရး အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီ၊ Business Capital City Development ႏွင့္ ေ႐ႊသံလြင္ကုမၸဏီခြဲ ျဖစ္သည့္ ေ႐ႊပုပၸား ကုမၸဏီတို႔အား လုပ္ကိုင္ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက “ဒါေပမယ့္ ပုဂၢလိက ကုမၸဏီေတြရဲ႕ ေဆာင္႐ြက္မႈမွာ ဘာလို႔လဲဆိုေတာ့ အာဏာစက္မရွိတဲ့ အတြက္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ မလုပ္ႏိုင္ပါဘူး။ ဒါေၾကာင့္မို႔ တိုင္းအစိုးရအဖြဲ႕ရဲ႕ ႀကီးၾကပ္မႈနဲ႔ စီမံကိန္းႀကီးက အေကာင္ ထည္ေဖာ္မွာ ျဖစ္ပါတယ္” ဟု ရွင္းလင္း ေျပာၾကားသည္။

ထိုကဲ့သို႔ ၿမိဳ႕သစ္စီမံကိန္း အေကာင္အထည္ေဖာ္ရျခင္းမွာ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ (MIC)မွ ျဖစ္ေစ၊ ရန္ကုန္ တိုင္းေဒသႀကီး ရင္းႏွီးျမႇဳုုပ္ႏွံမႈေကာ္မတီမွ ျဖစ္ေစ မည္သည့္ လုပ္ငန္းက႑ကို မဆို ရန္ကုန္တိုင္းအတြင္း၌ ခြင့္ျပဳမိန႔္ရရွိၿပီး လုပ္ကိုင္မည္ဆိုလွ်င္ တိုင္းအစိုးရအဖြဲ႕မွ ကူညီသြားရန္ အတြက္ ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕သစ္စီမံကိန္း တည္ေဆာက္ရာတြင္ က်ဴးေက်ာ္အိမ္ရာစီမံကိန္းမ်ား၊ တန္ဖိုးနည္းအိမ္ရာ စီမံကိန္းမ်ားႏွင့္ စက္မႈလက္မႈ အစရွိသည့္ ဖြံ႕ၿဖိဳးတိုးတက္မႈ မ်ားစြာ ပါဝင္ေသာ လုပ္ငန္းမ်ားကို ထည့္သြင္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

“ဒီအေျခအေနမွာ စက္႐ုံ၊ အလုပ္႐ုံ ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ားအတြက္ ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီဘက္ ကေန စီမံေဆာင္႐ြက္ေပးႏိုင္မယ္ဆိုတာ အသိေပးပါရေစ”ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။

ယင္းအျပင္ စက္မႈဇုန္မ်ား အဆင့္ျမႇင့္တင္ရာတြင္ အခ်ိဳ႕ေနရာမ်ားကို ဖယ္ရွားရမည္ ျဖစ္ေသာေၾကာင့္ ၎တို႔အတြက္ အခြင့္အလမ္းမ်ား ပိုေပးျခင္း၊ ေျမဧကေနရာ ပိုေပးမ်ားကိုလည္း ျပဳလုပ္ေပးသြားမည္ဟု ရန္ကုန္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ သိရသည္။

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တိုင္းေဒသႀကီး လြတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္နႏၵေအာင္က “အရင္လႊတ္ေတာ္မွာ ေဆြးေႏြး သြားတာ မွန္တယ္။ အစိုးရပိုင္းကလည္း လႊတ္ေတာ္တင္ဖို႔ လုပ္ေနတာ မွန္တယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ ဒါနဲ႔ ပတ္သက္ၿပီး တရားဝင္ အေၾကာင္းၾကားတာေတြ အခု လႊတ္ေတာ္မွာ တင္တာေတြေတာ့ မရွိေသးဘူး” ဟု ဧရာဝတီသို႔ ေျပာသည္။

ထိုေၾကာင့္ စီမံကိန္းႏွင့္ ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္မ်ားကို မသိရွိရေသးေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ထံမွ သိရသည္။

Credit : burmna irrawady
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြည့်မြင်တိုင် တဖက်ကမ်း ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အကောင်အထည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “မြေတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ကြည့်မြင်တိုင် တဖက်ကမ်း မြို့သစ်စီမံကိန်းကြီး အကောင်အထည်ဖော်ဖို့လည်း ပြင်ဆင်နေပါပြီ။ ဆောင်ရွက်ဖို့ အဆင့်တဆင့် ရောက်နေပါပြီ” ဟု ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်က ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင် ပြုလုပ်သော ဒုသမ္မတ ၁ ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွား ရေး လုပ်ငန်းရှင်များ လစဉ်ပုံမှန် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်တွင် လုပ်ခွင့်ပြုခြင်း၊ မပြုခြင်းကို မဲခွဲ ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးတွင် ခွင့်ပြုခဲ့ခြင်းကြောင့် တိုင်းအစိုးရမှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ သဘောထားတောင်းခံ၍ ယင်းသဘောတူချက်နှင့် ပြည်ထဲ ရေး ဝန်ကြီးဌာနမှ မြေသိမ်းအမိန့်ထွက်ရှိထားကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“မြေသိမ်းမိန့်ဆိုတာက အခု အစိုးရလက်ထက်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက မြေသိမ်းမိန့် ထုတ် ထားပြီးသားပါ။ လျှော်ကြေးငွေ ဆိုတာက ဟိုတလောက လယ်သမားတွေကို ၂၀ ရာခိုင်နှုန်း မြို့မြေအဖြစ် ပြန်ပေးမယ်လို့ ပြောတယ်။ လယ်သမားတွေ သဘောတူ/မတူဆိုတဲ့ဟာမျိုးတော့ သိပ်ပြီးတော့ ဆောင်ရွက်တာ မရှိသေးဘူး။ မြေသိမ်းမိန့် ဆိုတာ ဒီနေရာမှာ မြို့သစ်စီမံကိန်းလုပ်မယ်။ ဒါကို အဲဒီနေရာမှာ ရှိတဲ့ လယ်သမားတွေ အားလုံးလည်း သိတယ်။ စီမံကိန်း ကတော့ ကြည့်မြင်တိုင် တဖက်ကမ်းမှာပါ” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်က ရန်ကုန်မြိ့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုး ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development နှင့် ရွှေသံလွင်ကုမ္ပဏီခွဲ ဖြစ်သည့် ရွှေပုပ္ပား ကုမ္ပဏီတို့အား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒါပေမယ့် ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ဆောင်ရွက်မှုမှာ ဘာလို့လဲဆိုတော့ အာဏာစက်မရှိတဲ့ အတွက် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့်မို့ တိုင်းအစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ စီမံကိန်းကြီးက အကောင် ထည်ဖော်မှာ ဖြစ်ပါတယ်” ဟု ရှင်းလင်း ပြောကြားသည်။

ထိုကဲ့သို့ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရခြင်းမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)မှ ဖြစ်စေ၊ ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုုုပ်နှံမှုကော်မတီမှ ဖြစ်စေ မည်သည့် လုပ်ငန်းကဏ္ဍကို မဆို ရန်ကုန်တိုင်းအတွင်း၌ ခွင့်ပြုမိန့်ရရှိပြီး လုပ်ကိုင်မည်ဆိုလျှင် တိုင်းအစိုးရအဖွဲ့မှ ကူညီသွားရန် အတွက် ဖြစ်ကြောင်း သိရသည်။

မြို့သစ်စီမံကိန်း တည်ဆောက်ရာတွင် ကျူးကျော်အိမ်ရာစီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများနှင့် စက်မှုလက်မှု အစရှိသည့် ဖွံ့ဖြိုးတိုးတက်မှု များစွာ ပါဝင်သော လုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

“ဒီအခြေအနေမှာ စက်ရုံ၊ အလုပ်ရုံ ရင်းနှီးမြှုပ်နှံလိုသူများအတွက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဘက် ကနေ စီမံဆောင်ရွက်ပေးနိုင်မယ်ဆိုတာ အသိပေးပါရစေ”ဟု ဝန်ကြီးချုပ်က ပြောသည်။

ယင်းအပြင် စက်မှုဇုန်များ အဆင့်မြှင့်တင်ရာတွင် အချို့နေရာများကို ဖယ်ရှားရမည် ဖြစ်သောကြောင့် ၎င်းတို့အတွက် အခွင့်အလမ်းများ ပိုပေးခြင်း၊ မြေဧကနေရာ ပိုပေးများကိုလည်း ပြုလုပ်ပေးသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က “အရင်လွှတ်တော်မှာ ဆွေးနွေး သွားတာ မှန်တယ်။ အစိုးရပိုင်းကလည်း လွှတ်တော်တင်ဖို့ လုပ်နေတာ မှန်တယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ ဒါနဲ့ ပတ်သက်ပြီး တရားဝင် အကြောင်းကြားတာတွေ အခု လွှတ်တော်မှာ တင်တာတွေတော့ မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုကြောင့် စီမံကိန်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မသိရှိရသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ထံမှ သိရသည်။

Credit : burmna irrawady

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top