iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါေနာ္။ မိန္းကေလးတို႔ဘုန္း ဆံထံုးဆိုသလို ဆံေကသာရဲ႕ အလွဟာ ကၽြန္မတို႔ မိန္းကေလးေတြ တန္ဖိုးထား ျမတ္ႏိုးရတဲ့ အလွတရားတစ္ခုျဖစ္ပါတယ္။

ႏူးညံ့ေခ်ာ့ေမြ႕ၿပီး ေပ်ာ့ေပ်ာင္းတဲ့ ဆံေကသာကို မိန္းကေလးတိုင္းပိုင္ဆိုင္ခ်င္ၾကတာ သဘာဝပါပဲ။

သဘာဝ ေပါင္းတင္နည္းေတြအမ်ားႀကီးရွိတဲ့အထဲကမွ ဒီတခါမွာေတာ့ စာဖတ္သူတို႔ရဲ႕ ဆံေကသာကို အျမန္ဆံုး အရွည္ျမန္ေစမယ့္ နည္းလမ္းေလးကို မွ်ေဝေပးသြားမွာပါေနာ္။

ပါဝင္ပစၥည္း

ဗီတာမင္ E ၁ ေတာင့္

ရွားေစာင္းလက္ပပ္ စားပြဲတင္ဇြန္း ၁ ဇြန္း

သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း

ဗာဒံဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္း ( မရွိရင္မထည့္လည္းရပါတယ္ေနာ္။)

အုန္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း

ၾကက္ဆူဆီစားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

ပါဝင္ပစၥည္းေတြအားလံုးကို ေရာလိုက္ပါ။ ၿပီးရင္ ေသခ်ာေလးေမြေပးလိုက္ၿပီး သင့္ရဲ႕ ဦးေရျပားနဲ႔ ဆံေကသာေပၚ လိမ္းေပးကာ ေသခ်ာေလး ႏွိပ္နယ္ေပးလိုက္ပါ။

အဲဒီေနာက္ ဆံပင္ကို Shower Cap နဲ႔ အုပ္ေပးထားလိုက္ပါ။ အိပ္ယာမဝင္ခင္ လုပ္ေပးၿပီး တစ္ညလံုးလည္း ထားႏိုင္ပါတယ္။

ဒါမွမဟုတ္ရင္လည္း ၁ နာရီ ၂ နာရီေလာက္ထားၿပီး ေခါင္းေလွ်ာ္ခ်ႏိုင္ပါတယ္။

ေသခ်ာေလး ေျပာင္ေအာင္ေလွ်ာ္ေပးလိုက္ပါ။ ပံုမွန္လုပ္ေပးျခင္းျဖင့္ ဆံေကသာကို သိသိသာသာ သန္စြမ္းလာတာကို သတိထားမိေစမွာျဖစ္ပါတယ္။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မင်္ဂလာပါနော်။ မိန်းကလေးတို့ဘုန်း ဆံထုံးဆိုသလို ဆံကေသာရဲ့ အလှဟာ ကျွန်မတို့ မိန်းကလေးတွေ တန်ဖိုးထား မြတ်နိုးရတဲ့ အလှတရားတစ်ခုဖြစ်ပါတယ်။

နူးညံ့ချော့မွေ့ပြီး ပျော့ပျောင်းတဲ့ ဆံကေသာကို မိန်းကလေးတိုင်းပိုင်ဆိုင်ချင်ကြတာ သဘာဝပါပဲ။

သဘာဝ ပေါင်းတင်နည်းတွေအများကြီးရှိတဲ့အထဲကမှ ဒီတခါမှာတော့ စာဖတ်သူတို့ရဲ့ ဆံကေသာကို အမြန်ဆုံး အရှည်မြန်စေမယ့် နည်းလမ်းလေးကို မျှဝေပေးသွားမှာပါနော်။

ပါဝင်ပစ္စည်း

ဗီတာမင် E ၁ တောင့်

ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်း ၁ ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ဗာဒံဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( မရှိရင်မထည့်လည်းရပါတယ်နော်။)

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်ဆူဆီစားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို ရောလိုက်ပါ။ ပြီးရင် သေချာလေးမွေပေးလိုက်ပြီး သင့်ရဲ့ ဦးရေပြားနဲ့ ဆံကေသာပေါ် လိမ်းပေးကာ သေချာလေး နှိပ်နယ်ပေးလိုက်ပါ။

အဲဒီနောက် ဆံပင်ကို Shower Cap နဲ့ အုပ်ပေးထားလိုက်ပါ။ အိပ်ယာမဝင်ခင် လုပ်ပေးပြီး တစ်ညလုံးလည်း ထားနိုင်ပါတယ်။

ဒါမှမဟုတ်ရင်လည်း ၁ နာရီ ၂ နာရီလောက်ထားပြီး ခေါင်းလျှော်ချနိုင်ပါတယ်။

သေချာလေး ပြောင်အောင်လျှော်ပေးလိုက်ပါ။ ပုံမှန်လုပ်ပေးခြင်းဖြင့် ဆံကေသာကို သိသိသာသာ သန်စွမ်းလာတာကို သတိထားမိစေမှာဖြစ်ပါတယ်။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top