iMyanmarHouse.com - Best Property Website for Myanmar
×

 လေထခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဇီဝဖြစ် ပျက်မှုနှေးကွေးခြင်းတို့ကဲ့သို့ အစာချေဖျက်မှုဆိုင်ရာ ပြဿနာများကို သက်သာအောင် လုပ်ဆောင်ရာတွင် အသည်းကျန်းမာရေးက အဓိ ကနေရာမှ ပါဝင်သည်။

အသည်းသည် သွေးထဲ သကြားဓာတ်ပါဝင်မှုပမာဏကို ထိန်းညှိပေးပြီး အသည်းအဆိပ်အတောက်ဖြစ်ပါက ဆီးချိုရောဂါ၊ အဆစ် အမြစ်ရောင်ရောဂါ၊ သွေးတိုးရောဂါနှင့် ကိုယ်ခံအားစနစ် ချို့ယွင်းမှု ဆိုင်ရာ ရောဂါများကဲ့သို့ ခန္ဓာကိုယ်ရောင်ရမ်းစေသော ရောဂါများ ဖြစ်ပေါ်လာနိုင်သည်။ အသည်းကျန်းမာရေးမကောင်းပါက ခေါင်း ကိုက်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ဖြစ် ပေါ်နိုင်သည့် ဟော်မုန်းဟန်ချက်မညီသည့် အကျိုးဆက်များခံစား ရနိုင်သည်။

အသည်း၏လုပ်ဆောင်ချက်ကို အားကောင်းစေရန် စားပေး သင့်သော အစားအစာများကို ဖော်ပြပေးလိုက်ပါသည်။

ခန္ဓာကိုယ်က အောက်ဆီဂျင်အပြင် ရှင်သန်နိုင်ရန် အစားအစာအပါအဝင် အခြားအရာများထက် ရေကို ပိုလိုအပ်သည်။ ရေက ခန္ဓာကိုယ်မှ အဆိပ်အတောက်များနှင့် မလိုအပ်သော အရာများကို ရှင်းထုတ်ပေးပြီး ရေဓာတ်ပြည့်ဝနေချိန်တွင် စွမ်းအင်ပိုရှိသလို ခံစားရမည်ဖြစ်သည်။ ရေသောက်များလွန်းလျှင်လည်း အန္တရာယ်ဖြစ်နိုင် သဖြင့် တစ်နေ့လျှင် ရေရှစ်ခွက်မှ ၁၀ ခွက်အထိ သောက်ပေးသင့် သည်။ ဂေါ်ဖီပန်းစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် ဆလပ်ရွက်တို့ကဲ့သို့ အစားအစာများစားပေးခြင်းကြောင့်လည်း အသည်းလုပ်ဆောင် ချက်ကို အားကောင်းစေနိုင်သည်။

ကိုက်လန်ကဲ့သို့ အစိမ်းရင့်ရောင်ဟင်းရွက်များသည် အသည်းက အဆိပ်အတောက်များကို ရှင်းထုတ်ရာတွင် အထောက်အကူ ပြုပေးနိုင်သည်။

ပင်လယ်ရေမှော်ကဲ့သို့ ပင်လယ်ထွက်အပင်များစားပေးခြင်း ဖြင့်လည်း ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ရှင်းထုတ်ရာတွင် အထောက်အကူပြုပေးနိုင်သည်။

ပဲပင်ပေါက်နှင့် အစေ့အဆန်များကဲ့သို့ စားစရာများ၊ ကြက်သွန် ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့စားပေးခြင်းဖြင့်လည်း ကင်ဆာ ရောဂါကို ကာကွယ်နိုင်ကာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိ နိုင်မည်ဖြစ်သည်။

ပရိုတိန်းဓာတ်ပါဝင်မှုမြင့်မားသော ဥများစားပေးခြင်းဖြင့် အမိုင်နိုအက်စစ်၊ ကောင်းသော ကိုလက်စထရောနှင့် မရှိမဖြစ် လိုအပ် သော အာဟာရဓာတ်များရရှိနိုင်ကာ ဇီဝဖြစ်စဉ်ကို အထောက်အကူ ပြုနိုင်သည်။

မှိုများတွင် စွမ်းအားပြည့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင် သောကြောင့် ကျန်းမာရေးအတွက် စားပေးသင့်သည်။

ထို့ပြင် အသည်းလုပ်ဆောင်ချက် အားကောင်းစေရန် ဘယ်ရီ သီးအမျိုးမျိုးနှင့် ပန်းသီးတို့စားပေးခြင်းဖြင့် ခန္ဓာကိုယ်ရောင်ရမ်းစေ နိုင်သည့်ရောဂါများကို တိုက်ဖျက်နိုင်မည်ဖြစ်သည်။

ထို့ပြင် အိုမီဂါ-၃ နှင့် ဖက်တီးအက်စစ်များကြွယ်ဝစွာပါဝင် သည့် အစေ့အဆန်များစားပေးခြင်းဖြင့် ဟော်မုန်းပမာဏကို ထိန်းညှိ ရန် အထောက်အကူပြုနိုင်သည်။

အုန်းဆီ၊ သံလွင်ဆီတို့ကဲ့သို့ ကျန်းမာရေးနှင့်ညီသော ဆီများ စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိနိုင်သည်။ ထော ပတ်သီး၊ ချင်း၊ နနွင်း၊ စမုန်စပါး၊ နံနံစေ့၊ ဖာလာစေ့၊ သစ်ကြံပိုးခေါက်တို့ စားပေးခြင်းဖြင့်လည်း အသည်းလုပ်ဆောင်ချက်ကို အထောက် အကူပြုနိုင်သည်။  

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top