iMyanmarHouse.com - Best Property Website for Myanmar
×

ႏႈတ္ခမ္းေပၚမွာ၊ ႏႈတ္ခမ္းနားမွာေပါက္တဲ့ ၀က္ၿခံေတြက ျဖစ္ေလ့ျဖစ္ထရွိတဲ့ ၀က္ၿခံေတြ မဟုတ္သလို ၾကည့္ရတာလည္း ရုပ္ဆိုးပါတယ္။ တခါတရံလည္း ၀က္ၿခံေတြက အရမ္းနာတတ္ပါတယ္။ ႏႈတ္ခမ္းက ခႏၶာကိုယ္တစ္ခုလံုးမွာဆိုရင္ လႈပ္ရွားရအမ်ားဆံုးနဲ႔ အထိအခိုက္အလြယ္ဆံုး ေနရာပါဘဲ။

ဒါေၾကာင့္ ႏႈတ္ခမ္းမွာ ၀က္ၿခံေပါက္ၿပီး နာေနရင္ စကားေျပာရတာေရာ၊ အစားအေသာက္စားတဲ့ေနရာမွာပါ အခက္အခဲေတြ႔မွာ ျဖစ္ပါတယ္။

အရည္အေသြးမေကာင္းတဲ့ ႏႈတ္ခမ္းနီနဲ႔ မိတ္ကပ္ေၾကာင့္

အရည္အေသြးမေကာင္းတဲ့ ႏႈတ္ခမ္းနီ နဲ႔ မိတ္ကပ္မ်ားမွာပါ၀င္တဲ့ ပါ၀င္ပစၥည္းေတြက အေရျပားေပၚမွာရွိတဲ့ ေခၽြးေပါက္ေတြကို ပိတ္ေစတာေၾကာင့္ ၀က္ၿခံေတြ ျဖစ္ေစပါတယ္။ အဲ့ဒီအျပင္ အႏၱရာယ္ရွိတဲ့ ဓာတုပစၥည္းေတြေၾကာင့္လည္း ၀က္ၿခံေတြျဖစ္ေစပါတယ္။

ေဟာ္မႈန္း မညီမွ်

ေဟာ္မႈန္း မညီမွ်မႈကလည္း ၀က္ၿခံေတြ ျဖစ္ေပၚေစပါတယ္။ အထူးသျဖင့္ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီးေတြနဲ႔  ဆယ္ေက်ာ္သက္ေတြမွာ ျဖစ္ေလ့ရွိပါတယ္။

အသားအေရ

သာမန္အားျဖင့္ အဆီမ်ားတဲ့ အသားအေရရွိတဲ့သူေတြက ႏႈတ္ခမ္းေပၚမွာ ၀က္ၿခံေပါက္ေလ့ရွိပါတယ္။

သက္တမ္းကုန္ေနတဲ့ ႏႈတ္ခမ္း နီ

သက္တမ္း ကုန္ေနတဲ့ ႏႈတ္ခမ္းနီေတြက ႏႈတ္ခမ္းေပၚမွာ ဘက္တီးရီးယား ပိုးမႊားေတြျဖစ္ေပၚေစၿပီး ၀က္ၿခံေတြ ျဖစ္ေစပါတယ္။

စိတ္ဖိစီးမႈမ်ားျခင္း

စိတ္ဖိစီးမႈမ်ားျခင္းက ႏႈတ္ခမ္းေပၚမွာ ၀က္ၿခံေပါက္တာေတြ အပါအ၀င္ ၀က္ၿခံေတြ ျဖစ္ေပၚေစပါတယ္။

တစ္ကိုယ္ရည္ သန္႔ရွင္းေရး

အဆီမ်ားတဲ့ အစားအစာေတြကို စားၿပီးေနာက္ ပါးစပ္နဲ႔ ႏႈတ္ခမ္းကို ေသခ်ာ မေဆးေၾကာလွ်င္ ဆီေတြက ေခၽြးေပါက္ေတြထဲ၀င္ၿပီး ၀က္ၿခံျဖစ္ေစပါတယ္။

လိင္ဆက္ဆံရာမွ ကူးတဲ့ ေရာဂါမ်ား

လိင္ဆက္ဆံရာမွ ကူးတဲ့ ေရာဂါတခ်ိဳ႕က ႏႈတ္ခမ္း တစ္၀ွက္မွာ ေရယုန္ေတြ ေပါက္ေလ့ရွိၿပီး အဲ့ဒီ အဖုအပိတ္ေတြကလည္း နာက်င္ေလ့ရွိပါတယ္။
Credit:mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
နှုတ်ခမ်းပေါ်မှာ၊ နှုတ်ခမ်းနားမှာပေါက်တဲ့ ဝက်ခြံတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံတွေ မဟုတ်သလို ကြည့်ရတာလည်း ရုပ်ဆိုးပါတယ်။ တခါတရံလည်း ဝက်ခြံတွေက အရမ်းနာတတ်ပါတယ်။ နှုတ်ခမ်းက ခန္ဓာကိုယ်တစ်ခုလုံးမှာဆိုရင် လှုပ်ရှားရအများဆုံးနဲ့ အထိအခိုက်အလွယ်ဆုံး နေရာပါဘဲ။

ဒါကြောင့် နှုတ်ခမ်းမှာ ဝက်ခြံပေါက်ပြီး နာနေရင် စကားပြောရတာရော၊ အစားအသောက်စားတဲ့နေရာမှာပါ အခက်အခဲတွေ့မှာ ဖြစ်ပါတယ်။

အရည်အသွေးမကောင်းတဲ့ နှုတ်ခမ်းနီနဲ့ မိတ်ကပ်ကြောင့်

အရည်အသွေးမကောင်းတဲ့ နှုတ်ခမ်းနီ နဲ့ မိတ်ကပ်များမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက အရေပြားပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေတာကြောင့် ဝက်ခြံတွေ ဖြစ်စေပါတယ်။ အဲ့ဒီအပြင် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကြောင့်လည်း ဝက်ခြံတွေဖြစ်စေပါတယ်။

ဟော်မှုန်း မညီမျှ

ဟော်မှုန်း မညီမျှမှုကလည်း ဝက်ခြံတွေ ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့  ဆယ်ကျော်သက်တွေမှာ ဖြစ်လေ့ရှိပါတယ်။

အသားအရေ

သာမန်အားဖြင့် အဆီများတဲ့ အသားအရေရှိတဲ့သူတွေက နှုတ်ခမ်းပေါ်မှာ ဝက်ခြံပေါက်လေ့ရှိပါတယ်။

သက်တမ်းကုန်နေတဲ့ နှုတ်ခမ်း နီ

သက်တမ်း ကုန်နေတဲ့ နှုတ်ခမ်းနီတွေက နှုတ်ခမ်းပေါ်မှာ ဘက်တီးရီးယား ပိုးမွှားတွေဖြစ်ပေါ်စေပြီး ဝက်ခြံတွေ ဖြစ်စေပါတယ်။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများခြင်းက နှုတ်ခမ်းပေါ်မှာ ဝက်ခြံပေါက်တာတွေ အပါအဝင် ဝက်ခြံတွေ ဖြစ်ပေါ်စေပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းရေး

အဆီများတဲ့ အစားအစာတွေကို စားပြီးနောက် ပါးစပ်နဲ့ နှုတ်ခမ်းကို သေချာ မဆေးကြောလျှင် ဆီတွေက ချွေးပေါက်တွေထဲဝင်ပြီး ဝက်ခြံဖြစ်စေပါတယ်။

လိင်ဆက်ဆံရာမှ ကူးတဲ့ ရောဂါများ

လိင်ဆက်ဆံရာမှ ကူးတဲ့ ရောဂါတချို့က နှုတ်ခမ်း တစ်ဝှက်မှာ ရေယုန်တွေ ပေါက်လေ့ရှိပြီး အဲ့ဒီ အဖုအပိတ်တွေကလည်း နာကျင်လေ့ရှိပါတယ်။

Credit:mystylemyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top